Chapter (39) ( Zawgyi+Unicode)

Start from the beginning
                                    

သန်းခေါင်ယံချစ်သူ S2 - Chapter (39) ( Zawgyi+Unicode)

နွေဦးနိုးလာသောအခါ အရင်ဆုံး အစ်ကို့ကို ထိုင်ခုံတစ်ခုံပေါ်တွင် သက်တောင့်သက်သာထိုင်ရင် စာအုပ်တစ်အုပ်ဖတ်နေသည်ကို တွေ့လိုက်ရသည်။ ပြတင်းပေါက်ကိုဖြတ်ဝင်လာသည့် နေခြည်နုနုလေးက အစ်ကို့ပေါ်ကိုဖြာကျကာ ထူးခြားသည့်ခံစားချက်တစ်ခုကို ဖြစ်ပေါ်စေသည်။

လူလတ်ပိုင်းလူရွယ်တစ်ဦး စာအုပ်ထဲကိုဈာန်ဝင်စားစွာ ဖတ်ရှုနေပုံ၊ သပ်ရပ်စွာဖြီးသင်ထားသော ဆံပင်များကြောင့် မဟာနဖူးကို ပေါ်လွင်စေသကဲ့သို့ ခပ်စိုက်စိုက်မျက်တောင်များ၊ ခပ်ထူထူပေမယ့် ကြင်နာဟန်နှုတ်ခမ်းများ၊ မချောသော်လည်း ယောက်ျားပီသသည့် လူ...။ မိမိနှလုံးသားတစ်ခုလုံးကို နွေးသွားစေသည့် အစ်ကို့ကို နိုးနိုးချင်းတွေ့လိုက်ရသဖြင့် နွေဦးစိတ်ထဲ အေးချမ်းသွားသလို ခံစားလိုက်ရသည်။

ဒါပေမယ့် အိပ်မက်ထဲတွင် အစ်ကိုက မိမိကိုနမ်းရင်း နားရွက်ဖျားလေးများကို ဖွဖွကိုက်လိုက်သည်ကို သတိရမိတော့ နွေဦး၏မျက်နှာ အပူငွေ့ထွက်လာသလို ခံစားလိုက်ရကာ အစ်ကို့ကိုငေးစိုက်ကြည့်ရာမှ အကြည့်လွှဲပြီး ထဟန်ပြင်စဉ် အစ်ကိုက ဖြတ်ခနဲလှမ်းကြည့်ကာ နှုတ်ဆက်လိုက်သည်။

"နိုးပြီလား နွေဦးလေး.. အစ်ကိုက မနက်စာအတူစားဖို့ စောင့်နေတာ.. ထတော့ အပျင်းအိုးလေး.."

"အစ်ကို ကျွန်တော့်ကို နှိုးလိုက်တာမဟုတ်ဘူး.. အားနာစရာကြီး.."

နွေဦးက အိပ်ယာမှ ကပျာကယာထကာ အရှက်ပြေပြောလိုက်စဉ် သူက စာအုပ်ကိုပိတ်လိုက်ပြီး ထိုင်ရာမှထရပ်ကာ နွေဦးရှိရာကိုလျှောက်လာရင်း ပုခုံးကိုလက်နှင့်ပုတ်ကာ ကျီစယ်ဟန်ဖြင့် ပြုံးကာငုံ့ကြည့်ရင်း ပြောလိုက်သည်။

"အစ်ကိုက ညီ့အတွက် သူစိမ်းလား.. အားနာစကားပြောနေရအောင်.. ကဲ.. လာ.. အခုချိန်မှာ အစ်ကိုက နွေဦးအတွက် အမာခံရပ်တည်ပေးမယ့်သူ မဟုတ်လား.."

အစ်ကိုသူရက နွေဦးကိုဆွဲထူကာ နားလည်ဟန်ဖြင့်ကြည့်ကာ ပြောလိုက်သည်။

နွေဦးသည် သူ့စကားကြောင့် ကဝေကြီး၏ကိစ္စကို သတိရကာ ရင်ထဲနင့်ခနဲဖြစ်သွားသည်။ မိမိထက် ပုလဲဒေဝီကို ရွေးချယ်သည့်သူ..၊ မိမိကို အသက်ထက်ချစ်ပါသည်ဟု ပြောခဲ့သည့်သူ..။ ကဝေကြီးမင်းသတိုးအကြောင်းကို တွေးမိတော့ နွေဦး၏ရင်ထဲ နာကျင်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ တစ်ပြိုင်တည်း ခံစားလိုက်ရသော်လည်း ဟန်ဆောင်ပြုံးဖြင့် အစ်ကို့ကိုပြောလိုက်သည်။

"ကျွန်တော် အဆင်ပြေပါတယ် အစ်ကို.."

"ကိုယ့်ရှေ့မှာ ဘာကိုမှ ထိန်းချုပ်ထားစရာမလိုဘူး နွေဦးလေး.. မင်းကိုယ်တိုင်ထက် မင်းကို အစ်ကို ပိုနားလည်တာကို သိတယ်မဟုတ်လား.. ကဲ.. ကိုယ်လက်သပ်လိုက်ဦး.. ကိုယ်စောင့်နေမယ်.."

"ရတယ်အစ်ကို.. ကျွန်တော်လိုက်ခဲ့ပါ့မယ်.. သွားနှင့်ပါ.."

နွေဦးက သူ့ကို ခပ်ဖျော့ဖျော့ပြုံးကာ နှင်လိုက်သည်။ အတင်းဆက်နေလျှင် မကောင်းတတ်သောကြောင့် သူရ နွေဦး၏ခေါင်းလေးကို အသာပွတ်သပ်ပေးကာ သက်ပြင်းဖွဖွချရင်း ပြောလိုက်သည်။

"ကောင်းပြီ.. အစ်ကို မင်းကိုစောင့်နေမယ်.. မြန်မြန်လေးလာခဲ့နော်.."

အစ်ကိုသူရမရှိတော့မှ နွေဦး ရေချိုးခန်းထဲဝင်လိုက်ပြီး ရေပန်းကိုဖွင့်ကာ ငိုချလိုက်သည်။ ငိုကြွေးရင်း နံရံကိုလက်သီးနှင့်ထိုးကာ မချိတင်ကဲရေရွတ်လိုက်သည်။

"ခင်ဗျားကို ကျွန်တော် အရမ်းလွမ်းနေတယ် ကဝေကြီး.. ခင်ဗျားကို.. ခင်ဗျားတစ်ယောက်တည်းကိုပဲ ကျွန်တော် လိုချင်တာပါ.. ခင်ဗျားဆီက ယုံကြည့်မှုနဲ့ အကြင်နာကိုပဲ တောင့်တမိတာပါ.."

နွေဦးသည် သူ့ကိုမြင်ယောင်ရင်း အားရအောင်ငိုကြွေးပြီးမှ ရေချိုးပြီး အဝတ်လဲကာ ထွက်လာခဲ့သည်။

သူရသည် မှော်ပညာဖြင့် နွေဦးငိုကြွေးနေသည်ကိုတွေ့သော် ခပ်မဲ့မဲ့ပြုံးကာ မျက်ဝန်းထဲတွင် လူသတ်လိုရိပ်တို့ဖြင့် အေးစက်သွားတော့သည်။ စားပွဲဝိုင်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော စပ်ဟုန်ဖနှင့် ရူပကလျာဏီက အရှင်သခင်၏မျက်နှာရိပ်နှင့် ဖိစီးလာသောစွမ်းအင်ကြောင့် တုန်တုန်ယင်ယင်ဖြစ်သွားကြသည်။

"အရှင်.. အရှင့်ရင်ထဲက အနှောင့်အယှက်ကို ကျွန်တော် ဖယ်ရှားပေးပါရစေ.."

ထိုအခါမှ သူရ သတိဝင်လာပြီး မှော်စွမ်းအင်ကို ရုပ်သိမ်းကာ အေးစက်စက်ရယ်ရင်း ခေါင်းခါလိုက်သည်။ မိမိက မင်းသတိုးကို သတ်ပစ်ချင်ရုံမဟုတ်၊ နွေဦးရင်ထဲကနေပါ မင်းသတိုး၏ပုံရိပ်ကို ဖျက်ဆီးပစ်ချင်သည်။ နွေဦးကိုယ်တိုင် မင်းသတိုးကို အထင်သေးရွံရှာသွားတာကို လိုချင်သည်။ ပြီးတော့ ဒီကောင်လေးနွေဦးကို မှော်ဆရာတစ်ယောက်ဖြစ်အောင် လုပ်ပေးပြီး မိမိဘေးမှာ ထာဝရထားရမည်။ နွေဦးက မိမိကိုပိုင်ဆိုင်တာမဟုတ်ဘဲ မိမိက နွေဦး၏အချစ်နှင့် ခန္ဓာကို ပိုင်ဆိုင်တာပဲလိုချင်သည်။ မိမိသတိရချိန် အနားမှာရှိနေပေးမည့် အရုပ်ကလေးတစ်ရုပ်အဖြစ်..။ မိမိထားရာနေ၊ စေရာသွား၊ လိုအပ်ရင် အိပ်ယာထဲမှာ သာယာမှုပေးမည့် ဆရာဝန်အရုပ်ကလေး...။

မိမိက မှော်ဆရာဖြစ်လာပြီဆိုတော့ မိမိသဘောကျသည့် ၁၆ နှစ်ပြည့်ခါစ နုနုထွတ်ထွတ်လေးများကို စိတ်တိုင်းကျပန်းဦးခြွေကာ ပျော်ပါးနိုင်တော့မည်ကိုတွေးကာ သူရ၏စိတ်အခြေအနေ ပြန်ကောင်းလာခဲ့သည်။

"ညကျရင် ကျုပ်ရှာခိုင်းထားတဲ့သူတွေကို အဆင်သင့်ပြင်ထားတော့.."

"အမိန့်အတိုင်းပါ အရှင်.."

စပ်ဟုန်ဖက လနတ်သမီး၏ မျိုးဆက်သွေးပိုင်ရှင်ကို သန္ဓေသားဘဝကတည်းက စောင့်ရှောက်လာသူဖြစ်သောကြောင့် အရှင်သူရ ဘာကိုလိုချင်သည်ကိုသိကာ စိတ်တိုင်းကျအောင် တစ်ခါတည်း ရှာဖွေပြင်ဆင်ထားပြီးဖြစ်သည်။

"တော်တယ်.."

သူရက စပ်ဟုန်ဖ၏ကြိုးစားမှုကို အသိအမှတ်ပြုကာ လက်တစ်ချက်ယမ်းပြီး ဆေးလုံးတစ်လုံးကို လေထဲမှလှမ်းပေးကာ ပြောလိုက်သည်။

"ဒီဆေးလုံးက လစွမ်းအင်ကို တိုးစေတဲ့ဆေးပဲ.. မင်းရဲ့မှော်ပညာကို တစ်ဆင့်တက်သွားစေလိမ့်မယ်.."

"ကျေးဇူးကြီးလှပါတယ် အရှင်.."

စပ်ဟုန်ဖက ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။ ထိုစဉ် ခန်းမထဲ နွေဦးဝင်လာသဖြင့် ထိုမြင်ကွင်းကိုတွေ့သော် အံ့အားသင့်သွား၏။

"နွေဦး.. လာ.. အစ်ကို့ဘေးမှာထိုင်.."

နွေဦးသည် အဆင့်မြင့်ဟန်ရှိသော မှော်ဆရာက အစ်ကိုသူရကို ဒူးထောက်အရိုအသေပေးနေသည်ကိုတွေ့သော် ယခု မဟာမြိုင်တွင် အစ်ကို့အဆင့် မြင့်မားသွားပြီဆိုတာ ချက်ချင်းသိလိုက်သည်။ ဒါ့အပြင် နွေဦး မယုံနိုင်အောင် အံ့အားသင့်ရသည့်အဖြစ်က ကဝေကြီးမင်းသတိုးကို ခါးခါးသီးသီး အတိုက်အခံပြုနေသော ရူပကလျာဏီဆိုသည့် မှော်ပညာရှင်က နွေဦးကိုတွေ့သော် ထိုင်ခုံမှထရပ်ကာ ဦးညွတ်ပြီး လေးလေးစားစား နှုတ်ဆက်နေခြင်းဖြစ်သည်။

"ကျွန်မ ရူပကလျာဏီက ဧည့်သည်တော်ကို နှုတ်ခွန်းဆက်သပါတယ်.."

နွေဦးမှာ မိမိကိုအကွက်ချကာ အကောက်ကြံသည့်အမျိုးသမီးက ဘာအကွက်နင်းပြီး အစ်ကိုသူရကို ဝင်လုံးသလဲဆိုတာ မသိသဖြင့် စိုးရိမ်တကြီးနှင့် အစ်ကို့ဘက်ကို လှမ်းကြည့်မိစဉ် အစ်ကိုက ပြုံးကာ မိမိလက်ကိုလှမ်းဆွဲပြီး သူ့ဘေးမှာထိုင်စေပြီးမှ လေအေးနှင့် ခပ်ရွှင်ရွှင်ရှင်းပြလိုက်သည်။

"ရူပကလျာဏီက နွေဦးကို နစ်နာစေချင်လို့ တမင်လုပ်ခဲ့တာတော့ မဟုတ်ပါဘူး.. သူက မင်းသတိုးကို ထောင်ဖမ်းချင်လို့ နွေဦးကို ငါးစာအဖြစ် သုံးခဲ့တာပါ.. ဒါပေမယ့် ယုန်ထောင်ကြောင်မမိဘဲ ကျားမိသလိုဖြစ်သွားတယ်.. ဟုတ်တယ်မလား ရူပကလျာဏီ.."

ရူပကလျာဏီက ထိုစဉ်က နွေဦးဆိုသည့် သေမျိုးလူသားလေးအပေါ် ကျူးလွန်မိသည်ကို ပြန်သတိရကာ နဖူးပေါ်မှချွေးတို့ ချက်ချင်းစီးကျလာပြီး အရှင်သူရကို ကြောက်လန့်တကြားမော့ကြည့်ကာ တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် အရှင်သူရ.. ကျွန်မ မှားသွားပါတယ်.."

"မှားမှန်းသိရင် ပြစ်ဒဏ်ခန်းမမှာ အပြစ်သွားခံယူပေါ့.. ကဲ.. အခု မနက်စာစားကြစို့.. နွေဦးလေး ဆာရောပေါ့.."

စပ်ဟုန်ဖနှင့် ရူပကလျာဏီက ထိုအခါမှ စိတ်သက်သာရာရသွားပုံဖြင့် စားပွဲတစ်ဖက်ခြမ်းတွင် ဝင်ထိုင်လိုက်ကြသည်။

"အစ်ကိုက မဟာမြိုင်မှာ ရာထူးတိုးသွားတာလား.."

"အင်း.. ဟုတ်တယ်.. အရှင်သုပညာက ကျင့်ကြံစရာရှိလို့ အစ်ကို့ကို မဟာမြိုင်အုပ်ချုပ်ရေးပိုင်း ယာယီလွှဲအပ်ထားတာ.."

သူရက ပြောပြီး အခြွေအရံများလာချသည့် စားစရာပူပူနွေးနွေးများကို နွေဦး၏ပန်းကန်ထဲ ထည့်ပေးရင်း စကားလွှဲလိုက်သည်။

"စားဦး နွေဦးလေး.. အစ်ကို မဟာမြိုင်ရဲ့ အစားအသောက် menu ကို ပြောင်းထားတယ်.. ရှေ့လျှောက် နွေဦးလေးကြိုက်တာချည်း စားရစေမယ်.."

နွေဦးက အစားအသောက်ထက် အစားအသောက်လာချသည့် အခြွေအရံများကိုသာ ငေးကြည့်နေမိသည်။ ဆယ့်ငါး၊ ဆယ့်ခြောက်အရွယ်သာသာ နုနယ်ပျိုမြစ်သည့် လူငယ်လေးများအားလုံးက ဖူးပွင့်စ ပန်းလေးတွေလို ရုပ်ရည်က ချောမောတင့်တယ်ကာ ချစ်စဖွယ်ကောင်းလွန်းလှသည်။

"သူတို့က..."

"သူတို့က လူသားတွေစစ်ဖြစ်တဲ့နယ်က မိဘမဲ့လေးတွေပါ သခင်လေး.. သူတို့ရဲ့စိတ်ဆန္ဒနဲ့ မှော်ပညာသင်ချင်လို့ ကျွန်တော်ခေါ်ယူလာခဲ့တာပါ.. လောလောဆယ် ဒီနန်းဆောင်မှာ အစေခံလုပ်ပြီး တစ်နှစ်နေရင် မှော်ပညာစသင်ပေးမှာပါ.."

စပ်ဟုန်ဖ၏စကားကြောင့် နွေဦး ဘာမှမပြောတော့ဘဲ အစားကိုသာ ငုံ့စားလိုက်တော့သည်။ အစ်ကို့ကို တစ်ချက်ငေးကြည့်တော့ အစ်ကိုက မိမိကိုသာပြုံးပြီးကြည့်နေလို့ ဘာရယ်မဟုတ် စိတ်အေးသွားသလို ခံစားလိုက်ရသည်။ အစ်ကိုက ဒီကောင်လေးတွေကို စိတ်ဝင်စားလို့ခေါ်တာမဟုတ် ဆိုသည့်အသိက ကျေနပ်မှုသေးသေးလေးကို ဖြစ်စေသည်။ ဒါပေမယ့် မိမိအတွေးကို သတိပြုမိသည်နှင့် နွေဦး မင်းသတိုးကို သစ္စာဖောက်မိသလို ခံစားလိုက်ရသည်။
မင်းသတိုးကမှ မိမိချစ်သူပါ။ အစ်ကိုသူရက ပြီးခဲ့တာကြာပြီဖြစ်သော အတိတ်ကဇာတ်လမ်းတစ်ပုဒ်။ အစ်ကိုသူရ ကောင်လေးငယ်ငယ်လေးတွေကို စိတ်ဝင်စားသည်ဖြစ်စေ၊ သူတို့နှင့်အတူနေသည်ဖြစ်စေ မိမိနှင့် ဘာမှမပတ်သက်သလို ဘာမှလည်း မခံစားသင့်ပေ။

တကယ်တမ်းပြောရလျှင် အစ်ကိုသူရကို မိမိစိတ်ထဲမှ ထုတ်ပစ်ထားတာ ကြာလှပြီဖြစ်သည်။ ကဝေကြီးနှင့် မတွေ့ခင်ကတည်းက မိမိကိုငြီးငွေ့ကာ ထားရစ်ပြီး ၁၈ နှစ်မပြည့်သေးသော လူငယ်နုနုထွတ်ထွတ်လေးများဘက်ကို လှည့်ကာ အထိအတွေ့နှင့် သာယာမှုရှာသွားပြီးကတည်းက အစ်ကိုသူရဆိုတာ မိမိ၏ချစ်သူမဟုတ်တော့။

မိမိကို သင်ကြားပြသပေးမှုအတွက် ဆရာတစ်ယောက်ထက်မပိုသည့် ခံစားချက်များကိုသာ ချန်ရစ်ပြီး ကျန်တာကို ဖြေလျှော့ပေးပြီးဖြစ်သည်။ ဘာကြောင့် ယခုအချိန်တွင် ကောင်လေးငယ်ငယ်လေးများကို မြင်သည်နှင့် အစ်ကို့အပေါ် ပုံမှန်မဟုတ်သောအတွေးတို့ ဖြစ်လာသလဲဆိုတာ နားမလည်တော့ပေ။

ဖြစ်နိုင်တာက မနေ့ညက ပေါက်ကရအိပ်မက်ကြောင့် ဖြစ်မည်ထင်ပါသည်။ အစ်ကိုသူရနှင့် ချစ်သူဖြစ်စဉ်ကပင် အိပ်မက်ထဲကလို လက်ပွန်းတတီး မနေခဲ့ဖူးပါ။ ဒါပေမယ့် အိပ်မက်က.. ထူးဆန်းနေသည်။ မသိလျှင် တစ်စုံတစ်ယောက်က မှော်ပညာနှင့် ဖန်တီးထားသလိုပင်။

"ဘာတွေတွေးနေတာလဲ နွေဦးလေး.. စားလေ.."

သူရက နွေဦး၏ပုံစံကိုတွေ့တော့ နွေးထွေးစွာဖြင့် ပြောလိုက်သည်။ ဒီကောင်လေး မိမိအတွက်ခေါ်ထားသည့် ချာတိတ်လေးများကိုတွေ့ပြီး သံသယဝင်ကာ စိမ်းသွားလို့မဖြစ်ပေ။ ဒါကြောင့် လက်ရိပ်ပြကာ ကောင်လေးများကို ခန်းမထဲက ထွက်သွားစေလိုက်သည်။

သူရသည် နွေဦး၏သံသယကြောင့် မိမိအမူအယာကို သတိထားကာ ပုံမှန် ဆရာတပည့်ဆက်ဆံရေးမျိုးနှင့် ဂရုစိုက်ကြောင်းပြသလိုက်သည်။ နွေဦးသည် အစ်ကို့အမူအယာကြောင့် မိမိအတွေးခေါင်နေသည်ဟုတွေးကာ အစားကိုသာ အာရုံစိုက်စားလိုက်သည်။ ပြီးတော့ အစ်ကိုသူရခေါ်ဆောင်ရာကို ဘုမသိဘမသိ လိုက်ပါလာခဲ့သည်။

"လာ.. နွေဦး.."

"ဘယ်ကိုသွားမလို့လဲ အစ်ကိုသူရ.."

"ညီလာခံ.."

"ကျွန်တော် မလိုက်တော့ဘူး.. ဥယျာဉ်ထဲမှာပဲ နေပူဆာလှုံတော့မယ်.."

"ဘာကြောင့်လဲ နွေဦးလေးရဲ့.. မင်းကို ဒီမဟာမြိုင်ကလူတွေ မော်မကြည့်စေရပါဘူး.."

အစ်ကိုသူရက နွေဦး၏ဆံပင်ကို အသာပွတ်ကာ ပြောလိုက်ပေမယ့် နွေဦး ငြင်းလိုက်သည်။

"အစ်ကို့ကို ကျွန်တော့်ကြောင့် အခက်မတွေ့စေချင်လို့ပါ.."

သူရသည် နွေဦးကို အတင်းအကျပ် ဖိအားမပေးချင်သောကြောင့် ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။

"ကောင်းပြီ.. ညီလာခံပြီးတဲ့အထိ ပန်းခြံထဲမှာစောင့်နေနော်.. ဘယ်မှမသွားနဲ့.. အခုချိန်က အပြောင်းအလဲကာလမို့ ရန်သူ မိတ်ဆွေ မကွဲဘူးဖြစ်နေတယ်.."

သူရက မနက်စာစားပြီးသည်နှင့် နွေဦးကို ဥယျာဉ်ထဲလိုက်ပို့ကာ ညီလာခံခန်းမကို ထွက်လာခဲ့သည်။

"အရှင်.. သခင်လေးနားမှာ အစောင့်ချထားဦးမလား.."

ရူပကလျာဏီက မျက်နှာလိုမျက်နှာရ မေးလိုက်စဉ် သူရက ခေါင်းယမ်းပြီး ညီလာခံခန်းမထဲ ဝင်သွားတော့သည်။ ဒီမဟာမြိုင်တစ်ခုလုံးတွင် လစွမ်းအင်ကို ဖြန့်ကျက်ထားပြီဖြစ်သောကြောင့် မိမိမသိဘဲ ဘယ်သူမှ ဘာမှလုပ်လို့မရတော့ပေ။

"အရှင့်ကို အရိုအသေပေးပါတယ်.. သက်တော်ထောင်ကျော် ရှည်ပါစေ.."

ညီလာခံခန်းမတံခါး ပွင့်သွားသည်နှင့် သူရကို သစ္စာခံကြသည့် မှော်ဆရာအားလုံး ကြမ်းပြင်ပေါ်ဒူးထောက်ကာ တခဲနက်ကြွေးကြော်လိုက်ကြသည်။

သဘောကောင်းသည့်သူရ၏ မျက်နှာမူရာနေရာတွင် အေးစက်စက်နှင့် ရက်စက်သည့်အငွေ့အသက်တို့ လွှမ်းခြုံလာပြီး ခန်းမတစ်ခုလုံး အေးစက်သည့်အားလှိုင်းတို့ ဖိစီးလာတော့သည်။
=================

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now