သန်းခေါင်ယံ ချစ်သူSeason - 2 _Episode (24)(zawgyi+Unicode)

Start from the beginning
                                    

အရှင်သုပညာသည် မင်းသတိုး၏ အကြောင်းကြားစာကို ရသည်နှင့် ချက်ချင်းလှိုဏ်ဂူကြီးရှိရာကို ရုပ်ရွှေ့ပြောင်းလာခဲ့သည် ။

လိုဏ်ထဲထဲဝင်မိသည်နှင့် မိမိနှင့်ရင်းနှီးသည့် ခံစားချက်ကို ရလိုက်ပြီး မျက်နှာပျက်သွားခဲ့သည် ။

"လကြေးမုံ "

မိမိထံမှ ပျောက်ဆုံးသွားသော အအေးစွမ်းအားကြီးမားသည့် လကြေးမုံ၏ အငွေ့ကို ခံစားလိုက်ရသဖြင့် ဂူထဲကို ၀င်လာခဲ့သည် ။ ဟိမ၀န္တာတောင်စဉ်မှ ရတနာသိုက်ထဲသိမ်းဆည်းထားသည့် လကြေးမုံ ပျောက်ဆုံးသွားတာ နှစ်ပေါင်း သုံးရာရှိလေပြီ ။ မိမိဘယ်လိုရှာရှာ ခြေရာလုံးလုံးပျောက်နေပြီး အခုမှ ပြန်ပေါ်လာသည်ဆိုတော့ ...

အရှင်သုပညာ၏ မျက်နှာတင်းမာသွားသည် ။ မိမိအကြောင်း သေချာသိသည့် သူသာလျှင် ဒီကြေးမုံကို ယူလို့ရမည် ။ ဒါအပြင် လကြေးမုံကို အသုံးချပြီး အအေးဓါတ်၏ ဘူဖိနက်သန်ပြေတွင် အစီရင်ပြုကာ လမင်းထံမှ စွမ်းအင်နှင့် မြေကြီးထဲမှ သန့်စင်သည့် အအေးဓါတ်ကို စုပ်ယူပြီး အအေးဓါတ်၏ ဗဟိုချက်ကို ဖြစ်ပေါ်စေသည် ။ ဒီနေရာက စုစည်းဖြစ်ပေါ်နေသည့် အအေးဓါတ်က သိပ်ကို ကြီးမားလာလေပြီ။ မှော်ဆရာများသာမက သာမန်လူများကို ထိခိုက်မှု ကြီးကြီးမားမား ဖြစ်စေတော့မည်ကို သိသဖြင့် ထိုအရာကို ဖျက်ဆီးရန် ဆုံးဖြတ်ပြီး ဂူအဆုံးထိဝင်ရောက်လာခဲ့သည် ။

မင်းသတိုးသည် မိမိထံမှ အကြောင်းစုံမေးပြီး လှိုဏ်ဂူထဲထွက်သွားသည့် အရှင်သုပညာကို စောင့်နေသော်လည်း ညနေစောင်းအထိ ပေါ်မလာသဖြင့် မျက်မှောင်ကြုတ်မိသည် ။ အရှင်သုပညာက အအေးလှိုင်း မှော်ပညာရှင် ဖြစ်သောကြောင့် စိတ်ပူသည်မဟုတ် သော်လည်း ဘာကြောင့် ဒီလောက်ကြာသည်ကိုတော့ စဉ်းစားလို့မရပေ ။ မင်းသတိုးသည် အရှင်သုပညာကို စောင့်ဆိုင်းရင်းမိမိရထားသည့် ဒဏ်ရာကို ပြန်ကုစားနေသည် ။ ဒီရက် မိမိစွမ်းအား ယုတ်လျော့သွားပြီးနောက်ပိုင်း စွမ်းအားပြည့်ရန် လေ့ကျင့်ချိန် မရသည့်အပြင် မှော်နက်ဒဏ် သင့်သူများကို ဆက်တိုက် ကုရသဖြင့် စွမ်းအားအရမ်း ယုတ်လျော့နေသည် ။ ဒါ့အပြင် မနေ့က စည်းပေါက်သွားသဖြင့် စည်းကိုပြန်ဖာ ရသည် ။ လှိုဏ်ဂူထဲတိုဝင်စဉ် အအေးစွမ်းအင်ကို တွန်းလှန်ရသဖြင့် ဒဏ်အနည်းငယ် သင့်ခဲ့သည် ။ မင်းသတိုး လေ့ကျင့်မှုပြီးတော့ ဒဏ်ရာပျောက်ကင်းသွားခဲ့လေပြီ ။ သို့သော် အရှင်သုပညာပြန်ထွက်မလာသဖြင့် စိုးရိမ်မှုက ပိုတိုးလာခဲ့သည် ။

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now