အပိုင်း(15)

1.3K 87 2
                                    

"အားးး...ဘာလို့လဲ.. ဘာလို့ အာ့အကောင်က ငါလိုချင်သမျှကို ရနေတာလဲ''

သခင့်ဆီကပြန်လာထဲက နာရာရဲ့သောင်းကျန်းနေမှုကြောင့် အစေခံတွေ တစ်ယောင်မှ အနားမကပ်ရဲကြပေ။နာရာက တော့ သခင်က ခေါ်တယ် ဆိုလို့ ဝမ်းသာအားရနဲ့သွားခဲ့ပေမဲ့ အခုတော့ သူ့ရဲ့ နောက်ဇနီးအတွက် ရိက္ခာရုံက တာဝန်ကိုလွှဲဲပြောင်းပေးခိုင်းတဲ့လေ။ ဒီအလုပ်တွေကို နာရာ တာဝန်ာူလာတာကြာခဲ့ပြီ အခုတော့ မနေ့တနေ့ကမှ ရောက်တဲ့အကောင်က နာရာရဲ့ ပိုင်ဆိုင်မှု တွေကို လက်ဝါးကြီး အုပ်သွားသည်။ဒီကိစ္စကို နာရာ ဘယ်လိုမှ မကျေနပ်နိုင်။ တစ်ခုခုတော့လုပ်မှ အဆင်ပြေလိမ့်မည်။ဒီပုံအတိုင်ူသာဆက်သွားရင် ကြာလာရင် မျိုးနွယ်ထဲမှာ နာရာရဲ့ နေရာက ပျောက်သွားလိမ့်မည်။ နာရာ ကပျာကသီ စာရွက်နဲ့ မင်နဲ့ယူပြီး စာတစ်စောင်အမြန်ရေးလိုက်သည်။ပြီးနောက်

"အစေခံ တွေ ဘယ်ကို ရောက်နေတာလဲ''

"ရှိပါတယ် သခင်မ ''

"လာဦး ငါ့ဆီကို ''

"ဟုကဲ့ ''

အစေခံလေးက နာရာ့ဆီအနားရောက်လာတော့ အစေခံ လေး လက်ထဲကို စာကိုထည့်ပေးပြီး နားနားကပ်၍ ပြောလိုက်သည်။

"နားလည်လား ငါပြောသလို သေချာလုပ်နော်''

"ဟုကဲ့...သခင်မ''

"အင်း ပြီးရော တာဝန်ကျေပါစေ..သွားတော့''

အစေခံလေးက နာရာ့ကို အရိုအသေပေးပြီး ထွက်သွားမှ နာရာလဲရေနွေးကြမ်းကို မော့သောက်လိုက်သည်။'ဟွန့်..နင်ဘယ်လောက်ကြာကြာခံမလဲ စောင့်ကြည့်နေလိုက်ပါ မိုရာ
မကြာခင်မှာ နာရာဆိုတဲ့ငါက ဒီမျိူးနွယ်ရဲ့သခင်မ ဖြစ်ကို ဖြစ်လာမှာ။အာ့အခါကျမှ အခု ငါခံစားရသမျှ ပြန်ခံစားစေရမယ်'
ကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်ပြီး ပြုံးမိလိုက်သည်။

နာရာက ငယ်စဥ်ကထဲက မျိုးနွယ်စုရဲ့ သခင်မနေရာကို လိုချင်ခဲ့တာဖြစ်သည်။.အာ့တာကြောင့် မို့လို့ လဲ ဖခင်က ခါရူးရဲ့ဖခင် မျိုးနွယ်စုခေါင်းဆောင်ကိုကယ်ရင်းအသက်ဆုံးသွားရတာကို အကြောင်းပြပြီး ခါရူးနဲ့လက်ဆက်ပေးဖို့ အမေ့ကို နားဖောက်ခိုင်းထားတာဖြစ်သည်။.နဂိုထဲက မိဘတွေရဲ့ရင်းနှီးမှုကြောင့် ဖခင်ကို ပူဆာပြီး ပြောခိုင်းထားပေမဲ့ မျိုးနွယ်စုရဲ့နေရာလုပွဲတွေကြောင့် ဖခင်က တိုက်ပွဲ အတွင်းမှာပင်အသက်ဆုံးသွားရတာကြောင့် မပြောဖြစ်လိုက်။​ ဖခင် အခုလို သေဆုံး သွားတာကလဲ နာရာ့အတွက်အမြတ်ပင်ဖြစ်သည်။ မျိုးနွယ်စုရဲ့သခင်နဲ့သခင်မ နာရာ့ကို အဖမဲ့ ကလေးမို့ ပိုချစ်ပြီး ပိုသဘောကျကြသည်။ ထိုအချက်တွေကြောင်ပဲ အမေက လက်ဆက်ဖို့အကြောင်းပြောတော့ သဘောတူခဲ့တာဖြစ်သည်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Where stories live. Discover now