အပိုင်း(17)

1.3K 104 10
                                    

ခါရူး ပြန်ရောက်ရောက်ချင်း မိုရာ့ဆီသွားတွေ့ချင်ပေမဲ့ အမဲလိုက်ထားတဲ့အသားတွေကို ရိက္ခာရုံထဲပို့ရသေးသည်။ ပြီးမှပဲ သွားမယ်လို့လုပ်ထားပေမဲ့ ရေချိူးပြီးသန့်ရှင်းနေးလူပ်ဖို့က ခါရူးရဲ့အဆောင်ကို ပြန်မှ ဖြစ်မှာမို့ အဆောင်ကိုပြန်လိူက်သည်။အဆောင်ရောက်တော့ နာရာက အသင့်စောင့်နေပြန်သည်။တွေ့ချင်တဲ့သူမဟုတော့ စိတ်က မပျော်ရွှင်တော့ပေ။ဒါပေမဲ့ နာရာကလဲ သူရဲ့ဇနီးဖြစ်သလို ညီမလေးတစ်ယောက်လိုသဘောထားရတဲ့သူဆိုတော့ မတွေ့ချင်ဘူး ငြင်းလို့မကောင်းတာနဲ့ ထိုင်စကားပြောနေရသည်။

အမဲလိုက်ထွက်မဲ့ညကလဲ မိုရာ့ကို နှုတ်ဆက်ချင်ပေမဲ့ နာရာက နေမကောင်းဘူးဆိူတာကြောင့် သွားကြည့်ပေမဲ့ ဘယ်လိုက ဘယ်လို အိပ်ပျော်မှန်းမသိ။နိုးလာတော့ ရင်ခွင်ထဲက လေးလံ နေမှုကြောင့် မိုရာထင်ပြီး ငုံကြည့်လိုက်ပေမဲ့ နာရာဖြစ်နေသည်။.ဒီကြားထဲ နာရာ့ရဲ့ရုပ်ကတစ်ခုခုကိုပဲရှက်နေသလို ဖြစ်နေတော့ ခါရူးနားမလည်တောင်ဖြစ်ရသည်။ မသွားခင် မိုရာ့ဆီ သွားချင်ပေမဲ့လဲ အကြီးအကဲ တွေက တစ်ယောက်ပြီး တစ်ယောက် လာနှုတ်ဆက်နေတာမို့ စကားပြန်ပြောနေရတာနဲ့တင် မိုရာ့ဆီမသွားဖြစ်လိုက်။ အမဲလိုက်နေတဲ့အတောအတွင်းလဲ တစ်ခုခုဆိုတာနဲ့မိုရာ့ကိုသာ တန်းသတိရမိသည်။ကိုယ်သတိရသလို သူလဲ သတိရမယ်လိူ့လဲထင်မိသည်။

အရင်တုန်းကလဲ အမဲလိုက် ခနခနထွက်ဖူးသလို တခြားမျိုးနွယ်တွေဆီရက်ရှည်ခရီးတောင်ထွက်လိုက်သေးသည်။ဒါပေမဲ့လဲ နာရာ့ကို တော့ မိုရာ့ကို သတိရသလို မရမိ။ တစ်ခါမှ မတွေးဖူးဘူးဆို ရင်ပိုမှန်မည်။မိုရာနဲ့ကျမှ ပဲ သတိရသလို လွမ်းလဲလွမ်းမိသည်။ တစ်ခါတလေ မိသားစုလေးတွေကိုမြင်ရင် မိုရာရယ် ခါရူးရယ် မွေးလာမဲ့ကလေးလေးရယ်ဆိုပြီး မြင်ယောင်မိသလို ကလေးသေးသေးလေးတွေမြင်ရင်လဲ မိုရာ့က မွေးလညမဲ့ကလေးလေး ဆို မိုရာ့လို ဖြူဖြူဖွေးဖွေး သေးသေးလေး ဖြစ်နေမှာလို့တွေးပြီး ကြည်နူး မိသည်။

အခုတော့ ပြန်ရောက်တာ နေ့တဝက်ကျိုးတော့မည် ခုထိ လွမ်းနေရသူကိုမတွေ့ရသေး။ အခုလဲ နာရာ နဲ့ စကားပြောရဦးမည်။ခါရူးလဲ အပေါ်ကိုသာ တက်သွားလိုက်သည်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Where stories live. Discover now