Part 25

144 5 0
                                    

အချစ်ရှိတဲ့နေရာမှာ ဘဝရှိတယ်တဲ့...
ဘဝရှိရင်လည်း အချစ်ရှိလာနိုင်တာပဲ..
ဒါပေမယ့် အချစ်ကိုထွေးပိုက်နေရင်း ဘဝက ပျောက်ဆုံးသွားမယ်ဆိုရင်ရော?
.
.
.
.
''''ကိုသက်တံ့...ဘာမှ မမြင်ရပေမယ့်..ခုလို အပြင်ထွက်လိုက်တော့ နေလို့ကောင်းတယ်မလား?''''

''''ကောင်းတယ်ညီ...တကယ် လန်းဆန်းသွားတယ်...အပြင်ဘက်က အရာတွေကို စိတ်ကူးရင်း ကိုယ်မျက်လုံးတွေ ပြန်မမြင်ရသေးဘူးဆိုတာကို မေ့နေတယ်..''''

''''အခုက လကုန်တော့မှာဗျ...မျက်လုံးပြန်မြင်ဖို့ ၅လ ပဲစောင့်ရတော့မှာပါ''''

''''ဝမ်းသာလိုက်တာကွာ...ညီ့ကို ပြန်တွေ့ရတော့မယ်''''

''''ကိုသက်တံ့...ဗိုက်ဆာတယ်မလား?''''

''''အင်း...''''

''''တစ်ခုခု စားရအောင်လေ...ဒီနားမှာ စားသောက်ဆိုင်တွေအများကြီးပဲ''''

''''သွားမယ်လေ...''''
.
.
.
''''ဆိုင်ထဲရောက်ပြီ...ဘာစားမလဲဗျ...ခေါက်ဆွဲဆိုင်ဆိုတော့ ခေါက်ဆွဲအဓိက ရမယ်''''

''''ဘာခေါက်ဆွဲတွေရလဲညီ''''

''''အမ်...ကြက်ပေါင်းခေါက်ဆွဲတို့ နံရိုးပေါင်းခေါက်ဆွဲတို့ ကတော့ အရောင်းရဆုံးလို့ကြားတယ်ဗျ..''''

''''ညီစားချင်တာမှာလေ...ညီစားတာစားမယ်''''

''''ကြက်ပေါင်းခေါက်ဆွဲ ၂ပွဲ မှာလိုက်မယ်နော်ဗျ..''''

''''အင်းအင်း...''''

''''Waiter ! ဒီကို ကြက်ပေါင်းခေါက်ဆွဲ ၂ပွဲပေးပါဗျ''''

''''ညီ...''''

''''ဗျာ''''

''''ညီ မှတ်မိသေးလား?ကျောင်းမှာ ကိုယ်တို့နဲ့ ကန်တင်း ထိုင်ခဲ့တုန်းကအချိန်တွေကိုလေ''''

''''မှတ်မိတာပေါ့ဗျာ''''

''''အဲ့တုန်းက ညီက အဝုန်းသန်တယ်နော်...waiterတွေကိုအမြဲဝုန်းတဲ့ကလေးလေး''''

''''အာ့တုန်းကတော့ သူတို့က မှားတာကိုးဗျ...ကျနော် ၁၅၀၀ပိုပေမယ့် အဲ့ဒီလူ မရှိလို့ ကျနော် ဘာမှ မစားလိုက်ရဘူးလေ...ပြီးမှ..''''

''''ပြီးမှ...ခင်ဗျားဝယ်ကျွေးတာ စားခဲ့တာလေ''''

''''ညီက မှတ်မိသားပဲ...''''

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Where stories live. Discover now