အပိုင်း(6)

1.5K 96 2
                                    

မိုရာ အဆောင် အောက်မှာ စောင့်နေရတာ.တော်တော်ကြာနေပြီ အခုထိအကြောင်းသွားကြားပေးတဲ့ အစောင့်ကပြန်မရောက်သေး။

"သခင်လေး  အစောင့်က ကြာလိုက်တာနော်''

ဘီဘီ ပြောတာလဲ ပြန်မပြောနိုင်ပဲ အဆောင်ဖက်ကိုသာ လှည့်ကြည့်နေမိသည်။တော်တော်ကြာမှ အစောင့်က ပြန်ရောက်လာပြီ

"သခင်ကြီး က ပြောတယ် မိုရာ ဆိုတာ သူ့အသိထဲမှာမရှိဘူးတဲ့''

"ဟင်.မဖြစ်နိုင်တာအာ့တာဆို အီရန်..ဟုတ်တယ် အီရန်သိတယ် အီရန့်ကိုမေးပေးပါ''

" သခင်လေးက အခုဆို ဟိုဘက်မျိုးနွယ်ရဲ့သခင်မဖြစ်နေပြီ မင်းစကားပြောတာဆင်ခြင်ပေးပါ ပြီးတော့ သခင်လေးကပါ တခါထဲမှာလိုက်ပြီးသား မင်းကို သူတို့ မသိတဲ့အတွက် အသာတကြည်ထွက်သွားလိုက်ပါ မဟုတ်ရင် နှင်ထုတ်ရလိမ့်မယ်''

"ဟင်...အီရန်က ဟိုဘက် မျိုးနွယ်သခင်မဆိုတာ.ဘာကိုပြောတာလဲ ''

"မင်းမသိဘူး လား သခင်လေးက ချောင်မျိုးနွယ်က သခင်လေး မက်သရူးနဲ့ လက်ဆက်ပြီးတာ၁ပတ်ကျော်ပြီ ကဲ မင်းထွက်သွားလိုက်တော့ ငါတို့ကိုအခက်တွေ့အောင်မလုပ်နဲ့''

အီရန်က လက်ဆက်လိုက်ပြီတဲ့လား။မိုရာ ကို ပြောတော့ အာ့လို မဟုပါဘူး။ အာ့တာဆို အစောကြီးထဲက သူတို့က ကြိုတင်ကြံစည်ထားတာပေါ့။ ဒီလူကို လက်မဆက်ရင် မျိုးနွယ်အတွက်အန္တာရယ်များလို့ငါ့ကို အတင်းထိုးထည့်လိုက်တာပေါ့။ငါကတုံးအ ပြီးတော့ ငါ့အပေါ်ကို ကောင်းလာပြီလို့တောင်တွေးလိုက်သေး။တကယ်က ငါ့ကို အသုံးချသွားတာ။.ငါ့ပြန်လာရင်လဲ အစထဲက လက်ခံဖို့​အစီအစဉ်မရှိဘူးပဲ ။

"ဘီဘီ လာ ပြန်ကြမယ် ''

"ဟင်...သခင်လေး..ဟိူ သခင်မကြီး နဲ့တွေ့ကြည့်ပါ့လား''

"ဘာမထူးဘူး ပြန်မယ်''

မိုရာလဲ ဘီဘီ့ကိုပြောပြီး ရှေ့က အရင်ထွက်လာလိုက်သည်။.အမေသိရင် မိုရာ့အတွက်စိတ်မကောင်းဖြစ်ရုံကလွဲ ပြီး ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာ သိနေတဲ့အတွက် အမေ့ကိုလဲ ဒုက္ခ မပေးချင်တော့​ေပ။.အခုဆို မိုရာက ဘယ်ကိုသွားလို့ သွားရမှန်းကိုမသိတော့တာ။မိုရာ့မှာ အားကိုးစရာ ဒီ မျိုးနွယ်ပဲ ရှိတာလေ ။အခု အားကိုးရမဲ့မျိုးနွယ်က နှင်ထုတ်လိုက်တော့ ဘယ်ကို အကူအညီတောင်းရမလဲ မသိတော့။.ဘီဘီကလဲ ပါတော့သူ့အတွက်ပါထည့်စဉ်းစားရမည်။.မိုရာအတွေးများစွာနဲ့ လျှောက်နေရင်း လူတစ်ယောက်ကိုဝင်တိုက်မိပြီး လဲကျသွားသည်

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Where stories live. Discover now