အပိုင်း(13)

1.4K 93 6
                                    

"ဘာ သခင်ကဟိုအကောင်နဲ့ ညက အိပ်ခ​န်းဝင်တယ်ပေါ့ဟုလား''

"ဟု..ဟုပါတယ် သခင်မ နာရာ.သခင့်ရဲ့အစေခံတွေပြောနေကြတာကြားတာပါ

"တောက်.. ဒင်းက ခုမှလဲရောက်လာသေးတယ်သခင့်ရဲ့အိပ်ရာပေါ်တောင်တက်နိုင်နေပြီလား''

မနက်မိုးလင်းခဲက ကြားနေရနဲ့စကားသံတွေကြောင့်နာရာဒေါသထွက်နေရသည်မှာ အခုထိပင်။ သခင်က ဟိုကောင်နဲ့ အတူတူအိပ်တယ်ဆိုတဲ့သတင်းက မိုးလင်ူထဲက မကြားချင်မှအဆုံးပင်။နာရာနဲ့လက်ဆက်တုန်းကျ ငယ်သေးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ မဂ်လာဦးညကိုတောင်တစ်ယောက်ထဲ ဖြတ်သန်းခိုင်းသည်။.နောက်ပိုင်းကျ မျိုးနွယ်စု ပြသနာတွေကြောင့်နာရာ့ဆီခြေဦးတောင်မလှည့်။မျိုးနွယ်စုပြသနာတွေအဆင်ပြေပြန်တော့လဲ ချစ်ကြည်ရေးအနေနဲ့ ဆိုပြီး တခြားမျိုးနွယ်တွေဆီအလည်အပတ်သွားသည်။အခု ပြန်လာတော့လဲ နောက်ထပ်ဇနီးနဲ့ထပ်လက်ဆက်တဲ့အပြင် သခင်မရာထူးပါပေးလိုက်သေးသည်။ အခုတော့ အတူတူတောင်အိပ်သည်တဲ့။ မိုးကောင်းတုန်းရွာထားအုန်းပေါ့သခင်။နာရာ့အလှည့်ရောက်ကာမှ နာရာ့ကိုရက်စက်တယ်ဆိုပြီးအပြစ်မပြောပါနဲ့သခင်။

"အစေခံတွေ ဘယ်ရောက်နေကြတာလဲ''

"ရှိပါတယ် သခင်မနာရာ ''

"အင်း.. ရိက္ခာရုံကိုသွားကြမယ်''

"ဟုကဲ့.. ''

မိုရာတို့ ရိက္ခာရုံသွားတဲ့လမ်းတစ်လျှောက် မိုရာ့ကို တွေ့သမျှ လူတိုင်းက အရိုအသေပေးပြီးနှုတိဆက်ကြသည်။မိုရာ့အနေနဲ့က ဟိုမျိုးနွယ်မှာတုန်းက ခုလို မဆက်ဆံခံရတော့ အခုလိုလဲကျရော မနေတတ်ဖြစ်ရသည်။ ဘီဘီနဲ့ကီကီ ကတော့ ပုံမှန်ပဲ နောက်ဆိုရင် အသားကျလာမှာပြောပေမဲ့လဲ။မိုရာက ခုမှ ရောက်တာ တစ်ပတ်တောင်မပြည့်သေးတော့အသားမကျသေးတဲ့အပြင်နေရခက်သည်။

မိုရာတို့ ရိက္ခာရုံကိုရှေ့ကိုရောက်တော့လူတွေဝိုင်းအုံပြီးကြည့်နေကြသည်။ ပြီးတော့ရုန်းရင်းဆန်ခတ်အသံတွေလဲ ကြားတာမို့ ရှေ့ဆက်မသွားပဲ ကီကီ့ကိုသာ အခြေအနေကြည့်ရန်လွှတ်လိုက်သည်။.ဘီဘီက သူသွားပေးမယ်ပြောပေမဲ့ အခုက ကီကီရဲ့မျိုးနွယ်ဆိုတော့ သူက ဒီက လူတွေနဲ့ရောတစ်ချို​့ကိစ္စတွေကိုပါသိသည်။ အာ့တာကြောင့် ဘီဘီ့ကိုလွှတ်မဲ့အစား ကီကီ့ကိုသာလွှတ်လိုက်သည်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Where stories live. Discover now