အပိုင်း(34)

918 90 1
                                    

မိုရာ နိုးတော့ညတောင်မှောင်နေပြီဖြစ်သည်။ဘေးပတ်ဝန်းကျင်မှာ မီးတိုင်တွေထွန်းထားတာမို့လင်းထင်းနေသည်။အနားကိုလှည့်ကြည့်တော့လဲဘယ်သူမှမရှိ။မိုရာရဲ့လက်ကအကျင့်ဖြစ်နေကျအတိုင်းဗိုက်ကလေးကိုစမ်းကြည့်မိတော့အရင်လိုဖောင်းမနေပဲပြားချပ်နေတာမို့အိပ်နေရာကနေအလန့်တကြားထထိုင်မိသည်အထိ။ထိုအခါမိုရာရဲ့အောက်ပိုင်းကဆစ်ခနဲနာသွားတာမို့ မိုရာရဲ့ကလေးလေးကိုမွေးပြီးပြီဆိုတာသတိရမိတော့သည်။



မိုရာသားလေးမွေးတာပဲသိပြီးအိပ်ပျော်သွားတာဖြစ်မည်။အာ့တာဆိုအခု မိုရာရဲ့သားလေးရောဘယ်ရောက်နေတာလဲ သခင့်ကိုလဲ မမြင်မိ။အပြင်ကိုထွက်ချင်ပေမဲ့လဲ ကလေးမွေးထားတဲ့ဒဏ်ကြောင့် မထွက်နိုင်ပေ။အပြင်ကိုလှမ်းခေါ်ဖိူ့ကြည့်တော့ဘယ်သူမှမရှိတာကိုတွေ့ရတာမို့ လှမ်းခေါ်ဖို့အခက်တွေ့နေသည်။ထိုအချိန်မှာပဲ မိုရာ့ရဲ့ရင်သားတွေကတင်းလာတာမို့ သားလေးနို့ဆာနေတာကိုသတိထားမိသွားသည်။စမွေးထဲက နိူ့သောက်ရဦးမှာမဟုအခုပဲ ညမှောင်နေပြီဆိူတော့နိူ့တော်တော်ဆာနေလောက်မည်။မိုရာလဲ သားဇောနဲ့မရမကထပြီးအပြင်ထွက်ဖို့အလုပ်သခင်က သားကိုချီပြီးအထဲဝင်လာတာနဲ့တိုးသည်။မိုရာနိုးနေတာကိုမြင်တော့မိုရာ့နားကိုအမြန်လျှောက်လာကာ


''ရာရာ နိူးနေပြီလားဘယ်အချိန်ထဲကနိုးနေတာလဲသက်သာလား ဘယ်ကနာနေသေးလဲ''




''သခင်...မိုရာသက်သာပါတယ် နာလဲမနာတော့ပါဘူးသားကိုကြည့်ချင်တယ်ပြပါဦးပြီးတော့နို့တိုက်ရဦးမယ်မလား''


''အာ..ဟုတ်တယ် ခုနကသားကငိူနေလို့ချော့နေရင်းနဲ့မိုရာနိုးလောက်ပြီလား လာကြည့်တာ''



''ဟင်..သားငိူနေတယ်ဟုလားအာ့တာဆိုမြန်မြန်ပေးပါဒီကို''



မိုရာလက်နှစ်ဖက်ကိုဖြန့်ပြီးသားကိုတောင်းတော့ခါရူးကသားကိုမိုရာ့လက်ထဲဂရုတစိုက်ထည့်ပေးလာတာကြောင့်မိုရာလဲအချိန်မဆွဲပဲဝတ်ထားတဲ့အကျီလေးကိုဖြည်ပြီးသားကိုနို့တိုက်လိုက်သည်။သားကလဲ နို့ဆာနေတာမို့ နို့ကိုသာအငမ်းမရတပြွတ်ပြွတ်စို့နေသည်။သားကသိပ်ကိုနို့ဆာနေတဲ့ပုံဖြစ်ရမည်။အခုမှပဲမိုရာ့ကို့ဘာသာပြန်ကြည့်မိသည်။အကျီတွေအကုန်လဲထားသလို ကုတင်ပေါ်ကအိပ်ရာခင်းနဲ့စောင်တွေကိုပါလဲထားတာတွေ့ရသည်။မိုရာ့ရဲ့အကြည့်တွေကိုနားလည်နေသလိုနဲ့ မိုရာရဲ့ဘေးကိုဝင်ထိုင်ကာဖြေလာသည်



ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Donde viven las historias. Descúbrelo ahora