Part - 30

2.5K 140 12
                                    

(Song Recommand- LeeSunHee's WindFlower! It's a korean song but you can feel the melody to perfect the taste of fic)

လမင်းကြီးကတော့ကျနော်တို့ကို တည်တည်ငြိမ်ငြိမ်ကြီး ကြည့်နေလေရဲ့...
ငွေရောင်အလင်းဖြာနေတဲ့ စိမ်းလျလျမျက်ခင်းပြင်အပေါ်...
လမင်းကြီးကို မရှက်တမ်း ကျနော်တို့ နှစ်ဦးသား နှလုံးသားကို လှစ်ဟပြီး ချစ်ပြခဲ့ကြတယ်...

မကြာခင်အချိန်လေးအတွင်း ကြယ်တွေကို နှုတ်ဆက်ရင်း အိမ်အပြန်လမ်းကို လှမ်းမိတဲ့ကျနော့် ခြေလှမ်းတွေမှာ ရုတ်တရက် အားနည်းမှုတစ်စုံတစ်ရာကို ကျနော်ခံစားရလာတယ်...
ဗိုက်ထဲကနေလာတဲ့ စူးရှရှ ခံစားမှုက ခေါင်းကို အနည်းငယ်မျှကိုက်လာစေတယ်...
ကျနော် တစ်ကိုယ်လုံးလည်း ချွေးစေးများနှင့် ရွဲ၍...

''''ညီ...ဘာဖြစ်တာလဲ?''''

ရုတ်တရက်မေ့လဲကျလာသော ညီ့ကို ကျနော့်လက်မှပွေ့ပိုက်ဖမ်းယူရင်း..ညီကတော့ မျက်လုံးမပွင့်

''''ညီ...သတိထားပါဦး...ဘာဖြစ်တာလဲ?ညီ...''''

မဖြစ်ချေ...ကျနော်ညီ့ကို ဆေးခန်းပို့ရမည်...

ကျနော် ညီ့ကို ချီ၍ တောင်ကုန်းပေါ်ကပြေးဆင်းကာ အိမ်သို့အရင်ပြေးရသည်...

''''အမေ...အမေဗျ...'''''

''''အေး..သား..သက်တံ့...ဘာဖြစ်လာတာလဲ...ချွေးတွေလဲရွှဲလို့...အမလေး...လရောင်ကရော..ဘာဖြစ်နေတာလဲသား?''''

''''သူသတိမေ့သွားတာ အမေ..အဲဒါ ဆေးရုံသွားပြမလို့...ကျနော်က ဖုန်းပါမလာတော့ အမေ့ကို ဆက်လို့မရဘူး...အဲဒါအမေ စိတ်ပူနေမှာဆိုးလို့ ဒီကို အရင်လာပြောတာဗျ..''''

''''အေးအေး...မြန်မြန်သွားကြဦး...သွားသွား..ဆေးရုံကဝေးတယ်သား...ဒီနားမှာ ဆေးခန်းရှိတယ်အရင်သွားကြည့်''''

''''ဟုတ်အမေ...ကျနော်ပြေးပြီနော်..''''

''''အေးသား...ဂရုစိုက်ဦးကွယ်..''''

သက်တံ့ တစ်ယောက် လရောင်ကို ချီကာ ကားထဲသို့ပြေးထည့်ပြီး.....ဆေးခန်းသို့ တစ်ချိုးတည်းမောင်းထွက်သွားပေတော့သည်....

မိခင်ကြီးမှာတော့ ရင်တမမဖြင့် ကျန်ရစ်ခဲ့ပေပြီ..
........

''''ဒေါက်တာ..ဒေါက်တာ...ကျနော့်ညီကို တစ်ချက်လောက်ကြည့်ပေးပါဦးဗျာ''''

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Where stories live. Discover now