အပိုင်း(21)

1.1K 82 0
                                    

ရာသီတွေအလီလီ ပြောင်းလာသလိုပဲ ဆောင်းရာသီအစကိုရောက်လာပြီဖြစ်သည်။မိုရာ ဦးဆောင်တဲ့ စပါးနဲ့ဝါဂွမ်းတွေကလဲ ရိတ်သိမ်းပြီးသလို ဝါဂွမ်းနဲ့အနွေးထည်တွေလဲ လုံလောက်စွာ ချုပ်ပေးပြီးပြီ ဖြစ်သည်။ဝိုင်ချက်လုပ်ငန်းဟာလဲ ပိုလို့ တွင်ကျယ်လာသည်။ အခုဆို မိုရာ့ရဲ့ကလေးလေးက မိုရာ့ဗိုက်ထဲမှာကောင်းစွာကြီးပြင်းလာတာ သုံးလ ပြည့်သွားခဲ့ပြီ ဖြစ်သည်။ပထမဆုံး ကလေးဆိုတော့ ဗိုက်ကသိပ်တော့မထွက်ပေမဲ့ ဗိုက်ကလေးက တင်းနေပြီး ခပ်ဆူဆူလေး လေး ဖြစ်နေသည်။

"ရာရာ...ဆေးမသောက်ရသေးဘူးဆို''

အကုန်လုံး ပြောင်းလဲ သလိုခါရူးရဲ့ မိုရာ့ကိုခေါ်ဆိုပုံကလဲ ပြောင်းလဲ သွားသည်။ ပထမ စစခေါ်ကာစကဆို မိုရာ တစ်မျိူးဖြစ်နေပေမဲ့ အခုတော့ ကြားရပါ များလို့ နေသားကျတေပြီဖြစ်သညိ။.ဒီတစ်မျိုးထဲလားဆိုတော့မဟု အမျိုးစုံ ကို မရိုးရအောင်ခေါ်သည်။ အခုလဲ မိုးလင်းလို့ မနက်စာ.စားပြီးရုံရှိသေး အတင်းကို ဆေးတိုက်နေသည်။


"သောက်မှာပေါ့ သခင်ရယ်အခုမှ ထမင်းစားပြီးတာလေ''



"ထမင်းစား ပြီးတာကြာနေပြီလေကွာ...သောက်လိုက်တော့ ''


"သခင့် ဆေးကြီးက ခုနောက်ပိုင်း တစ်မျိူးကြီးပဲ နံလဲနံတယ် ခါးတာလဲ လွန်ရောပဲ''


"ကိုယ်ဝန်က တဖြည်းဖြည်း နဲ့လရင့်လာတော့ဆေးတစ်မျိုးပြောင်းသွားတာပါ''



"ဟွန်းးး....မသောက်လို့မရဘူးလား''


ဆေးမသောက်ချင်လို့ အမျိုးမျိုးလှည့်ပတ်ပြီး ပြောနေမှန်း ခါရူးသိသည်။အာ့တာကြောင့်ဆေးကို မရမက တိုက်နေရတာဖြစ်သည်။မဟုရင် အကြောင်းအမျိုးမျိူးပြ ပြီးရှောင်ထွက်သွားတတ်လို့ အခုလိုအတင်းတိုက်နေတော့လဲ သူလေးက နှုတ်ခမ်းက ခပ်ဆူဆူ ဖြစ်လာသည်။ ချစ်မှန်းသိတော့တစ်ခါတလေ ဆိုးချင်နွဲ့ချင်လာသည်။.ကလေးလေး ကြောင့်လဲပါမည် ထင်သည် တစ်ခါတစ်လေကျ သိပ်ကိုကလေးဆန်သည်။.တစ်ခုခုဆို မဆူရဲ မျက်ရည်လေးကဝိုင်းပြီး ငိုမဲ့မဲ့ ရုပ်ကို ဖြစ်လာတော့တာပင်။.ဟိုတစ်ခါ  ဝိုင်ချက်တာ ကိုဝင်ချက်လို့ ဆူလိုက်တာကို ငိုတာ တနေကုန်ပက်ညကျမှသာ မနည်းချော့ပြီးအိပ်ခိုင်းမှသာ  မောပြီး အိပ်တာဖြစ်သည်။.ဒါတောင် အိပ်နေရင်းရှိုက်နေသေးသည်။


ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Where stories live. Discover now