အပိုင်း(37)

1.2K 129 3
                                    

ဘီဘီတို့အိမ်မှာလူစုံနေသလိုအကိုရဲ့မျက်နှာကလဲ သကာရည်လောင်းချထားသလိုကိုပြုံးပျော်နေတာမြင်သူတကာအမြင်ကပ်ချင်စရာပင်။အကြောင်းအရင်းကတော့ ဘီဘီ့မှာအကို့ရဲ့ရင်သွေးလေးရှိနေတာ​ကြောင့် အကြီးအကဲတစ်ချို့ကလာရောက်ဂုဏ်ပြုနေတာမို့လူစုံလှသည်။သခင်ကိုယ်တိုင်လာပြီးဂုဏ်ပြုစကားပြောနေတာကြောင့် အနီးအနားကလူတွေပါရောက်နေကြသည်။တစ်ချိူ့ကတော့သခင်နဲ့ဆွေးနွေးစရာစရာရှိလို့ လာရောက်ဆွေးနွေးနေကြတာဖြစ်သည်။



''ငါတို့ စစ်သူကြီးတောင်ဖခင်တစ်ယောက်ဖြစ်တော့မှာပဲ ဂုဏ်ပြုပါတယ်''


''ဟုတ်ပ့ ဟုတ်ပ့ အရင်တုန်းကဆို လက်ဆက်ဖို့တောင်မနည်းတိုက်တွန်းရတဲ့သူကအခုတော့ချက်ချင်းကောက်ခါငင်ခါကြီးလက်ဆက်တဲ့အပြင်အခုတော့ရင်သွေးတောင်ရတော့မယ်''


''သခင်ကလဲ အခုဆို ဆက်ခံသူလေးမွေးပြီးပြီ နောက်ဆို စစ်သူကြီးရဲ့ကလေးလေးပါမွေးဖွားလာရင်တို့မျိုးနွယ်စုကတော့ ကလေးတွေရဲ့ဆည်းလည်းသံနဲ့တင်သာယာနေမှာသေချာတယ်''



''ဟားး...မှန်တာပေါ့ကွာ''

အကြီးအကဲတွေတစ်ယောက်ပြီးတစ်ယောက်ပြောနေတဲ့စကားကို သခင်ရောအကိုရောက ပြုံးပြီးသာနားထောင်နေရင်း ဘီဘီပြင်ပေးထားတဲ့လက်ဖက်ရည်ကြမ်းနဲ့ယိုကိုသာစားနေကြပြီးဘာစကားမှဝင်မပြောပေ။


''ဒါနဲ့..သခင်ဟိုဖက်မျိူးနွယ်ခေါင်းဆောင်ရဲ့ညီမနဲ့ဘယ်တော့များလက်ဆက်ပွဲကိုကျင်းပမလဲ''

အကုန်လုံး သိချင်နေတဲ့အဖြေကို အကြီးအကဲတစ်ယောက်ကမေးလိုက်တာမို့လို့အကုန်လုံးရဲ့အကြည့်က သခင်နဲ့မေးခွန်းမေးလိုက်တဲ့ အကြီးအကဲဆီရောက်သွားသည်။အစထဲက လာတဲ့သူတွေထဲကတစ်ချိူ့က တကယ်ဂုဏ်ပြုချင်လို့ဆိုပေမဲ့တစ်ချို့ကတော့သခင့်ဆီကဒီအကြောင်းကိုသိထျင်လို့ဆိုတာ ဘီဘီရိပ်မိပါသည်။ဟိုဖက်ကဘယ်လောက်တောင်ပေးထားလဲမသိအရမ်းကိုတက်ကြွနေတဲ့အုပ်စုပါပဲ။သခင့်ကိုနားပူနားဆာလုပ်တဲ့အထဲမှာသူတို့ကအဆိုးဆုံးလို့ ဟိုတစ်ခါအကိုက ဘီဘီ့ကိုပြောပြဖူးသည်။




ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now