အပိုင်း(26)

1.3K 92 5
                                    

ကိုယ်ဝန်အတွက် ဂုဏ်ပြုဖို့ပျင်းပတဲ့ပွဲက မျိုးနွယ်စုရဲ့သစ္စာဖောက်တွေကိုဖော်ထုတ်ရတဲ့ပွဲ ဖြစ်သွားခဲ့သည်။ အကြီးအကဲအများစုလဲထိတ်လန့်တုန်လှုပ်သွားကြသလို တစ်ချို့အကြီးအကဲတွေကတော့မျိုးနွယ်ရဲ့သခင်မကိုလျှော့တွက်လို့မရဘူးဆိူတာသိသွားကြသည်။

ခါရူးလဲ အကုန်လုံး ကိုပြန်လွှတ်လိုက်သည်။သူတို့လဲ ထိတ်လန့်တုန်လှုပ်ကြမှာအသေအချာပင်ဖြစ်သည်။ မိုရာလဲအနားယူရမည် ကိုယ်ဝန်ကြီးနဲ့စိတ်နုနယ်နေတဲ့အချိန်မှာဒီလိုကိစ္စတွေနဲ့ကြုံလိုက်ရတော့ အနည်းအများထိခိုက်သွားမှာပင်။ထို့ကြောင့် မိုရာ့ကိုလဲနားဖို့ပြန်ခေါ်သွားလိုက်သည်။

''မိုရာ..ခနနားလိုက်ဦးနော် ရေချိုးဖို့အဆင်သင့်လုပ်ခိုင်းထားတယ် ပြီးရင်ချိုးလိုက်ဟုပြီလား''

ခါရူးက မိုရာ့ကိုကုတင်ပေါ်အထိရောက်အောင်တွဲခေါ်ပြီးထိုင်ခိုင်းကာ ပြန်ထသွားဖို့လုပ်နေတာမို့ ခါရူးရဲ့လက်ကိုလှမ်းဆွဲပြီးတားလိုက်သည်။

ခါရူး မိုရာ့ကိူအဆောင်ကိုပို့ပေးပြီး ပြန်ထွက်သွားဖို့လုပ်နေချိန် လက်ဆီကတင်းကြပ်မှု့ကိုခံစားရသောကြောင့်လှည့်ကြည့်မိတော့မိုရာကလှမ်းဆွဲထားတာဖြစ်သည်။အာ့တာကြောင့် အပြင်ကိုပြန်ထွက်မဲ့ခြေလှမ်းကိုမလှမ်းတော့ပဲ မိုရာဘေးကခုံမှာပြန်ထိုင်လိုက်သည်။

''ဘာလို့လဲ... မိုရာ''

မိုရာ့ရဲ့လက်ကိုပြန်ဆုပ်ကိုင်ပြီးမေးလိုက်တော့ ဖြူ​ဖျော့ပြီးအားနည်းနေတဲ့မျက်နှာလေးကခါရူးကိုမော့ကြည့်လာသည်။ထိုသိူ့ မျက်နှာလေးကိုမြင်ရလေ ခါရူးကိုယ့်ကို ကိုယ် ဒေါသထွက်လေဖြစ်သည်။ သူညံလို့ သူအသုံးမကျလို့ မိုရာနဲ့သူတိူ့နှစ်ယောက်ရဲ့ကလေးလေး ဒုက္ခရောက်မလို ဖြစ်ခဲ့ရတာဖြစ်သည်။

''သခင်...ဘယ်ကိုသွားမလို့လဲဟင်..မိုရာ့အနားမှာပဲနေပါ့လားဟင်''

''သခင်...သခင်''

''ဟင်...မိုရာ ဘာကိုပြောလိုက်တာလဲ''

''ဘယ်ကိုသွားမလို့လဲလို့''

''ခုနက ဖမ်းထားတဲ့လူတွေဆီကိုသွားရဦးမယ်လေ ပြီးတော့ သူတို့တာဝန်ယူထားတဲ့အလုပ်တွေကိုလဲ ပြန်ကြီးကြပ်ရဦးမှာမို့လို့ ခနလေးသွားမလို့လေ''

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Where stories live. Discover now