သန်းခေါင်ယံချစ်သူSeason 2 - Episode (28)(zawgyi+Unicode)

Start from the beginning
                                    

"အစ်ကို.. အစ်ကို.."

နွေဦး၏ခေါ်သံကိုကြားတော့ သူရ တစ်ချက်လှည့်ကြည့်ကာ စိတ်မပူရန် အမူအယာဖြင့်ပြောကာ စူးစူးစိုက်စိုက်ကြည့်ပြီး မျက်ဝန်းဖြင့် အားပေးသွားခဲ့သည်။ ကိုသူရ၏ မျက်ဝန်းစကားကို တွေ့လိုက်ရပြီး နွေဦး အတော်အတန် စိတ်သက်သာရာ ရသွားခဲ့သည်။ ဒီလိုမျိုး နှုတ်က ဖွင့်ဟပြောစရာမလိုဘဲ အကြည့်တစ်ချက်နှင့်ပင် တစ်ယောက်ဆိုလိုချင်သည်ကို တစ်ယောက်နားလည်ခဲ့သည့် အလေ့အထမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာ အစ်ကို့ထံမှာ အင်္ဂလိပ်စာကို သင်ယူနေစဉ်အတည်းက ရှိနေခဲ့သည့် အကျင့်တစ်ခုဖြစ်သည်။ ယခု ထိုသို့သောအလေ့အကျင့် ရှိခဲ့သည့် အကျိုးကျေးဇူးကို နွေဦး လက်တွေ့ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ယခုအချိန်မှာ အစ်ကိုကြီးကို ကူညီပေးနိုင်မည့် ကောက်ရိုးတစ်မျှင်ဆိုလို့ ကိုသူရသာရှိတော့သည်ကို ကောင်းစွာနားလည်လိုက်သည်။

နွေဦးသည် စိုးရိမ်ပူပန်စွာဖြင့် ခန်းမဆောင်အပြင်ဘက်တွင် စောင့်ဆိုင်းနေစဉ် ခန်းမထဲမှ အစောင့်တစ်ယောက်ထွက်လာကာ အပြင်မှ စောင့်ဆိုင်းနေသူအားလုံးကို အဝေးထွက်သွားရန် မောင်းထုတ်ခဲ့သည်။ နွေဦးက မသွားချင်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ နေခွင့်မပြုဆိုသည့် အရှင်သုပညာ၏ တစ်ချက်လွှတ်အမိန့်ကြောင့် မေဘရဏီဆွဲခေါ်သည့်နောက်သို့ အင်တင်တင်နှင့် လိုက်ပါခဲ့ရသည်။ မေဘရဏီက နွေဦးစိတ်ပူနေသည်ကို နားလည်သဖြင့် နွေဦးကို အဆောင်တွင် သွားရောက်စောင့်ဆိုင်းရန်ပြောပြီး မိမိ၏အဆက်အသွယ်များဖြင့် ခန်းမဆောင်ထဲမှာ ဖြစ်ပျက်နေသည်ကို စုံစမ်းပြီး ပြန်လည်ပြောပြမည်ဟု ကတိပေးလိုက်သည်။

မေဘရဏီ၏ အားပေးစကားကြောင့် နွေဦး မိမိ၏အိပ်ခန်းဆောင်တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ သတင်းမရမချင်း ငြိမ်သက်စွာရပ်တည်ခြင်းငှာ မတတ်နိုင်စွာဖြင့် ယောက်ယက်ခတ်ကာ စောင့်နေရသည်။ စောင့်ဆိုင်းနေသူတစ်ယောက်အဖို့ အချိန်တစ်မိနစ်သည် တစ်နှစ်ကြာမြင့်သည်ဟုထင်ကာ မိမိ၏စိတ်နှလုံးကို မျိုးစုံ နှိပ်စက်လျက်ရှိသည်။

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now