အပိုင်း(11)

1.3K 95 5
                                    

'ချန်'မျိုးနွယ်မှာ ရှိသမျှ  ကလေးလူကြီး အကုန်လုံး  မျိုးနွယ်ရဲ့အထွတ်အမြတ်နေရာ သို စုဝေးနေကြသည်။.အကြောင်းမှာကား သူတို့ မျိုးနွယ် ခေါင်းဆောင်ရဲ့ ဒုတိယဇနီး၏ ဖြူစင်ကြောင်း သစ္စာ ရေ သောက် ကျိန်ဆို မှာ ဖြစ်လို့ပင်။ ကလေးတွေကတော့ ဟိုကြည့်ဒီကြည့်နဲ့လျှောက်ကြည့်နေပေမဲ့ လူကြီးတွေကတော့ သခင်ရဲ့ နောက်ထပ်ဇနီးသည်၏ အကြောင်းများကို ဝေဖန်နေကြသည်။တစ်ချိူ့ကတော့ သခင်မ အသစ်က ဖြူစင်မှာ ကျိန်းသေတယ် ဆိုပြီးပြောနေကြသလို တစ်ချို့ကတော့ လိမ်ညာမှုကြောင့် နတ်ဘုရားတွေရဲ့အပြစ်ပေးခြင်းခံရမယ်လို့ ပြောဆိူနေကြသည်။

တစ်ယောက်တစ်ပေါက်နဲ့ဆူညံနေခြင်းသည် မျိုးနွယ်ရဲ့ သခင်နဲ့ အကြီးအကဲတွေရောက်လာတော့ မီးကို ရေနဲ့ ဖျန်းလိုက်သလိုငြိမ်ကြသွားသည်။ အကုန်လုံးက. မျိူးနွယ်သခင်နဲ့ အကြီးအကဲတွေကို အရိုအသေပေးလိုက်သည်။

"မျိုးနွယ်သခင်ကို နှုတ်ဆက်ပါတယ်''

"အကြီးအကဲ များကိုလဲ နှုတ်ဆက်ပါတယ် ''

အကုန်လုံးက ခေါင်းကိုညွှတ်ပြီး နှုတ်ဆက်တော့ ခါရူးလဲ အကုန်လုံး ကို အပေါ်ပြန်မော့ခိုင်းလိုက်သည်။.နာရာနဲ့ မိုရာကတော့ ခါရူး ခေါ်မှ လာရမှာဖြစ်သည်။ သူတို့ မျိုးနွယ်ရဲ့ထုံးစံက လင်ယောကျာ်းတွေအပေါ်မှာ ရိုသေရသလို လင်ယောကျာ်း စကားကသာ အတည်ဖြစ်သည်။ အခုလို တွေ့ဆုံပွဲတွေမှာဆိုရင်လဲ လင်ယောကျာ်းက မခေါ်ရင် မလာရပေ။သိုပေမဲ့ ဆက်ခံသူကို မွေးဖွားပေးပြီး မျိုးနွယ်ရဲ့သခင်မ ရာထူးကို ရတဲ့သူကတော့ မျိုးနွယ် သခင်နဲ့တန်းတူ ဆက်ဆံခံရသည်။

"အကုန်လုံး  ခေါင်းပြန်မော့လို့ ရပြီ ''

ခါရူးရဲ့အမိန့်ပေးသံအဆုံးမှာ အကုန်လုံးက ခေါင်းကို ပြန်မော့ကြည့်လာကြသည်။

"ဒီနေ့ ဒီနေရာမှာဆုံရတဲ့အကြောင်းအရင်းကို မင်းတို့အားလုံးလဲ သိမယ်ထင်ပါတယ် ငါရဲ့ ဒုတိယဇနီးက သူ့ဖြူစင်မှုကို.သက်သေပြဖို့အတွက်သစ္စာရေ သောက်ပြီး ကျိန်ဆိုပြမှာ ဖြစ်တယ်  ပြီးတာနဲ့ လက်ဆက်ပွဲ ပါ.တစ်ခါထဲ ကျင်းပမယ် ''

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Where stories live. Discover now