Part 28

141 5 0
                                    

မိုးမိတ်သို့သွားနေသော မှန်လုံကားလေးပေါ်တွင် တစ်ဦးတည်း အထီးကျန်ဆန်မှုများစွာတို့ကို သိမ်းကြုံးယူနေသော လရောင်.....

''''ကျနော့် မျက်နှာကို တိုက်ခက်သွားတဲ့လေညှင်းတွေကိုတောင် အားနာတယ်...ကျနော့်ဆီက အထီးကျန်မှုတွေကူးစက်ပြီး လေညှင်းတွေရပ်တန့်သွားမှာစိုးလို့....''''

နောက်တစ်နေ့မနက်တွင် မိုးမိတ်ရှိ ကျနော့်အိမ်သို့ရောက်လေပြီ...

အိမ်အောက်တွင် ထုံးစံ အတိုင်းပဲရွေးဆန်ရွေးပြုနေသော မေမေ....
''''မေမေ..''''

''''သား...လရောင်...''''

''''မေမေ...''''

''''ဟယ်တော်...သား ဖုန်းလည်းမဆက်အကြောင်းလည်းမကြားပဲ.....ရုတ်တရက်ကြီး''''

''''မေမေ..''''

မေမေ ဟူ၍သာ ကျနော့်ပါးစပ်ကထွက်နိုင်သည်...
ထိုသို့ပြောရင်းနှင့်ပင် မေမေ့ကို ကျနော်ပြေးဖက်မိသည်...

''''ဟဲ့...သားလေး...ဘယ်လိုဖြစ်တာလဲ?
ငိုနေတာလား...တရှုံ့ရှုံ့နဲ့...ဘာဖြစ်လို့လဲ သားရဲ့...မေမေ့ကိုပြောပါဦး...''''

''''ခဏလေး...ဆက်ပြီးဖက်ထားချင်တယ် မေမေ..''''

''''အေးပါ...သားရယ်...ဒါပေမယ့် မေမေ့ကို ပြောပါဦး...သားဘာလို့ငိုနေတာလဲလို့...''''

''''မေမေ......'''''

''''ပြောလေသားရဲ့..''''

''''သားမရှိတုန်းက သားကိုသတိရလားဟင်?''''

''''သတိရတာပေါ့သားရယ်...ဘယ်လိုမေးလိုက်တာလဲ?''''

''''ဒါဆို...မေမေ ဘယ်လိုအားတင်းပြီးနေခဲ့တာလဲ?''''

''''မေမေ့ဘေးမှာ သားမရှိပေမယ့်...ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ သားလေးရှိနေမယ်လို့အားတင်းပြီး နေခဲ့တာပေါ့သားလေးရယ်..''''

''''ဒါဆို...အနာဂတ်မှာ သားမရှိတော့ရင်ရော...မေမေ''''

''''အို...သားရယ် ဘာလို့ဒီလိုတွေပြောနေတာလဲ?''''

''''ဖြေကြည့်ပါ မေမေရယ်...နောက်များမှာ သားမရှိရက် မေမေဘယ်လိုဆက်အားတင်းမလဲ?''''

''''သားက ဘာကိုပြောချင်မှန်းမသိပေမယ့်...သားလေးက မေမေ့ဘေးမှာ မရှိရင်လည်း မေမေဆက်ပြီးအားတင်းနိုင်ပါသေးတယ်...သားလေးက မေမေ့နှလုံးသားထဲမှာ အမြဲရှိနေလို့ မေမေအထီးကျန်မယ်မထင်ပါဘူး သားရယ်.....
ဒါပေမယ့်သားရယ်...မေမေ့ကို ဘာလို့ဒီလိုမေးတာလဲ?''''

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Where stories live. Discover now