အပိုင်း (19)

1.2K 82 2
                                    

မမျှော်လင့်ရဲတဲ့ကိစ္စတွေက ကိုယ် မမျှော်လင့်ထားတဲ့အချိန်မှာ ဖြစ်တတ်သလို မျိုးပဲ မိုရာလဲ မမျှော်လင့်ထားတဲ့အရာတွေဘဝမှာ တပြိုင်ထဲဖြစ်ပေါ်လာသည်။ကလေးလေးကလဲ မထင်မှတ်ပဲရောက်လာလို့ ပျော်ရွှင်နေတဲ့အချိန်ခါရူးရဲ့ချစ်စကားကို ကြားရတော့ ပျော်ရွှင်မှုအပြင် အံ့သြမှုကပါထပ်ဆောင်းပါလာသည်။

"မိုရာ....''  အတွေးလွန်နေတဲ့ မိုရာ့ ကို ခါရူးက ခေါ်လိုက်မှ အသိပြန်ဝင်တော့သည်။

"ဟမ် ...ဘာပြောလိုက်တာလဲ''


"ကိုယ်..မိုရာ့ ကိုချစ်မြတ်နိူးတယ်လို့....မိုရာကရော ကိုယ့်အပေါ် ဘယ်လိုသဘောထားလဲဟင် ''


"ဟို..အာ့တာကလေ ဟိုလေ''

မိုရာက ပြန်ဖြေ ဖို့ကို အခက်တွေ့နေသလိုမျိူးစကားတွေကထစ်နေတာမို့ ခါရူးလဲ အတင်းမတိုက်တွန်းချင်တော့ပေ။ မိုရာ့ဖက်က စိတ်လိုလက်ရနဲ့ ချစ်တယ် ​ပြောမဲ့အချိန်ကိုလဲ စောင့်နေဖို့ ဆုံးဖြတ်လိုက်သည်။

"မိုရာ အဆင်မပြေရင် လဲ ခုမဖြေပါနဲ့ ကိုယ်စောင့်နေပါ့မယ် မိုရာအဆင်ပြေတဲ့အချိန်မှ ဖြေပါ''

ခါရူးက ပြောပြီး မိုရာအနားက ထွက်သွားဖို့ လုပ်နေတာမို့ မိုရာလဲ ကပျာကသီ လက်ကိုဆွဲလိုက်သည်။တကယ်တော့ မိုရာကိုယ်တိုင်လဲ ခါရူးကိုချစ်နေတာဖြစ်သည်။ခါရူး ခရီးထွက်နေတဲ့အချိန်မှာ ပိုသိသာလာတာဖြစ်သည်။သိုပေမဲ့လဲ ချက်ချင်းကြီး ခါရူး ကဖွင့်ပြောလာမယ်မထင်တော့အံ့သြပြီး ဘာမှပြန်မပြောနိုင်တာဖြစ်သည်။


မိုရာ့ဘဝမှာ တကယ်ဂရုစိုက်ပြီးချစ်ပေးတဲ့သူက မိခင်နဲ့ဖခင် အရင်းကလွဲရင် မရှိဘူးပေ။.ခါရူးကို ချစ်ပေမဲ့လဲ အရင်က ကြုံခဲ့ရသလိုမျိုး ကိုယ်ချစ်တဲ့သူကကိုယ်ယုံကြည်ရတဲ့သူက သစ္စာဖောက်တာမျိူးကြုံရမှာ ကြောက်နေတာဖြစ်သည်။ ဒါပေမဲ့ခုလို ခါရူးက မျက်နှာ မကောင်းဖြစ်သွားတော့လဲ စိတ်ထဲနေရတာမကောင်းပေ။


"မသွားပါနဲ့... မိုရာ့အနားမှာပဲ နေပါနော်''

ခါရူးက မိုရာ့အတွက် ဆန်ပြုတ်လာမပို့သေးလိူ့ သွားယူမလို့ ကုတင်ဘေးက ထရပ်လိုက်တာကို မိုရာက ဘယ်လို တွေးနေလဲမသိ လက်ကိုအတင်းဆွဲထားပြီး မျက်နှာငယ်လေးနဲ့တားရှာသည်။ခါရူးလဲ မိုရာဆွဲထားတဲ့လက်ကလေးကို ပြန်အုပ်ကိုင်လိုက်ပြီး ကုတင်ဘေးမှာ ပြန်ထိူင်လိူက်ရသည်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Where stories live. Discover now