အပိုင်း(29)

904 100 5
                                    

အရာအားလုံးဖြစ်ပျက်သွားတာမနေ့တစ်နေ့ကလိုပင်။နာရာသေဆုံးသွားခဲ့တာလဲ ၅လ လောက်ရှိသွားသလို ပြသနာတွေအကုန်လုံးလဲငြိမ်းအေးသွားခဲ့ပြီဖြစ်သည်။ နာရာအတွက်တော့စိတ်မကောင်းဖြစ်မိသည်။သူသေဆုံးနေတာကို မနက်ပိုင်းတာဝန်ကျတဲ့တပ်သားက မနက်စာသွားပို့မှသိတာဖြစ်သည်။အမြဲလိုလိုရဲရင့်ပြတ်သားခဲ့တဲ့နာရာက ဒီတစ်ခါမှာလဲ သေဆုံးမဲ့လမ်းကိုပြတ်သားစွာရွေးချယ်သွားခဲ့သည်။

နာရာရဲ့ဦးလေးလုပ်သူကတော့အဖမ်းခံထားရတဲ့အချိန်မှာတောင်ထွက်​ပြေးဖို့ကြံစည်ပြီးသူ့ကိုလိုက်လံဖမ်းဆီးတဲ့တပ်သားတွေကိုရန်ပြုခဲ့တာမို့ ချန်ကိုယ်တိုင်အဆုံးသတ်ပြစ်ခဲ့တာဖြစ်သည်။အန်ဒရူးကတော့ ဘယ်ကိုရောက်သွားလဲဆိူတာခါရူးတစ်ယောက်သာသိမည်။မိုရာမေးလိုက်တိူင်းစကားလမ်းကြောင်းလွှဲလွှဲသွားတတ်တာမိူ့ မိုရာလဲဆက်မမေးဖြစ်တော့ပေ။မ​ဖြေချင်တဲ့သူကိုအတင်းမေးနေလို့လဲဘာမှမထူးတာမို့ ဒီတိုင်းသာနေလိုက်သည်။

''သခင်မ..ထိုင်နေတာအတော်ကြာပါပြီး ကိုယ်ဝန်အတွက်မသင့်တော်ပါဘူး''

''အင်း..ငါအတွေးလွန်သွားလို့ အဆောင်ကိုပြန်ကြမယ်''

မိုရာအတွေးလွန်နေတာကြောင့် ထိုင်နေတဲ့အချိန်ကြာမြင့်လာမှန်းတောင်မသိတော့ပေ။ကီကီ သတိပေးမှသာသတိဝင်တော့သည်။မိုရာရဲ့ကိုယ်ဝန်က ၉လ ပြည့်ခါနီးပြီမို့ ဖောင်းကားနေတာလေပူဖောင်းကြီးအတိုင်းပင်။ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ကြာကြာလဲထိုင်မရတော့သလို အိပ်ရာကထရင်ဖြစ်ဖြစ် ထိုင်ခုံံကထရင်ဖြစ်ဖြစ်တစ်ယောက်ယောက်က ကူတွဲပေးမှသာထနိုင်တာဖြစ်သည်။အခုလဲ ကီကီက လာကူတွဲပေးပြီးဘေးကနေထိန်းလျှောက်ပေးသည်။

''ခုရက်ပိုင်း..ဘီဘီလဲအလုပ်ရှုပ်နေတယ်ထင်တယ်နော်.သခင်မ.သိပ်တောင်မလာဘူး''

''အင်းလေ..သူရဲ့လက်ဆက်ပွဲ ပြီးထဲကမ​ ​တွေ့ရတာ သူကအရင်လိုမဟုတော့ဘူးလေ အိမ်ရှင်မဖြစ်နေပြီလေ''

ခါရူးကသူ့ရဲ့ကတိအတိုင်းချန့်ကို ဘီဘီနဲ့လက်ဆက်ပေးဖို့မိုရာ့ကိုလာပြောသည်။မိုရာလဲ ဘီဘီ့ကိုမေးကြည့်တော့သူလဲ ချန့်ကိုသဘောကျတာမို့လက်ခံတဲ့အကြောင်းပြောလာသည်။အာ့တာကြောင့်ခါရူးနဲ့မိုရာကပဲသူတို့ရဲ့အုပ်ထိန်းသူအနေနဲ့ လက်ဆက်ပွဲစီစဥ်ပေးခဲ့တာဖြစ်သည်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Where stories live. Discover now