အပိုင်း(31)

842 81 5
                                    

''ဟင်..အကို ပြန်ရောက်နေပြီလား..ဘီဘီကအကိုပြန်မရောက်လောက်သေးဘူးထင်လို့သခင်မဆီမှာအချိန်ကြာနေတာ''

''သိပ်မကြာသေးပါဘူး..ခုနက မှပြန်ရောက်တာပါဒါနဲ့သခင်မရော ကျန်းမာတယ်မလားအကိုလဲ အလုပ်တွေရှုပ်နေတာနဲ့သခင်နဲ့တွေ့ဖြစ်ပေမဲ့လဲ သခင်မကိုမတွေ့ဖြစ်ဘူး''

''သခင်မရဲ့ကျန်းမာရေးကကောင်းပါတယ် ဒါပေမဲ့ဆေးဆရာကပြောတယ်သူ့ရဲ့အတွေ့အကြုံအရ သခင်မရဲ့ကိုယ်ဝန်ကစောမွေးနိုင်ခြေရှိတယ်တဲ့''

''ဟင်..ဟုလားအာ့တာဆိုရင်ရောစိုးရိမ်ရလားသခင်မကိုယ်ဝန်ကလမပြည့်သေးဘူးမလား''

''ဟုတ်တယ် ဘီဘီတို့လဲအာ့တာကိုစိုးရိမ်လို့ဆေးဆရာနောက်ကိုလိုက်မေးတာ''

''အင်းဘာတဲ့လဲဆေးဆရာက''

''သခင်မကိုယ်ဝန်က ၉လပြည့်နေပြီမို့ မစိုးရိမ်ရပါဘူးတဲ့တစ်ချို့တွေဆိုရင်လဲ ဒီလိုပဲ စောမွေးတတ်ကြတယ်တဲ့''

''အင်း..အာ့တာဆိုရင်တော်သေးတာပေါ့ မဟုရင်သခင်က စိုးရိမ်နေတာနဲ့အလုပ် တောင်ကောင်းကောင်းလုပ်နိုင်မှာမဟုပူး''

''မစိုးရိမ်ရဘူးဆိုပေမဲ့လဲ သခင်မကအနည်းနဲ့အများတော့အားငယ်ကြမှာပဲလေ ဘယ်ကိ်ဝန်သည်ဖြစ်ဖြစ်မွေးခါနီးရင်ထိတ်လန့်ကြောက်ရွံတဲ့စိတ်တော့ရှိကြတာပဲ ပြီးတော့သခင်မက သူရဲ့အမေကိုလဲလွမ်းနေတယ်ထင်တယ်..ဆေးဆရာပြန်သွားထဲဘယ်သူ့မှစကားမပြောပဲမှိန်းနေတာ''

''သခင်ကလဲအာ့တာတွေကိုသိနေလို့သခသ်မဘေးနားကနေတစ်ဖဝါးမှမခွာပဲဂရုစိုက်ပေးတာပေါ့''

''ဟုတ်တယ် သခင်က သခင်မကိုသိပ်ချစ်တာနော်''

''ဟုတ်တယ် သခင်က သခင်မကိုသိပ်ချစ်တာ အာ့လိုပဲ ကိုယ္ကလဲ ဟော့ဒီက ကိုယ့်ရဲ့ဇနီးလေးကိုချစ်ပါတယ်''

''အကို နော်ဘာတွေပြောမှန်းမသိဘူး...ဘီဘီထမင်းပွဲသွားပြင်တော့မယ်''

ချန်ပြောတာကိုရှက်ကာပါးတွေနီရဲပြီးစကားလမ်းကြောင်းလွှဲလို့ထွက်သွားတဲ့ကျောပြင်လေးကိုကြည့်ရင်း အသံထွက်တဲ့အထိရီနေမိသည်လက်ဆက်ပြီးတာပဲ၄လ ကျော်၅လနီးပါးရှိနေပြီးခုထိ ချစ်စကားပြောရင်းရှက်နေတုန်းပင်။ဘီဘီ့ကိုအိမ်ထောင့ဖက်အဖြစ်ရခဲ့တဲ့အတွက်ချန် သိပ်ကိုကံကောင်းသည်။ဘီဘီက အဖက်ဖက်ကပြည့်စုံတဲ့အပြင် ချန့်အပေါ်မှာလဲဘာလိုအပ်ချက်မှမရှိအောင်မျက်လုံးဒေါက်ထောက်လိုက်ကြည့်ပြီးဖြည့်ဆည်းပေးတတ်သည်။အိမ်နဲ့ပက်သက်တဲ့ကိစ္စအဝဝကိုလဲ လိုအက်ချက်မရှိလုပ်ကိုင်ပေးတတ်သည်။သူ့လိုလူမျိုးနဲ့ဆုံဆည်းခွင့်ပေးတဲ့နတ်ဘုရားတွေကိုချန်ကျေးဇူးတင်မိသလို သူ့ကိုမွေးဖွားပေးတဲ့မိဘနှစ်ပါးကိုလဲ ကျေးဇူး တင်မိသည်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Where stories live. Discover now