Part 6

307 12 0
                                    

''''အချစ်စစ်ဟူသည် တခြားမဟုတ်
   အရောင်ဆင်းကင်းမဲ့သော သန့်စင်သည့်
   မေတ္တာတရားဖြစ်ပေသည်....''''

''''ဖွားဖွား.....ဒါက လရောင်လေ သားတို့အတန်းထဲက သူငယ်ချင်းပါ..''''
''''ေဩာ်....သားလေး....လရောင်က ချစ်စရာလေးပဲ...သားဒီမှာ သားအိမ်လို နေနော်...ဖွားဖွားတို့ပဲ ရှိတာ...သက်တံ့ လေးရဲ့ ဖေဖေက အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတယ်လေ..''''

''''ဟုတ်...ဖွားဖွား....သားဒီမှာ နေပြီး ဒီက အလုပ်တွေလည်း သားလုပ်ပေးပါ့မယ် ဖွားဖွား..''''
''''မလိုပါဘူး....သားလေးရယ်''''

''''အာာ...သား မေမေက ဘယ်တော့မှ အလကားမယူနဲ့လို့ သင်ပေးထားလို့ပါ ဖွားဖွားရဲ့ ...လုပ်ပေးပါရစေနော်..''''
''''အေးပါ...သားလေးရယ်...သားလေးလုပ်ချင်သပဆိုလည်း လုပ်ပေါ့ကွယ်......
သား သက်တံ့ က  သားလေး လရောင်ကို နေရမယ့်အခန်းလေးလိုက်ပြပေးလိုက်ပါကွယ်...''''

''''ညီလေး...လရောင်...လာ...လိုက်ခဲ့...''''

အိမ်သည် ဆောက်ထားခါစ ဖြစ်၍ ပစ္စည်းများများစားစားမရှိသေးသော်လည်း မျက်လုံးတွင်ရှင်း၍ နေချင်စဖွယ်ကောင်းသည်....

''''ညီလာ...အပေါ်ထပ်ကို တက်ရမှာ..''''

လှေကားထစ်ပေါင်း များစွာအား ဖြတ်ကျော်ပြီးသည့်နောက်
''''ညီ...ဒါညီနေရမယ့် အခန်းလေ...
ကိုယ့်အိမ် လိုပဲ နေနော်....အားမနာနဲ့ ညီ....အခု နားပြီးရေချိုးလိုက်ဦး....ရေချိုးခန်းက ဒီဘေးမှာနော်...ညီလည်း ဗိုက်ဆာရောပေါ့...ရေချိုးပြီးရင် မနက်စာ စားရအောင်နော် ညီ''''

ညီလရောင် တစ်ယောက်ကတော့ ဘာမှ မပြောနိုင်ပါ....
အားနာသည့်စိတ် တစ်ခုသာရှိနေသည်...ဖွားဖွားကိုစကားပြောခဲ့သည့်အချိန်ကနှင့်ပင် မတူတော့ပေ...လုံးဝပြောင်းလဲသွားပြီး...ရှက်သလိုလိုရွံ့သလိုလို ဖြစ်နေသည်...

''''ညီလရောင် ရေချိုးပြီး၍ ရေချိုးခန်းထဲမှာထွက်လာပြီး အခန်းထဲဝင်လိုက်သောအခါ ....
စားပွဲခုံတွင် တင်ထားသော ရှပ်အင်္ကျီအဖြူရောင်လေးကိုဘောင်းဘီတိုအပြာလေးနှင့် တွဲ၍ တင်ထားသည်ကို တွေ့ရသည်...
''''ကျနော့်ကို ဘာလို့ ဒီလိုတွေ ဂရုစိုက်နေရတာလဲ ကိုသက်တံ့ရယ်..'''' .................

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Where stories live. Discover now