Part - 37 (EndCapter)

5.2K 162 16
                                    

ဇာတ်သိမ်းမှာ အဆွေးသီချင်းလေးနားထောင်ရင်း ဇာတ်ကောင်တွေရဲ့နေထိုင်မှုဘဝတွေကို ဆက်ပြီး ခံစားဖတ်ရှူကြည့်ရအောင်နော်....
.....

ညီသက်တံ့ လေးတစ်ယောက် ကတော့ စက်ဘီးလေးကို ဒုန်းဆိုင်းစီးပြီး အိမ်ပြန်ရောက်လာပါတယ်

""သား ပြန်လာပြီလား""

""အင်း""

အင်း ဟူသော စကားတစ်လုံးကိုသာပြောပြီး အိပ်ခန်းထဲဝင်ရန် ကြိုးစားနေသော ညီသက်တံ့အား ဖခင် ဖြစ်သူက တားမြစ်လိုက်ရင်း

""သားလေး...""

""အင်း""

""အဆင်ပြေရဲ့လား?တစ်ခုခုဖြစ်လာတာလား?""

""ဘာမှမဖြစ်ပါဘူး..""

""တကယ်ဘာမှမဖြစ်တာလား?တစ်ခုခုပြောစရာရှိရင် ဖေဖေ့ကို ပြောလို့ရပါတယ်ကွာ...""

""ဘာမှမဖြစ်ပါဘူးဆိုဗျာ..""

""အေးပါကွာ...သားတစ်ခုခုဖြစ်နေတယ်ထင်လို့မေးကြည့်တာပါ...ဘာမှမဟုတ်ရင်လည်းပြီးတာပါပဲ""

""သားကမေးရင် ဖေဖေအမှန်တိုင်းဖြေမှာလား?""

""ဖြေရမှာပေါ့ သားရာ..မေးလေ""

""အဖေက gayဆို? လက်ထပ်ပြီးသားဆို ?""

သားဖြစ်သူ၏ မေးခွန်းတွင် မိနစ်ဝက်ခန့်လောက် ငြိမ်သက်သွားရင်း...

""သား..ဘယ်လို""

""သားမေးတာကို အရင်ဖြေပါအဖေ...သားမေးတာဟုတ်လား?ဟုတ်လားလို့?""

စိတ်မရှည်သံဖြင့်မေးနေသော သားဖြစ်သူ၏ မေးခွန်းတွင် နွေဦးသက်တံ့ မနေသာတော့ပြီ...

""အေး..ဟုတ်တယ်ကွာ...အဖေက အဲ့လိုမျိုးလူပဲ..အဲဒါက မင်းကိုဘာတွေထိခိုက်စေလို့လဲ""

""အဖေ ဘာဆိုတာကိုတောင် သား၁၂နှစ်လုံးလုံးမသိခဲ့ရပဲနဲ့ သူများပြောမှသိရတဲ့ဘဝကို အဖေစဉ်းစားကြည့်လေ...အရင်ကအမှတ်တရတစ်ခုတောင် သားကိုပြောပြဖူးလို့လား?""

""အဖေက သားလက်မခံနိုင်သေးမှာ စိုးလို့ပါကွာ""

""အခုလည်း ကျောင်းမှာ ကျနော်အနိုင်ကျင့်ခံရတာပဲလေ...အဆိုးဆုံးက အဲ့ကောင်တွေက မှန်နေတော့ ကျနော်ဘာမှမလုပ်နိုင်ခဲ့ဘူး...အရမ်းရှက်ဖို့ကောင်းတယ်""

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Where stories live. Discover now