အပိုင်း(16)

1.2K 95 14
                                    

မိုရာခုရက်ထဲအလုပ်ရှုပ်နေသည်မှာ အတော်ကြာပြီဖြစ်သည်။ခါရူးကတော့ ဒီ တစ်ခါ အမဲလိုက်တဲ့အဖွဲ့ထဲတွင်ပါတာကြောင့် မျိုးနွယ်တွင်မရှိပေ။ ချန် ကတော့ အဖွဲ့ထဲမှာ မပါတဲ့အတွက် မိုရာ့ကို ကူညီပေးနေသည်။ မိုရာက ဘိုးဘွားတွေနဲ့ ဟိုလူစုတွေအတွက် တဲအိမ်ပြင်တဲ့ကိစ္စနဲ့တင် လူလဲ လုံးပန်း ပန်းနေပြီဖြစ်သည်။ဒီကြားထဲ ရိက္ခါရုံအတွက်လဲ စီမံရသေးသည်။အခုလောလောဆယ်တော့ အိမ်ပြင်တာကိုပဲအာရုံစိုက်ပြီးလုပ်ဆောင်နေကြသည်။ မျိုးနွယ်ထဲကတစ်ချို့သန်မာတဲ့လူတွေက တော်ထဲ ဝါးပင်သွားခုတ်ပြီး တစ်ချို့ကကျ အမိုးမိုးပေးကြသည်။ မိုရာနဲ့လူငယ်တွေ သက်ကြီးရွယ်အိုတွေက တခြားပေါ့ပါးတဲ့ပစ္စည်းသယ်ပေးအမိုးအတွက် ဓနိဖက်ကိုမိုးတဲ့အတွက် ဓနိသယ်ပေးပြီးကူလုပ်ပေးမိသည်။ မလုပ်ပါနဲ့ လို့တားပေမဲ့ လဲ မိုရာက မနေတတ်တော့ကူလုပ်မြဲလုပ်ပေးနေလိုက်သည်။ကြာလာတော့သူတို့လဲ ဆက်မပြောပဲလွှတ်ထားလိုက်သည်။

"သခင်မ...နေ့လည်စာအဆင်သင့်ဖြစ်ပြီး စားလို့ရပြီနော်''

"အင်း... ကလေးတွေနဲ့အဘိုးအဘွားတွေအရင်ကျွေးလိုက်လေ ငါကတော့ပြီးမှပဲစားလိုက်မယ်''

"ဟုကဲ့...''

ဘီဘီ နဲ့ကီကီ က ချက်ဖို့ဖြုတ်ဖို့ တာဝန်ယူထားတာမို့ ထမင်းစားဖိူ့ လာခေါ်ခြင်းဖြစ်သည်။ အကုန်လုံးတက်ညီလက်ညီနဲ့ပျော်ပျော်ရွှင်ရွှင်စုပေါင်းလုပ်နေကြပေမဲ့ တစ်ယောက်သောသူကတော့ နေမကောင်းဘူးဆိုတဲ့အကြောင်းပြချက်နဲ့ မလာပေ။ မှတ်မှတ်ရရ ခါရူး အမဲလိုက်ထွက်မဲ့ညရဲ့နောက်နေ့ မနက်ထဲက နေမကောင်းလို့ဆိုပြီး အပြင်ကိုသိပ်မထွက်တာခူဆို တပတ်ကျော်လောက်ရှိပြီဖြစ်သည်။အာ့နေ့ညအကြောင်းကိုပြန်တွေးရင်မိုရာ့စိတ်ထဲဝမ်းနည်းလာသည်

ခါရူးအမဲမလိုက်ခင်ညက မိုရာနဲ့အတူတူ အိပ်မယ်ဆိုပြီး မိုရာ့ ဆီလာပေမဲ့ ထမင်းစား သောက်ပြီးတဲ့အချိန် နာရာရဲ့အစေခံကောင်မလေးက။.နာရာနေမကောင်းဘူးဆိုပြီး ခါရူးကို လာခေါ်တာမို့ လိုက်သွားဖို့ မိုရာ ကိုယ်တိုင်ပြောခဲ့တာပင်။ဒါပေမဲ့ ပြန်လာခဲ့မယ်လို့ပြောခဲ့တဲ့ခါရူးက မနက်သာမိုးလင်းသွားတယ်ရောက်မလာခဲ့။ မိုရာ နည်းနည်း တော့ဝမ်းနည်မိပေမဲ့နာရာကလဲ ခါရူးရဲ့ဇနီးတစ်ယောက်မို့ နောက်လဲ ဒီလို ကြုံတွေ့ရမှာပုံမှန် ဖြစ်သည်။ မနက်ပိုင်း ခါရူးဆီနှုတ်ဆက်ဖို့သွားတော့ နာရာနဲ့အစေခံတွေပြောနေတဲ့စကားကိုကြားလိုက်ရတော့ နဂို ဝမ်းနည်းနေတဲ့စိတ်က ပိုဆိုးပြီး ငိိုချင်လာမိသည်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Where stories live. Discover now