Part - 35

1.7K 102 9
                                    

''''ဘဝမှာ တစ်ကြိမ်တစ်ခါတော့ ချစ်တဲ့သူနဲ့ အကြာကြီးနေဖူးချင်မိသား.....
အခုတော့ အဲဒီအစား ရောက်လာမယ့်အရာတွေကို ထိုင်စောင့်နေရတယ်...
ဒါပေမယ့်လည်း ချစ်တဲ့သူနဲ့နေခဲ့တာ အချိန်တစ်ခုအထိတော့ ကြာနေပါပြီ...
ဒီလောက်နဲ့ပဲကျေနပ်ပါတယ်ပေါ့ ..''''

ဘာရယ်မဟုတ်..လရောင်တစ်ယောက် ပေါက်တက်ကရတွေးတောနေသည်...

မိုးလင်းလို့ မျက်စိဖွင့်တိုင်း အရင်မြင်ရတဲ့ အဖြူရောင် မျက်နှာကြတ်ကြီးကိုပဲကြည့်ရင်း တစ်ယောက်တည်း စကားတွေပြောနေမိသည်...

ခါတိုင်း နိုးလာရင် ညီဆိုပြီး ဗြုန်းကနဲ ရောက်လာတတ်တဲ့ ကိုသက်တံ့ဘယ်ရောက်နေသည်မသိ....ဘေးတွင်မရှိချေ..
အမှန်တော့ အရင်အပတ်တွေက လရောင်လေး medical check ၂ကြိမ်လုပ်ပြီးပြီ...
ဒီနေ့ကား ပထမအကြိမ် ခွဲစိတ်ကုသမှု ခံယူရန်နေ့ဖြစ်ပေသည်...

ညီတစ်ယောက် ပြတင်းပေါက်နားကို သွားပြီး ကောင်းကင်ကိုတစ်ချက်ကြည့်လိုက်သည်...
နေကလည်းကျစ်ကျစ်တောက်ပူလွန်းလှသည်.......
လေကလည်း သိပ်မတိုက်...ပူအိုက်သော ရာသီဥတုဖြစ်သည်....

''''နေကလည်း ပူလိုက်တာ..''''

''''ညီ..''''

ဟော..ဒီအသံက ကိုသက်တံ့ရောက်လာပြီဆိုတဲ့ သက်သေပဲ...

''''ဗျာ..''''

''''အဲဒီမှာ ဘာရပ်လုပ်နေတာလဲ ညီလေး..''''

''''ကျနော် ရာသီဥတုကို ကြည့်နေတာ..''''

''''အင်း...အရမ်းပူတယ်နော် ဟုတ်တယ်မလား?''''

''''ဟုတ်တယ်..ဒါနဲ့ ဘယ်သွားခဲ့တာလဲ ?လက်ထဲကရောဘာတွေလည်း...''''

''''တမာပင်က အခက်လေးတွေချိုးလာတာပါ..''''

''''အမ်...ဘာလုပ်ဖို့လဲဗျ..''''

''''ဟီး..မသိဘူး..ဒီလိုပဲ တမာခက်ထားပေးရင် ကောင်းတယ်ဆိုလို့ ကိုယ်ကခူးလာတာ..''''

''''တမာခက်ဆိုတာ ပညာရေးအတွက်ကောင်းတာမို့လား?''''

''''ဟုတ်လား?ဒါဆိုလည်း ဆရာဝန်တွေရဲ့ ပညာရေးကိုပိုကောင်းစေတာပေါ့...အဲဒါမှ ညီလေးဒီနေ့ခွဲစိတ်ရင် ဘာမှမဖြစ်မှာ...''''

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Dove le storie prendono vita. Scoprilo ora