အပိုင်း(40)

1.3K 118 7
                                    

အရာရာတည်ငြိမ်အေးချမ်းနေတာလအတော်ကြာပြီဖြစ်သည်။မိုရာရဲ့သားလေးကလဲအခုဆို ၆လပြည့်သွားလို့ ငုပ်တုတ်လေးတောင်ထိုင်နေပြီဖြစ်သည်။သွားငုပ်တိုလေးတွေလဲထွက်ပေါ်နေတာမို့ရီလိုက်ရင်ချစ်စရာပင်။ခါရူးကတော့သူ့သားကိုအသည်းစွဲ ဖြစ်စည်။သူ့သားငိုရင်တစ်စက်ကလေးမှမကြိုက်။ဒါပေမဲ့သားကိုလုံးဝအလိုမလိုက်ပေ။

အစ္စလီ ကတော့ ဟိုတစ်ခါဆေးခပ်တဲ့ကိစ္စနဲ့ပက်သက်ပြီးခါရူးကအပြစ်ပေးထားထဲက ငြိမ်နေတာအခုထိဖြစ်သည်။မျိုးနွယ်ထဲမှာလဲ ပြသနာမရှာသလိုသူ့ဘာသာအေးအေးဆေးဆေးနေ နေတာဖြစ်သည်။အခုလိုသူပြသနာမရှာတာကို ကြိုက်ပေမဲ့လဲအရာရာကိုသတိထားနေရသည်။သူ့မှာဘာအကြံတွေရှိနေလဲမှ မသိတာ။ကိုယ်တွေကသတိနဲ့ဆင်ခြင်နိူင်မှ တော်ကာကျမည်။

ဘီဘီရဲ့ကိုယ်ဝန်ကလဲ မွေးခါနီး နေပြီဖြစ်တာကြောင့်ခါရူးကအကိုချန်ကိူအနားပေးထားပြီးအကိုချန်လုပ်ရမဲ့အရာမှန်သမျှ အစားလုပ်ပေးသည်။အကိုချန့်ကိုတော့ဘီဘီ့အနားမှာသာနေခိူင်းထားသည်။ဘီဘီကဘယ်အချိန်မွေးမလဲမသိနိုင်တာမို့ အနားမှာအမြဲရှိနေမှ အဆင်ပြေမည်လေ။

''သားသားရေ...တို့တွေ လေးလေးဘီဘီဆီ့သွားရအောင်နော်''

''အာ..ပါ..ဘူးး''

''သားကသိလို့လား မေမေပြောတာကိုဟင်''

''ဘူးးး..ခစ်ခစ်...''

''အမယ်..သဘောတောင်ကျနေလိုက်သေးတယ်''

''လာသွားကြမယ် ပြီးရင်သားရဲ့ဖခင်ပြန်လာတော့မှာဆိုတော့တိူ့တွေမြန်မြန်သွားကြမယ်နော်''

''အာ..ပါ..ပါ..ပါ''

''မွ..စကားတွေအရမ်းများတာပဲ.မေမေ့ရဲ့အသည်းပေါက်လေးက''

သားကို.အကျီအနီလေးဝတ်ပေးပြီးဦးထူပ်အနီလေးပါဆောင်းပေးထားတော့ပိုးတုံးလုံးကောင်လေးနဲ့တောင်တူနေသည်။မိုရာ့တို့အဆောင်ကအစေခံကောင်လေးတွေနဲ့ကောင်မလေးတွေဆိုလဲ သားကိုအသည်းယားလွန်းလို့အမြဲချီပိုးနေကြတာလက်ကမချပေ။ဒါပေမဲ့ခါရူးမရှိတဲ့အချိန်မှသာ သားရဲ့အနားကိူလာကြတာဖြစ်ပြီး ခါရူးရှိနေရင်တော့အဝေးကနေသာကြည့်ပြီးအသည်းယားနေကြရသည်။ခါရူးက သူ့အပြင်ကပြန်ရောက်တာနဲ့သူ့သားကိုပွေ့ချီထားတာကလက်ကမချတော့ပေ။အဲ့တာကြောင့် ဘယ်သူမှသူ့လက်ထဲကသားကိုယူချီလို့မရပေ။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now