အပိုင်း(2)

2.1K 112 4
                                    

" သခင်...မကောင်းတော့ဘူး သခင်ရေ''

"ဟဲ့ ရေးကြီးသုတ်ပြာနဲ့ဘာဖြစ်နေတာလဲ''

ဖခင်နဲ့ စကားပြောပြီး အတွေးထဲမျောနေတုန်းရှိသေးတယ်အစေခံကောင်လေးရဲ့အသံစူးစူးနဲ့အော်မှုကြောင့် ရန်ရန့် အတွေး အိပ်မက်တွေတောင် ပျောက်ပျက်ရသည်။.ထို့ကြောင့် အီရန်ဒေါသထွက်စွာအော်လိုက်သည်။

"ဟို...ဟို.သခင်''

ဟိုကောင်လေးက တဟိုဟိုနဲ့ပြောနေပြီးဖခင် နားအနားကပ်ပြီး ဘာတွေပြောနေမှန်းမသိ။.ဖခင်ရဲ့မျက်နှာကတော့အရောင်အမျိူးမျိုး ပြောင်းပြီး စိတ်တိုသလိုလို စိတ်ပူပန်သလိုလိုနဲ့ ဘာဖြစ်မှန်းကိုမသိ။.ခနနေတော့ အစေခံကောင်လေးထွက်သွားတော့ အီရန်လဲဖခင်ကိုမေးလိုက်သည်။

"ဖခင် ဘာဖြစ်တာလဲ''

"ဟင်းးး... သားငယ် 'ချန်' မျိုးနွယ်က ရောက်လာပြီတဲ့''

အဖေ့ဆီက ကမ်းလှမ်းဖို့လာတဲ့သူတွေရောက်နေပြီဆိူတဲ့သတင်းကိုကြားရတော့ အီရန့်မျက်နှာက ဝင်းပ သွားသည်။ တဆက်ထဲထိုင်နေရာက နေထ လိုက်တော့ ဖခင်ကလှမ်းတားလိုက်သည်။

"ဟင် တကယ် ရောက်နေပြီလား အာ့တာ ဆို ဖခင် သွားကြမယ်လေ သွားကြိုဖို့ပြင်ရမယ်မလား''

"ဟို...သားငယ် လာတော့လာတာဟုပါတယ် ဒါပေမဲ့''

"ဒါပေမဲ့ ဘာဖြစ်လဲ ဖခင်ရဲ့ ပြောစရာရှိတာမပြောဘူး ဘာစကားမို့လို့ပြောရခက်နေတာလဲ''

"လာတဲ့သူက မျိုးနွယ်အကြီးအကဲမဟုဘူးတဲ့ သူ့ရဲ့အကို တဲ့ သားငယ်''

"ဘာ....ဘယ်လိုဖခင် ''

"ဟုတ်တယ် သားငယ် ဖခင်လဲ စာထဲမှာ မျိူးနွယ်ရဲ့အကြီးဆုံး အတွက်ဆိုတော့အကြီးအကဲထင်လိုက်တာအခုတော့ သားအကြီးဆုံး တဲ့''

"ဘယ်လို သားအကြီးဆုံး မျိူးနွယ်တွေရဲ့ထုံးစံအရဆိုရင်သားအကြီးဆုံးက ဆက်ခံသူ မလား ခုက ဘာဖြစ်လို့''

"ဖခင်လဲ မသိဘူး အခုဧည့်သည်ဆောင်မှာရောက်နေပြီတဲ့''

"အာ့တာဆို လဲ အရင်လူတွေအတိုင်း ငြင်းလိုက်ပေါ့ ဖခင်ရယ်''

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Where stories live. Discover now