အပိုင်း(4)

1.7K 107 2
                                    

"ဟင်...မင်း...မင်း ဘယ်သူလဲ''

"..........''

"မေးနေတယ်လေ မင်းဘယ်သူလဲဘယ်ကလဲ အီရန်ရော...ရန်လေးရော ...ရန်လေးက ဘယ်ရောက်နေလို့မင်းကဒီကိုရောက်နေတာလဲ''

အန်ဒရူးတရစပ်မေးနေမိပေမဲ့ ဟိုဖက်က ဘာမှပြန်မဖြေပဲ အန်ဒရူးကိုသာ ကြည့်နေသည်။ ကြာလာတော့စိတ်မရှည်ဖြစ်လာပြီး ရှေ့က ဘာမှ ပြန်မပြောတဲ့တစ်ယောက်ရဲ့ပုခုံးကို ဆွဲလှုပ်ပြီးမေးမိသည်။

မိုရာကဘာမှ ပြန်မပြောပဲ သူ့ကိုပဲ ကြည့်နေမိတော့မိုရာ့ရဲ့ပုခုံးကို ဆွဲလှုပ်ပြီးမေးလာသည်။.တကယ်တော့ ပြန်မပြောတာထက် ပြန်ပြောဖို့စကားရှာနေတာဆို ပိူမှန်မည်။ကြာလာတော့ ပုခုံးတွေနာလာသည်။ အာ့တာနဲ့မိုရာလဲ

"မိုရာ....ငါ့နာမည် မိုရာ''

"မင်းက မိုရာဆိူတော့ အီရန်ကရော.မင်းအီရန်ကို ဘာလုပ်လိုက်တာလဲ ''

"ဘာမလုပ်ဘူး အီရန်က 'အီ ' မျိုးနွယ်စု မှာရှိတယ် ''

"မင်းက ဘယ်သူလဲ အီရန်က သူ့မျိုးနွယ်မှာဆို မင်းက ဘယ်လိုလုပ် အီရန်နေရာကို ဝင်နေတာလဲ''

"ငါကအီရန့်ရဲ့အကို မင်းက ငါ့ညီကို အတင်းခြိမ်းခြောက်ပြီး ယူခိုင်းတာလေ ငါ့ညီက မလိုချင်ဘူး တဲ့အာ့တာကြောင့်ငါက သူ့အစားလိုက်လာပေးတာ''

"အီရန်က အာ့လို အစားဝင်ခိုင်းတာလား သူ့အစားမင်းကို ထည့်လိုက်တာလား''

"မဟုဘူး...ငါ့ဘာသာငါ.အီရန်သောက်မဲ့ ဝိုင်ခွက်ထဲ အိပ်ဆေးထည့်ပြီး ဘယ်သူမှမသိခင် လိုက်လာတာ..''

"ဘာ....''

သခင်လေးဆိုသူက ဒေါသတွေ တအားထွက်ပြီး အခန်းထဲက ပစ္စည်းတွေကို လွှင့်ပစ်နေပေမဲ့လဲမိုရာ ကတော့ရပ်နေရာကနေတစ်လှမ်းမှမရွေ့မိ။

"အာ့တာဆို အီရန်ကရောမျိုးနွယ်စု ဆီလှမ်းစုံစမ်းခိုင်းရမယ်..မင်းက ခနနေဦး ''

သခင်လေး က ပြောဆိူလဲ ပြီးရောအဆောင်ကနေပြန်သွားသည်။အာ့ကျမှ မိုရာလဲ သက်ပြင်းချပြီး ​ခြေထောက်တွေခွေကျသွားသည်။ဘယ်လောက်ပဲစိတ်တင်းထားပါစေ အနည်းနဲ့အများတော့ ကြောက်စိတ်ကဝင်သည်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Where stories live. Discover now