အပိုင်း(27)

1.3K 98 7
                                    

မိုရာထိုင်ခုံမှာစောင့်နေတုန်း ခါရူးကပြန်ရောက်လာသည်။အဆောင်ပေါ်ရောက်တဲ့အထိ ချန့်ကို စကားတွေပြောပြီးမှာနေတာမပြီးမစီးနိုင်။ သူတို့နှစ်ယောက်အနားကိုမိုရာထသွားလိုက်မှပဲ စကားစကိုဖြတ်ပြီးချန်က ပြန်သွားသည်။ခါရူးကတော့ မိုရာ့ဖက်ကိုလှည့်လာပြီး


''မိုရာ...ဘယ်အချိန်ထဲကနိူးနေတာလဲ''


''သိပ်မကြာသေးပါဘူး...သခင်ရေချိုးလိုက်လေ လန်းသွားအောင်''


''အင်း ချိုးမယ်..အာ့တာဆို ကိုယ့်ကိုခနစောင့်ဦးနော် ''


''အင်းပါ ဖြည်းဖြည်းလုပ်နော်မလောနဲ့ လး လန်းသွားအောင်ရေပါစိမ်လိုက် မိုရာရေစပ်ခိုင်းထားတယ်''


''အွန်း...''

ခါရူးကပြောပြီးရေချိုးတဲ့အဆောင်ဖက်ကိုဝင်သွားသည်။အာ့အခါကျမှ မိုရာလဲ စားစရာပြင်ဖို့ ဘီဘီ တို့ကို ပြောလိုက်ပြီး မိုရာလဲဝင်ကူလိုက်သည်။စားပွဲ ပြင်ပြီးသိပ်မကြာခါရူးက ရောက်လာတာမို့ ထမင်းကိုသာအရင်စားလိုက်သည်။



ထမင်းစားသောက်ပြီးတော့ အစေခံတွေက စားပြီးသားပန်းကန်တွေကိုသိမ်းသွားပြီး အချိုပွဲလာချပေးတာမို့ အချိုပွဲစားရင်မိုရာစိချင်တဲ့အကြောင်းတွေကို မေးလိုက်သည်။


''ခါရူး....ဟိုလေ.. မေးစရာရှိလို့''


''ဟင်...မေးလေ.ဘာမေးချင်တာလဲ''


''နာရာတို့ကိစ္စကိုဘယ်ကထဲကသိနေတာလဲဟင်''


မိုရာမေးပြီးခါရူးမျက်နှာကိုသာကြည့်နေလိုက်သည်။ခါရူးက ရေနွေးကြမ်းတစ်ခွက်မော့သောက်ခါသက်ပြင်းချပြီး မိုရာ့ရဲ့မေးခွန်းကိုပြန်ဖြေလာသည်။


''ကြာပြီ..ကိုယ်နဲ့သူလက်ဆက်ပြီးတစ်နှစ်လောက်ထဲကကိုယ်သိနေခဲ့တာ ကိုယ်ကမျိုးနွယ်အတွက် ခရီးတွေထွက်နေရပေမဲ့ ကိုယ့်ရဲ့မျိုးနွယ်ကိုတော့ဒီတိူင်းထားရလောက်တဲ့အထိမညံ့သေးဘူး...ကိုယ့်ဖခင်လက်ထက်ထဲက ဖွဲ့စည်းထားတဲ့လျှို့ဝှက်အဖွဲ့ရှိတယ်အာ့အဖွဲ့ကိုစုံစမ်းခိုင်းထားလိုက်တာ...မျိုးနွယ်ထဲမှာဖြစ်နေသမျှ ပြသနာကိုယ်အကုန်သိတယ်''



ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Where stories live. Discover now