အပိုင်း(8)

1.4K 82 1
                                    

" သခင်မ... ဘာလုပ်ရမလဲဟင်''

"ဘာလုပ် ရမှာလဲ သခင်ကြီး ပြောသလို ကြိုပြင်ဆင်ထားရမှာပေါ့နင့က ဘာလုပ်ချင်သေးလို့လဲ''

"မလုပ်ချင်ပါဘူး...အခုပဲ သွားဆောင်ရွက်လိုက်ပါ့မယ်''

အစေခံ လေးထွက်သွားမှ နာရာ.ဒေါသ ပိုပေါက်ကွဲမိသည်။.သူမ နာမည်က နာရာပင် 'ချန်' မျိုးနွယ် က စစ်သူကြီးရဲ့သမီးတစ်ယောက်ဖြစ်သည်။ပြီးတော့ အခု မျိူးနွယ်စုရဲ့ခေါင်းဆောင် ဖြစ်တဲ့ ခါရူး အမျိူးသမီးလဲ ဖြစ်သည်။ သူရဲ့ဖခင်နဲ့ နာရာရဲ့ ဖခင်က သူငယ်ချင်းအရင်းကြီးတွေလဲ ဖြစ်သည်။ မျိုးနွယ်စု တိုက်ပွဲတွေဖြစ်တော့ ခါရူးရဲ့ဖခင် ကို ကယ်တင်ရင်းနဲ့ နာရာရဲ့ဖခင်က သေဆုံးသွားခဲ့ရသည်။.ဖခင်ဆုံးသွားထဲက နာရာနဲ့အမေနဲ့ကို အရင်သခင်ကြီးက ခေါ်ယူ စောင့်ရှောက်ပေးထားတာဖြစ်သည်။.ငယ်ငယ်ထဲကခါရူးနဲ့ နာရာ့ကို သဘောတူထားတာဖြစ်သည်။. နာရာ့ရဲ့အမေဆုံးသွားတော့ သခင်ကြီး ကခါရူးနဲ့လက်ဆက်ပေးပြီး ခါရူးကိုလဲ မျိူးနွယ်စုခေါင်းဆောင်အဖြစ် လွှဲပြောင်းပေးလိုက်တာဖြစ်သည်။ အာ့အချိန်ထဲက ခါရူးမှာ အမျိုးသမီးက နာရာ တစ်ယောက်ထဲ သာပင်။ ခါရူးက နာရာ့ကို ညီမလေး တစ်ယောက်လိုသာသဘောထားခဲ့တာဖြစ်သည်။ မိဘတွေရဲဆန္ဒကြောင့်သာ လက်ဆက်ခဲ့ပေမဲ့ နာရာ့ကို ဇနီးမယားအဖြစ်မသက်မှတ်သလို နာရာနဲ့လဲ အိပ်ခန်း မဝင်ပေ။ ဒါပေမဲ့ နာရာ့ကို အကုန်လိုလေ့သေးမရှိနဲ့ပြည့်စုံစွာထားခဲ့သည်။ အခုတော့ နောက်တစ်ယောက်က ရောက်လာရင် နာရာအတွက်အဆင်မပြေဖြစ်တော့မည်။

နောက်တစ်ယောက်ရှိလာရင် မျိူးနွယ်စုရဲ့ဆက်ခံသူကိုပထမဆုံးမွေးပေးတဲ့သူကသာမျိုးနွယ်ရဲ့သခင်မရာထူးကိုရမှာပင်။.နာရာ က မွေးရာပါ.သားအိမ် အားနည်းသည်။အာ့ကိစ္စကို နာရာ နဲ့အမေက လွဲရင်ဘယ်သူမှ မသိပေ။ ဆက်ခံသူ ယူဖို့အကြီးအကဲတွေကပြောပေမဲ့ ခါရူးက အမြဲ ငြင်းပယ်နေတာကြောင့် နာရာ့ကိစ္စကို ဘယ်သူမှမသိပေ။အခုချိန်ထိ နာရာ တစ်ယောက်ထဲကသာ ခါရူးရဲ့ တရားဝင်ဇနီးမယားတစ်ယောက်အဖြစ်ရှိလာခဲ့တာ နှစ်ချီနေပြီဖြစ်သလို အရာရာ နာရာ့သဘော စိတ်တိုင်းကျဖြစ်ခဲ့သည်။ဆက်ခံသူရဖို့အတွက်လဲ ဆေးတွေ​ေသာက်နေတာ မို့သားအိမ်ကအနည်းငယ်သက်သာလာပြီ အခုတော့ တခြားတစ်ယောက်က​ေရာက်လာပြီး ဆက်ခံသူကိုသာအရင်မွေးပေးလိုက်ရင် နာရာ့ရဲ့နေရာက ပျောက်တော့မှာ အသေအချာပင်။နာရာ ဘာလုပ် လို့ လုပ်ရမှန်းမသိတော့တဲ့အထိ ဒေါသထွက်နေရသည်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Tahanan ng mga kuwento. Tumuklas ngayon