အပိုင်း(24)

1.1K 80 5
                                    

''ဘာလဲ..ဘာတွေဖြစ်ကုန်တာလဲ''

အန်ဒရူးတစ်ယောက်မျက်စိရှေ့မှာတင်အတုံးအရုန်းသေနေတဲ့သူ့ရဲ့လက်အောက့ငယ်သားတွေကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိတုန်လှုပ်သွားသည်။သူတင်မက နာရာသည်လဲပဲ ခုနကလိုသူများဒုက္ခရောက်တာကိုကြည့်ပြီးကျေနပ်နေတဲ့ရုပ်မဟုတော့ပဲ တဖြည်းဖြည်းနဲ့မျက်နှာက ပျက်ယွင်းလာသည်။

အန်ဒရူးနဲ့နာရာတုန်လှုပ်နေတုန်းမှာပဲဘယ်ကမှန်းမသိတဲ့တပ်သားတွေကိုဦးဆောင်ပြီး ချန်ကရင်ပြင်ထဲကိုဝင်လာပြီးနောက် ခါရူးနဲမိုရာ့ရှေ့မှာကိုရောက်လာကာ အရိုအသေပေးလာသည်။

''ေနာက်ကျသွားတဲအတွက်တောင်းပန်ပါတယ်သခင်''

''အဆင်​ပြေပါတယ်မနောက်ကျသေးပါဘူး''

အန်ဒရူးကြည့်နေရင်းနဲ့ပင်နားမလည်နိုင်တော့ပေ။ နာရာရဲ့ ဦးလေးပြောတာက တပ်သားတွေကို အိမ်ပြန်လွှတ်လိုက်တယ်ဆိူပြီး အခုကဘယ်လိုဖြစ်ရတာလဲ။နာရာ့က်ုလှမ်းကြည့်တော့လဲအန်ဒရူးနည်းတူဘာမှ သိပုံမပေါ်ပေ။

''ဒါက ဘယ်လိုဖြစ်ရတာလဲ ဒီတပ်သားတွေကဘယ်လိုဖြစ်လို့''

''သိပ်ကိုအံ့သြ သွားလား အကိုကြီး''

''ဟက်...မင်းရဲ့တပ်သားလေးနည်းနည်းလောက်နဲ့ငါကကြောက်မယ်ထင်လို့လား''

''သေချာလား..အကိုကြီး.. အကိူကြီးရဲ့ပတ်ပတ်လည်မှာရှိသမျှက ကျုပ်လူတွေချည်းပဲနော်..ပြီးတော့ အနောက်ကိုလှည့်လိုက်ပါဦး''

ခါရူးကပြောပြီး မိုရာ့လက်ကိုဆွဲကာ ချန်ယူလာပေးတဲ့ခုံမှာထိုင်ခိုင်းလိုက်သည်။သူ့ရဲ့ချစ်ဇနီးက ကိုယ်ဝန်ကြီးနဲ့လေ အခုပဲကြောက်လန့်စရာကိစ္စရပ်နဲ့ကြုံထားရတာဆိုတော့အကြာကြီးမတ်တပ်ရပ်နေဖို့အဆ်မပြေဘူးလေ ..ဟုတယ်မလား အဓိကက သူ့ဇနီးလေး အဆင်ပြေဖို့ကအရင်ပဲ ကျန်တာက နောက်မှရှင်းမည်။

''ခနထိူင်နေဦးနော်စိတ်မပူနဲ့ကိုယ့်ကိုယုံတယ်မလား''

ခါရူးပြောသမျှကိုမျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကြောင်ကြည့်ပြီး ခေါင်းငြိမ်ပြနေတဲ့ရုပ်လေးကိုအသည်းယားလာတာမို့ မျက်နှာလေးကိုလက်ဖဝါးနဲ့အုပ်ကိုင်ကာ နဖူးလေးကိုဖွဖွလေးနမ်းလိုက်သည်။ပြီးနောက်ကီကီနဲ့ ဘီဘီ့ဖက်ကိုလှည့်ကာ

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Where stories live. Discover now