Part - 22

2.3K 141 7
                                    

''''ကိုသက်တံ့...ချမ်းတယ်မလားဟင်''''

''''ချမ်းတာပေါ့ ညီရဲ့...''''

''''ကျနော် တံခါးပိတ်လိုက်မယ်နော်''''

''''အင်း...ညီ''''

''''ဒါနဲ့ ခင်ဗျား အလုပ်ကို ဘယ်လိုလုပ်မလဲ?''''

''''ရပါတယ်...ကိုယ်ရအောင် လုပ်မယ်..''''

''''ဖြစ်မှ မဖြစ်နိုင်တာဗျာ..''''

''''ရပါတယ်...''''

''''ရပါတယ်လုပ်မနေနဲ့...ခင်ဗျား အလုပ်က လွယ်တာမှမဟုတ်ပဲ...ခင်ဗျား အလုပ်ထွက်လိုက်တော့...ကျနော်ပဲ ဆက်လုပ်မယ် ...''''

''''ညီ...ကိုယ်တောင်းပန်ပါတယ်..''''

''''ဘာအတွက်လဲ?''''

''''ကိုယ့် မျက်လုံးတွေမမြင်ရတော့...ညီ့ကို အခက်အခဲတွေပဲ ဖြစ်စေမိတယ်...''''

''''ခင်ဗျား လည်းဖြစ်ချင်လို့ဖြစ်တာမှ မဟုတ်တာ...ဒါနဲ့ ခင်ဗျားကို ဘယ်သူလုပ်သွားတာလဲ?''''

''''ကိုယ်မမြင်လိုက်ဘူးညီ...သူက black suitဝတ်ထားတာ....သူနဲ့ ကိုယ်ရုန်းရင်းဆန်ခတ်ဖြစ်ရင်းနဲ့ ကိုယ့်မျက်နှာကို သူကဖန်ခွက်နဲ့ပစ်ပေါက်ခဲ့တာ...အဲဒါနဲ့ မတော်တဆ မျက်လုံးထိသွားခဲ့တာ''''

''''ခင်ဗျား စိတ်ချပါ...ကျနော် ခင်ဗျားကို စောင့်ရှောက်ပါ့မယ်''''

''''ကိုယ်အဆင်ပြေပါတယ်..''''

''''မလိမ်ပါနဲ့ပါ...ခင်ဗျား အဆင်မပြေပါဘူး''''

''''ညီ...ကိုယ့်ကို ကတိတစ်ခုပေးပါ''''

''''ဘာကိုလဲ?''''

''''ကိုယ်က အရင်ကလို အမြဲညီ့ကို ဂရုစိုက်နိုင်မှာ မဟုတ်တော့ဘူး...အဲ့ဒါကြောင့် ညီ..ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ့မယ်လို့ ကတိပေးပါ''''

''''ကျနော် ကတိပေးပါတယ်''''

''''အင်း...ညီ အိပ်တော့လေ...''''

''''ခင်ဗျားလည်း အိပ်တော့မှာမလား?ကျနော် ကုတင်ပေါ်ကို တွဲပေးမယ်....လာခဲ့.....ဖြည်းဖြည်းဗျ...ခြေထောက်ကိုတင်လိုက်...ဒါဆို ရပြီ''''

''''ကျေးဇူးညီ''''

''''ခင်ဗျား မျက်လုံးကို ကျနော်အမြန်ဆုံး ပြန်ခွဲစိတ်ပေးပါ့မယ်...အမြန်ဆုံး ပြန်ကောင်းစေရမယ်...ကျနော်ကတိပေးတယ်''''

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Where stories live. Discover now