Part 4

416 13 0
                                    

''''အချစ်ရာခိုင်နှုန်းတို့တွင် ရရှိမှုအကျိုးမြတ်ရာခိုင်နှုန်းထက် ပေးဆပ်ရမှုရာခိုင်နှုန်းကပိုမို များပြားသည်...''''

ညီလရောင် တစ်ယောက်ကတော့ ထုံးစံအတိုင်း..သက်ဝေဟိန်း ထံသို့
Messageမပို့ရရင် မနေနိုင်သော..

''''Hi bro!''''
''''Hi nyi !''''

''''Bro ဘာလုပ်နေလဲဗျ...?''''

အယ်လယ် ကလေးက မေးပြီ...

''''ဘာမှလုပ်ဝူးညေး ဒီတိုင်းပဲ လိုင်းသုံးနေတာ''''

''''အကို...ကျနော် အကိုနဲ့တွေ့ခွင့်ရတာပျော်လိုက်တာ..အကို့ကို ကျနော့်ရဲ့ တကယ့်အကို တစ်ယောက်လိုပဲ ခံစားရတယ်..''''

''''အကိုရောပဲ ညီလေးလို ခံစားရတယ်...ညီလေး crushတွေဘာတွေရှိပြီလား..?''''

ဟော...သူမေးလာပြီ..မဖြစ်သေးဘူး မရှိဘူးလို့ပြောမှ

''''အမ်...မရှိဘူးဗျအကို....အကိုကရော ရှိလား''''

'''' အမ်း....ရှိတယ်ညီ...'''''

ဘာလဲ ဘယ်သူလဲ...ဘယ်ကဟာလဲ....ဘယ်လိုပုံစံလဲ...ဘယ်ကလဲ...ဘယ်လိုလူလဲ????????လဲပေါင်းများစွာဖြင့် ခေါင်းထဲတွင် ရုတ်တရက် ရထားတစ်စီး ခုတ်မောင်းသွားသကဲ့သို့..

''''ေဩာ်...ဟုတ်...အကို ကျနော့်ကို ညီအရင်းလိုသဘောထားပေးနိုင်မလား?ကျနော်က ငယ်ငယ်ထဲက အကိုတစ်ယောက်လိုချင်ခဲ့တာ''''

''''ရတာပေါ့...ညေးရယ်''''

''''ဟို..ဒါနဲ့....crushက ဘယ်သူလဲ အကို..?''''

မေးပြီးသည်မှ မကြာသေး 1min ago လေးတွေ့မိသည်...
သူလိုင်းပေါ်က ဆင်းသွားပြီ ...မပြောပြချင်ဘူးနဲ့တူပါတယ်
........................
ကိစ္စက ကြီးမားသည်ဟု ပြောမရသော်လည်း ခေါင်းထဲတွင် နေရာယူခဲ့လေပြီ....

ကျနော် ထိုကိစ္စကို အတွေးထဲ မထည့်ချင်တော့သည်နှင့် ဖတ်လက်စ author hsuchiko ရဲ့ Ex-pect fictionလေးကို ဖတ်နေလိုက်သည်....

''အင်း...ဒီ fic တွေထဲက လို အပြင်မှာရှိရင် အရမ်းကောင်းမှာပဲ....''😔😔
.
.
.
''''သက်တံ့....မင်း အိမ်တွင်းရေးတွေ အလုပ်တွေ အဆင်ပြေရဲ့လား..''''

''''ပြေပါတယ် ငကျော်ရာ...ငါ့အတွက် စိတ်မပူပါနဲ့..''''
သူကတော့ တတ်နိုင်သမျှ အားတင်း၍ အမြဲပြုံးနေသည်..

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Where stories live. Discover now