နာရာ..ဦးလေးလုပ်သူလာကယ်မဲ့အချိန်ကိုစောင့်နေတာဒီနေ့နဲ့ဆို ၂ရက်ရှိပြီဖြစ်သည်။အန်ဒရူးကလဲဟိုရက်ကပြသနာဖြစ်ပြီးထဲက နာရာ့ကိုလှည့်တောင်မကြည့်တော့ပေ။ဒီကြားထဲမနေ့ထဲက...ခါရူးရဲ့တပ်သားတွေကအန်ဒရူးကိုလာခေါ်သွားပြီးခုထိကိူပြန်မပို့သေးပေ။နာရာလဲ စောင့်နေရတာစိတ်မရှည်တော့ပေမဲ့ ဗိုက်ထဲကရင်သွေးလေးကိုငဲ့ပြီး စိတ်ရှည်ရှည်နဲ့စောင့်နေပေမဲ့မျှော်နေတဲ့သူကပေါ်မလာပေ။ခါရူးနဲ့မိုရာကလဲ နာရာ့ဆီကိုလုံးဝမလာပေ။စားစရာကိုတော့နေ့တိုင်းပို့ပေးသည်။ထိုင်နေရင်းနဲ့ခြေသံကြားလို့လှည့်ကြည့်မိတော့ မျှော်နေတဲ့သူဖြစ်နေသည်။နာရာထိုင်နေရင်းကမတ်တပ်ရပ်လိုက်ပြီး ဝင်လာသူကိုပြေးဖက်လိုက်သည်။
''ဘာလို့ကြာနေတာလဲ...နာရာစောင့်နေတာ''
နာရာကသာစကားတွေပြောပြီးဖက်ထားပေမဲ့တစ်ဖက်လူက နာရာ့ကိုဘာမှမပြောသလိုနာရာဖက်ထားတဲ့လက်ကိုလဲ ဖြုတ်ချလိုက်တာကြောင့်ကြောင်အစွာနဲ့မော့ကြည့်မိတော့ တစ်ဖက်လူရဲ့ခံစားချက်မရှိတဲ့မျက်နှာကိုတွေ့လိုက်ရသည်။
''ဦး....နာရာ့ကိုလာခေါ်တာမလားသွားကြမယ်လေ''
နာရာကလက်ကိုဆွဲလို့ရှေ့ကဦးဆောင်သွားပေမဲ့နောက်ကပါမလာတာကြောင့်လှည့်ကြည့်ပြီးမေးလိုက်သည်။
''သွားမယ်လေ...ဘာဖြစ်လို့လဲ''
ဦးလေးက နာရာဆွဲထားတဲ့သူ့ရဲ့လက်ကိုဖြုတ်ချပြီးနာရာ့ကိုကြည့်ကာပြောလာသည်။
''ငါ..မင်းကိုလာခေါ်တာမဟုဘူး''
''ဟင်..ဘာတွေပြောနေတာလဲ''
''တကယ်ပြောနေတာ..ငါမင်းကိုလာခေါ်တာမဟုဘူး.မင်းနဲ့ငါ့ရဲ့ပက်သက်မှုကိုရပ်တန့်မလို့လာပြောတာ''
နာရာအံ့သြသွားရသည်။ကိုယ်မျှော်လင့်နေတဲ့သူ..ကိုယ်အားကိုးရတဲ့သူဆီက ကိုယ်နဲ့မပက်သက်ချင်ဘူးဆိူတဲ့စကားကိုကြားရတာနာရာ့ကမ္ဘာကြီးရပ်တန့်သွားသလိုခံစားရသည်။
''ဘာ..ဘာတွေပြောနေတာ..ရီစရာမကောင်းဘူးနော့..အမှန်မဟုဘူးမလားဦးလေးကိုသူတို့ကခြိမ်းခြောက်ပြီးပြောခိုင်းတာမလား''
ESTÁS LEYENDO
ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'
Ficción históricaရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.