Season - 2 , Episode (11) (zawgyi+Unicode)

Почніть із самого початку
                                    

ကိုစိုင်းမာန်က မိမိကို အခန်းပြင်အထွက်မခံပဲ ရေချိုးခန်းထဲတံခါးပိတ်သွားလိုက်သဖြင့် နွေဦးသက်ပြင်းရှိုက်ကာ ရေဇလုံထဲဝင်ထိုင်လိုက်မှ အော်လိုက်မိသည်။

"အောင်မယ်လေးဗျ..စပ်လိုက်တာ..."

နွေဦးသည် စပ်လွန်းလို့ မျက်ရည်ပင်ဝဲလာခဲ့သည်။ ကိုသူရဘယ်လောက်တောင် သောင်းကျန်းခဲ့တာလဲ။ ကိုစိုင်းမာန်နှင့် ကိုသူရ ဆက်ဆံရေးက ဘယ်လိုလဲ မသိပေမယ့် ကိုစိုင်းမာန်က ကိုသူရကို အတော်အလေးနက်ထားပြီးချစ်ပုံရသည်ကို နွေဦး မြင်တာနဲ့သိသည်။ အရင်ကတည်းက သိပေမယ့်အခုလို sex partner အဆင့်ဖြစ်မည်မထင်ထားခဲ့ပါ။

"အင်း...ဘာတွေဖြစ်ဦးမလဲမသိဘူး...ကဝေကြီး။ ခင်ဗျား ကျွန်တော့်ကို သတိမရဘူးလား... ကျွန်တော်အခု ဖြစ်နေတာ ခင်ဗျားသိအောင် ဘယ်လိုလုပ်ရပါ့။ သြော်... မဘရဏီရှိတာပဲ။ သူ့ကိုပြောရမယ်..."

ထိုအတွေးကြောင့် နွေဦးစိတ်သက်သာရာရသွားပြီးရေအမြန်ချိုးလိုက်သည်။ ရေချိုးပြီးတော့ နည်းနည်းသက်သာသွားခဲ့သည်။ ရေချိုးခန်းထဲမှ တဘက်ပတ်ပြီးထွက်လာတော့ ကိုစိုင်းမာန်က ရေချိုးခန်းအ၀တွင်စောင့်ကာ ဆီးဖက်ထားပြီး ပြောလိုက်သည်။

"နေ့လည်စာ စားလိုက်ဦး သူရ။ ငါ့ကို မစောင့်နဲ့တော့။ မင်းဆာနေလိမ့်မယ်.. ငါရေချိုးဦးမယ်..."

ကိုစိုင်းမာန်က ပြောပြီး ရေချိုးခန်းထဲဝင်သွားသည်။ စားပွဲပေါ်တွင် ကိုသူရကြိုက်တတ်သည့် စားစရာကို သေချာပြင်ဆင်ထားသည်ကို ကြည့်ပြီး ကိုစိုင်းမာန်လို ဆေးရုံတွင် အခြားဆရာဝန်မနှင့် သူနုာပြုဆရာမလေးကြား ရေပန်းစားလှသည့် ကိုလူချောက ကိုသူရကို ဒီလောက် အလေးနက်ထားချစ်သည်ကိုတွေ့တော့ နွေဦးဘာပြောရမှန်းမသိ ဖြစ်သွားသည်။ နွေဦးဗိုက်ဆာသော်လည်း အရင်မစားထားချင်သဖြင့် ရေတခွက်ဌဲ့သောက်ပြီး ကိုစိုင်းမာန်ကိုစောင့်နေ လိုက်သည်။ အိပ်ခန်းကိုလိုက်ကြည့်လိုက်တော့ နှိပ်စက်သည့်နေရာတွင် သုံးသည့်ပစ္စည်းအစုံတွေ့လိုက်သောအခါ သက်ပြင်းချ မိသည်။ ကိုသူရရဲ့ အခြားတဖက်က ဘယ်လိုများဖြစ်မလဲဆိုတာတွေးနေမိသည်။

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now