Part - 11

3.6K 206 4
                                    

''''K...ဟိုနားက တံခါးအပြာရောင်နဲ့ အခန်းကြီးထဲမှာ အခန်းထဲမှာ ခဏစောင့်နေ...ကိုယ် ခဏလိုတာ သွားယူပြီး ပြန်လာမယ်...နော်''''
''''အင်း....''''

ဩော်..ဟိုးနာက အပြာရောင်တံခါးကြီးရှိတဲ့အခန်း ဆိုပဲ..အဲဒီထဲမှာ ၂ယောက်တည်း သင်ရမှာပေါ့လေ...အင်း...မဆိုးပါဘူး...

တံခါးကို ဖွင့်လိုက်သည်....
K တစ်ယောက် ၅မိနစ်လောက် ကြက်သေသေသွားသည်...အသံတောင်မထွက်နိုင်တော့..
အကြောင်းမှာ
ထိုအခန်းထဲတွင် မြောက်မြားလှစွာသော စာရေးစားပွဲခုံများ
ရှိနေသောကြောင့်ဖြစ်သည်...
ထို့အပြင် စားပွဲကိုယ်စီတွင် များစွာသောလူများကလည်းထိုင်နေကြသေးသည် ....
ဒါဘာလဲ စာသင်ရမှာလား?
စာမချင်ပါဘူးဆိုမှဗျာ..အရှင်ဘုရားရယ် ရက်စက်လိုက်တာ...😭ကျနော်က ကိုသက်တံ့ နဲ့၂ယောက်တည်းသင်ရမယ်ထင်ထားတာ...အခုတော့..

''''ဟေ့...K အထဲ ဝင်စောင့်နေပါဆို..မဝင်ပဲ ဘာလုပ်နေတာလဲ?ကိုယ်တောင် ယူစရာတွေယူပြီးပြန်လာပြီ...သွားဝင်ပြီး အလယ်တန်း ရှေ့ဆုံးခုံ မှာသွားထိုင်လိုက်နော်....''''

''''ကျနော် နောက်ဆုံးမှာ ထိုင်လို့မရဘူးလား?''''

''''K  က VIP လေ...ဒါကြောင့် ကိုယ့်မျက်စိရှေ့မှာပဲရှိရမယ်...သွား..ဝင်ပြီးသွားထိုင်''''

K တစ်ယောက် သက်တံ့ပြသော နေရာကို သွားထိုင်နေသည်..
K နှုတ်ခမ်းက စူနေတာပဲ..ကျနော်ပြောတဲ့အတိုင်းလုပ်ရလို့ စိတ်ကောက်နေတာသေချာတယ်..ဟားဟား

သက်တံ့လည်း အခန်းထဲဝင်လာကာ...မိန့်ခွန်းတစ်ခုပြောလိုက်သည်..

''''ဒီမှာထိုင်နေတဲ့ သင်တန်းသားတွေ အကုန် မင်္ဂလာပါဗျာ...ကျနော် ဒီက General Managerပါဗျ...ဒီက လူကြီးမင်းတွေကို HTL Operation ASN L-1 သင်ပေးမယ့်သူပါဗျာ.......
ကျနော် မသင်ခင် ဒီhotel အကြောင်းကို နည်းနည်းပြောပြချင်တယ်ဗျ...
ဒီSpring Hotel ကို 2015ကတည်းက ကျနော့်ဖေဖေကိုယ်တိုင် တည်ထောင်ခဲ့တာပေါ့နော်...star classification က 5-stars ပါ...ပြီးတော့ ဒီhotelရဲ့ hotel chain 2ခု ပြည်ပမှာ ထပ်ရှိပါသေးတယ်ဗျ...koreaမှာတစ်ခု..Vietnam မှာတစ်ခုပေါ့ဗျ...
အခုလည်း japan မှာ resort projectတစ်ခု လုပ်နေပါတယ်...ဒါက ကျနော်တို့ hotel အကြောင်း promotion ဆင်းတာပါ...ပြီးတော့ ကျနော့်ရှေ့မှာ ထိုင်နေတဲ့ ချာတိတ်လေးက korea hotel chainက GMရဲ့ သားပါပဲဗျ...သူက ဗမာ စကားကောင်းကောင်းပြောတတ်ပါတယ်..
ကဲ ချာတိတ်လေး နာမည်လေး တစ်ချက် ရှေ့ထွက်ပြီး မိတ်ဆက်ပေးလိုက်ပါ''''

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Where stories live. Discover now