အပိုင်း(25)

1.2K 90 7
                                    

မိုရာ့အနားကိုခါရူးရောက်တာနဲ့မိုရာ့ကိုထိန်းပွေ့ကာ အနားကလူတွေကိုဆေးဆရာခေါ်ဖို့အော်လိုက်သည်

''ဘာလုပ်နေကြတာလဲ..ဆေးဆရာခေါ်ကြလေ ''

ခါရူးအော်လိုက်မှ ခုနကကျောက်ရုပ်လိုရပ်ပြီးကြောင်ကြည့်နေသည့်လူတစ်စုက လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ဆေးဆရာခေါ်တဲ့လူကခေါ် မိုရာလှဲလို့ရအောင်ခုံပြင်ပေးတဲ့သူကပြင်ပေးနဲ့ယောက်ယပ်ခပ်သွားသည်။ထိုသိူ့သောမြင်ကွင်းကို တစိမ့်စိမ့်ကြည့်နေတဲ့သူကတော့ နာရာပင်ဖြစ်သည်။

ဆက်ခံသူနေရာကိုရှုံးနိမ့်ပေမဲ့ ကိုယ်ခံစားသလိုမျိုးသူတို့ကိုခံစားနိုင်စေတဲ့အတွက် နာရာသိပ်ကိုကျေနပ်သည်။နာရာတိူ့ကျ မိသားစုတကွဲတပြားဖြစ်တဲ့အပြင် ကျွန်ဘဝကိုပါရောက်ရပြီး သူတို့ကျသာယာတဲ့မိသားစုဘဝကို အေးအေးဆေးဆေးနဲ့တည်ဆောက်ခွင့်မပေးနိုင်ပါဘူး။အခုတော့ ဘာတတ်နိုင်သေးလဲ ဆက်ခံသူရတော့မှာဆိုပြီးပျော်နေတဲ့ခါရူးရော ဆက်ခံသူကိုမွေးထူတ်ပေးတဲ့သူမိူ့ တစ်မျိုးနွယ်လုံးက ဖူးဖူးမှုတ်ထားတဲ့မိုရာရော သူတို့ရဲ့ကလေးသာပျက်စီးသွားရင်ဘယ်လိုမျက်နှာမျိုး ဖြစ်နေမလဲဆိုတာ သိချင်မိသလို။ထိုမျက်နှာထားတွေကိုလဲတစိမ့်စိမ့်ကြည့်နေမိသည်။

ဆေးဆရာရောက်လာကာမှ ခါရူးလဲစိတ်သက်သာရာရတော့သည်။မိုရာက ရုတ်တရပ်ဘာလို့ ဗိုက်ကအောင့်ရတာလဲသူနားမလည်တော့ပေ။

''ဆေးဆရာ ဘယ်လို​ဖြစ်ရတာလဲ''

''သခင်မက ကိုယ်ဝန်နုနေတဲ့အချိန်မှာ ထိတ်လန့်စရာနဲ့ကြုံရလို့နည်းနည်းသွေးလန့်ပြီးဗိုက်အောင့်တာပါ မစိုးရိမ်ရပါဘူး သခင်''

''အင်း''

ဆေးဆရာကိုပြောပြီးမှ အခုထိ မျက်ရည်လေးတွေဝဲ ပြီးစိုးရိမ်နေသေးတဲ့မိုရာ့ရဲ့လက်လေးကိုအုပ်ကိုင်လိုက်သည်။ပြီးကာမှ

''မိုရာ...မစိုးရိမ်နဲ့နော်ကလေးကဘာမဖြစ်ဘူးတဲ့..အာ့တာကြောင့်မိုရာကစိတ်ကိုအေးအေးထားနော်''

''ဒါ..ဒါပေမဲ့.ခုနက....''

မိုရာပြောချင်တဲ့အကြောင်းအရာကိုခါရူးသိသည်။.ခုနက နာရာက ဆေးခပ်ထားတယ်ဆိုတဲ့အကြောင်းကိုပြောနေတာဖြစ်သည်။သန္ဓေဖျက်ဆေးဆိုတာ အရမ်းအန္တာရယ်များသည်။ မိုရာကိုယ်ဝန်စရှိထဲကသောက်ခဲ့ရတာဆိုရင်အခုပဲ၃လ ကျော် ၄လနီးပါးကြာနေပြီဆိုတော့ ကလေးကပျက်စီးလောက်ပြီလေ။အာ့တာကိုအခုဆေးဆရာက ဘာမှလမဖြစ်ဘူးဆိူတော့ မိုရာ အံ့သြလဲ အံ့သြချင်စရာ ဘာလို့ဆို ဒီကိစ္စကို ဆေးဆရာနဲ့ခါရူးကလွဲရင်ဘယ်သူမှ မသိပေ။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Where stories live. Discover now