သန်းခေါင်ယံချစ်သူ S2 - Episode (27)(zawgyi+Unicode)

Começar do início
                                    

နွေဦးသည် သူ့အပွေ့အဖက်၊ သူ့အနမ်း၊ သူ့စကားလုံးအောက် မိန်းမောသွားပြီး ရုန်းထွက်ရန်မေ့လျော့နေစဉ် သူ့အနမ်းက နောက်ထပ်တစ်ဖန် ကျဆင်းလာခဲ့တော့သည်။ မိမိခေါင်းထဲတွင်နေရာယူထားသော ကဝေကြီးနေရာ အစ်ကို့စကားတို့က ဖုံးလွှမ်းစပြုလာစဉ် တံခါးခေါက်သံနှင့်အတူ မေဘရဏီ၏အသံကို ကြားလိုက်ရသည်။

"သခင်လေး.. အရှင်မင်းသတိုးဆီက သတင်းရလာပါပြီ.."

မင်းသတိုး၏နာမည်ကို ကြားလိုက်ရစဉ် အကြောင်းအကျိုးမရှိ ခေါင်းထဲပြည့်နေသော အစ်ကို့ချစ်ခြင်းအရိပ်အငွေ့ကြားမှ နွေဦး အလန့်တကြားသတိဝင်လာပြီး အစ်ကို့ကို ဇွတ်တွန်းလွှတ်ကာ နှုတ်ခမ်းကို လက်ဖမိုးနှင့်သုတ်ကာ ပြောလိုက်သည်။

"ကျွန်တော့်ချစ်သူက ကဝေကြီးပါ အစ်ကို.."

ထိုစကားကိုပြောပြီး နွေဦး လှည့်ထွက်လာပြီး တံခါးဖွင့်လိုက်စဉ် မေဘရဏီ၏လက်ထဲမှ စာလိပ်ကို တွေ့လိုက်ရသည်။

"အရှင်မင်းသတိုးက စစ်သူကြီးတစ်ယောက်နဲ့ ပါးလိုက်တဲ့စာလွှာပါ သခင်လေး.."

မေဘရဏီသည် မိမိကို အန္တရာယ်အရိပ်ငွေ့နှင့် စိုက်ကြည့်နေသော သူရဆိုသည့် လက်ရှိ မှော်လောကအရှင်သခင်၏ နောက်ဆုံးတပည့်ကို တစ်ချက်ကြည့်ကာ ရင်ထဲမကောင်းသည့်နိမိတ်ကို ခံစားလိုက်ရပြီး သခင်လေးကို ခေါ်ထုတ်လာခဲ့သည်။

သူရသည် မင်းသတိုး၏တပည့် မေဘရဏီ၏လုပ်ရပ်ကို ရိပ်မိကာ နှုတ်ခမ်းထောင့်မှ သရော်ဟန်အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။

••••••••••••••••••••••••••••••

"မမေ.. ကဝေကြီး ဒဏ်ရာရသေးလား.."

"မရပါဘူး သခင်လေး.. အရှေ့ဘက်လှိုဏ်ဂူက လကြေးမုံရဲ့အအေးဓာတ်က ပြင်းထန်လာပြီး လူတွေကို လှိုဏ်ဂူထဲ ညှို့ယူဆွဲသွင်းပြီး ဝါးမျိုနေလို့ အရှင်မင်းသတိုးတို့က အနားမှာ မပြတ် အစီအရင်ကို စောင့်ကြည့်နေရလို့ပါ.."

"တော်သေးတာပေါ့.. ကျွန်တော့်စိတ်ထဲမှာ သူ တစ်ခုခုဖြစ်တော့မယ်ပဲ ထင်နေတာ.."

နွေဦး၏စကားကြောင့် မေဘရဏီ မျက်ခုံးပင့်ကာ မေးလိုက်သည်။

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Onde histórias criam vida. Descubra agora