Extra Talk

2.9K 79 16
                                    

Hi ! မင်္ဂလာပါဗျ...
မတွေ့တာတောင်ကြာပြီဗျနော်...
မေ့နေကြပြီလို့လည်း ထင်ပါတယ်ဗျ😁..

မကြာခင်ကမှ သာသာစိုင်းလေးစာမေးပွဲပြီးထားလို့ နားနေတာပါ..ဟီး..

ပြီးခဲ့တဲ့ficလေးရဲ့ အကြောင်း တစ်စေ့တစ်စောင်းပြောရအောင်ဗျာ..

TSP ficလေးက အတော်အသင့် အောင်မြင်တယ်လို့ပြောလို့ရပါတယ်..
ကိုယ့်အဖြစ်အပျက်လေးကို အခြေခံပြီး ရေးလိုက်မိတာဖြစ်ပေမယ့် ဖတ်ပေးကြတာတွေ့တော့ ကျနော်စိုင်းလေး သိပ်ဝမ်းသာရပါတယ်...

ဘာနဲ့တူလဲဆိုတော့ ကိုယ်လုပ်တဲ့မုန့်ကို စားကြည့်တဲ့သူက အရသာရှိတယ်လို့ချီးကျူးပြောဆိုလိုက်တဲ့အခါ ခံစားရတဲ့ ခံစားချက်လိုပါပဲဗျ...
သိပ်ကို ကျေးဇူးတင်မိတာပေါ့...

ဒါဟာ ကျနော့်နှလုံးသားကို ကျန်းမာစေတဲ့နည်းပါ..

Ficအကြောင်းပြောရရင်
ဒီficလေးထဲမှာ သာသာ တစ်ခါတစ်လေ အကျဉ်းချုံ့နိုင်သမျှချုံ့ရေးမိတတ်တယ်...

ဥပမာ - စာဖတ်သူတွေက ပြောကြတယ်...ဆူးသစ္စာ နဲ့  ကျော်ဇေယျာထွန်းက ဘာလို့ ရုတ်တရက်ကြီး အိမ်ထောင်ကျသွားတာလဲပေါ့...
တစ်ကယ်လည်း သာသာ ရုတ်တရက် ပေါင်းပစ်တာပါ...ဒါပေမယ့် သာသာမပေါင်းခင် အရိပ်ချထားခဲ့ပါတယ်...

မှတ်မိမလား မသိပေမယ့်..
နွေဦးသက်တံ့က သူကျောင်းကနေ ပြန်တော့မယ့်အချိန်မှာ ဆူးသစ္စာနဲ့ ကျော်ဇေယျာထွန်းက ကျောင်းမှာခဏနေပြီးတော့မှ ပြန်မယ်လို့ပြောတာကြောင့် နွေဦးကတောင်
မလိမ်နဲ့ဆိုပြီး စောစောပြန်ဖို့တောင်စလိုက်ပါသေးတယ်...မှတ်မှတ်ရရ အပိုင်း ၇ထဲမှာရှိပါတယ်..

ကျနော်ရေးထားတဲ့ထဲ
ဇေယျာက ပြီးရင်ကျောင်းကနေ ပြန်တော့မယ်လို့ပြောတာကို..
နွေဦးက မလိမ်နဲ့နော် လို့စ လိုက်တာလေးကနေ
ဇေယျာနဲ့ ဆူးရဲ့ ပတ်သတ်မှုကို အရိပ်ပြခဲ့ပါတယ်..

အဲ့ဒါကြောင့် နားလည်ဖို့နည်းနည်းလွတ်သွားတယ်ပေါ့ဗျာ..
ဒီကနေ သင်ခန်းစာယူပြီး နောက်ဆို နားလည်လွယ်တောင် ကျယ်ကျယ်ပြန့်ပြန့်ရေးပေးပါ့မယ်နော်ဗျ...

ပြီးတော့ ဒီficလေးရဲ့ ending....
Sad  end ficတွေ မရေနိုင်အောင်ရှိပါတယ်...
အဲဒီလိုပဲ ဇာတ်ကွက်တူတွေပေါ့..ဥပမာ ရောဂါကြောင့် ကွေကွင်းကြရတဲ့ အဖြစ်မျိုးတွေပေါ့...

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Where stories live. Discover now