(zawgyi+Unicode)Season - 2 , Episode (13)

Depuis le début
                                    

မိမိကို ဖက်ထားပြီး ကျောပြင်တွင် မျက်နှာအပ်ကာ ပြောရင်း ပူနွေးသည့် အရည်တချို့ဆွတ်စိုလာသဖြင့် ကိုစိုင်းမာန် ငိုနေသည်ကို သိလိုက်သည်။ နွေဦး စိတ်မကောင်းဖြစ်ကာ သူ့ဘက်ကိုလှည့်ကြည့်လိုက်တော့ ကိုစိုင်းမာန်က မိမိကို ကိုသူရအမှတ်ဖြင့် နာကျင်နင့်သည်းစွာ စိုက်ကြည့်နေသည်ကိုတွေ့သော် ရင်ထဲ လှပ်ခနဲဖြစ်သွားသည်။ ကိုစိုင်းမာန် ကိုသူကို တကယ်ချစ်နေသည်ကို သိလိုက်သည်။

"စိုင်းမာန်.... မင်းရဲ့စေတနာကို ငါသိပါတယ်။ ငါ မင်းကို စိတ်ညစ်အောင်လုပ်ခဲ့မိတာတွေ အားလုံးအတွက် တောင်းပန်ပါတယ်။ မင်းက ငါ့ထက် ကောင်းတဲ့သူနဲ့ထိုက်တန်တဲ့သူပါကွာ။ "

"ဟင့်အင်း။ မင်းက ဘာဖြစ်နေလို့လဲ။ မင်းက တကယ်တော်တဲ့သူ။ ပြီးတော့ တကယ်ကောင်းတဲ့သူပါ... အချစ်စစ်မှာ ငြိတွယ်ခံရမှာစိုးပြီး ထွက်ပြေးတတ်တာလွဲရင်.... ငါ မင်းကိုချစ်တယ် သူရ... "

"ငါသိပါတယ်... ငါ့ကို လွှတ်ပေးတော့။ ရေချိုးတော့မယ်.. မင်း လည်းလုပ်တော့။ အလုပ်နောက်ကျတော့မယ်.. ငါ မင်းနဲ့ မနက်စာ အတူတူသွားစားမယ်..."

ကိုစိုင်းမာန်သည် မိမိပြောလိုက်သည့် စကားကြောင့် မျက်ရည်တို့ ခန်းသွားပြီး မိမိ ပါးနှစ်ဖက်ကိုလက်နှင့်ညှပ်ကာ နူတ်ခမ်းကို ဖိနမ်းပြီး ပြောလိုက်သည်။

"မင်းကလေ... လူကို ချစ်အောင် အင်မတန်လုပ်တတ်တဲ့ကောင်... အတူတူချိုးရအောင်ကွာ..."

"မင်းချိုးနှင့်... ငါ အိမ်သာတက်ဦးမယ်..."

နွေဦး သူ့ကို ဥပယ်တံမျဉ်နှင့်ပြောပြီး အိမ်သာထဲ ရှောင်လာခဲ့သည်။ အတူမချိုးနိုင်ပါ။ အကိုသူရ၏ ကိုယ်ဖြစ်နေသည့်တိုင် စိတ်က မိမိစိတ်ဖြစ်နေလို့ ကိုစိုင်းမာန်နှင့် အတူချိုးရင်း ပွတ်သပ်နေသည်ကို မခံစားနိုင်ပါ။

နွေဦးသည် အိမ်သာထဲထိုင်နေစဉ် စိတ်အာရုံကို စုစည်းပြီး ကဝေကြီးနှင့် ဆက်သွယ်နိုင်အောင် ကြိုးစားကြည့်သည်။ သို့သော် ဘယ်လိုလုပ်လုပ် ရင်ထဲတင်းကျပ်နေပြီး စိတ်ကိုစုစည်းလို့မရသဖြင့် အောက်လမ်းအစီရင်ထဲ ရောက်နေလောက်သည်ကို တွေးကာ လက်လျော့လိုက်သည်။ ထိုစဉ် ကိုစိုင်းမာန် အပြင်မှတံခါးထုနေသဖြင့် ရေချိုးခန်းထဲဝင်ပြီး ရေချိုးလိုက်သည်။ အကိုဇော်နှင့် ဆက်သွယ်နိုင်မည့် နေရာကိုသွားရမည်။ ကဝေကြီး ဘာဖြစ်နေပြီလဲဟု တွေးကာ စိတ်ပူလာမိသည်။ အလင်းစက်ပြောပုံအရ ကဝေကြီး အကြပ်တည်းကြားရောက်နေပြီထင်သည်။

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Où les histoires vivent. Découvrez maintenant