''''ကိုသက်တံ့..''''
''''ဗျာ..''''
''''အပြင်သွားရအောင် ''''
''''ညီက ဘယ်သွားချင်လို့လဲ?''''
''''အက်ႌဆိုင္ပါ''''
''''ညီက အက်ႌဝယ္မလို႔လား''''
''''ကျနော့်အတွက်မဟုတ်ပါဘူး....ခင်ဗျားအတွက်''''
''''ကိုယ့်အတွက် ဘာမှမလိုပါဘူး ညီရဲ့''''
''''ခင်ဗျားက အိမ်ကဆင်းလာတာလေ...
အဝတ်တွေလည်းပါမှပါမလာတာ..အာ့ကြောင့်''''''''ဩော်..ကိုယ့်ဘာသာဝယ်လိုက်ပါ့မယ်ညီရဲ့''''
''''ကျနော့်ကြောင့်ဆိုတော့ ကျနော်ဝယ်ပေးချင်လို့ပါ''''
''''ညီကလည်း ပိုက်ဆံအကုန်မခံနဲ့လေ...''''
''''ဒါဆိုလည်း ခင်ဗျားပဲဝယ်မယ်ဆိုရင်ဝယ်လေ...ကျနော်အဖော်လိုက်ခဲ့မယ်...''''
''''အင်းအင်းညီ''''
''''ကျနော်တို့ အခုပဲသွားမလား?''''
''''ညီသွားချင်ရင် သွားမယ်လေ''''
''''အာ့ဆို အခုချက်ချင်းသွားရအောင်''''
''''ညီ ဘာမှမစားတော့ဘူးလား?
ပြန်ရောက်ကတည်းကဘာမှမစားရသေးတာကို''''''''အိမ်မှာလည်း ဘာမှမှမရှိတာ အကိုရာ..လမ်းမှာ ဝယ်စားရမှာပဲ''''
''''အေးပါကွာ..''''
''''ဒါနဲ့...ခင်ဗျားကားကို လေဆိပ်မှာထားခဲ့တာလား?ကျနော်တို့ ခြေလျင်လျှောက်ပြီးသာပြန်လာတာ သတိကိုမရဘူး..''''
''''ဩော်...ကိုယ့်ကားကို ဆူးနဲ့ ငကျော်တို့ပြန်ဖို့ ပေးလိုက်တာ...''''
''''ဩော်...အင်းပါ..ရပါတယ်...ဆိုင်ကဒီနားလေးပဲ...လမ်းလျှောက်သွားရင်ရောက်ပါတယ်...''''
''''omm omm...သွားမယ်လေ..''''
ဒီလိုနဲ့ ကျနော့်သက်တံ့ကို မရရအောင် အင်္ကျီဆိုင်ဆွဲခေါ်လာခဲ့တယ် ...
''''ခင်ဗျား ကြိုက်တာရွေးလေ..''''
''''ရပါတယ်...ညီရဲ့ အဲ့လောက်မရွေးပါနဲ့..ကိုယ်ကဘယ်ဟာဝတ်ဝတ်ရတယ်''''
''''နည်းနည်းတော့ရွေးရမှာပေါ့ဗျ.....
အော်...ဟိုမှာ...နက်ပြာရောင်ဆွယ်တာလေး...လှတယ်...ခင်ဗျားနဲ့လည်း လိုက်မှာပဲ''''
KAMU SEDANG MEMBACA
The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)
RomansaBoy×Boy (OC) သူခံစားနေရတာတွေကို ကူညီဖြေဖျောက်ပေးနိုင်ဖို့ ကျနော်သူ့ရဲ့ ကိုယ်ပိုင် painkillerဖြစ်ချင်တယ်.. နွေဦးသက်တံ့ Both Zawgyi and Unicode Versions are available ! Unicode Versions episodes are com...