အပိုင်း(32)

843 79 7
                                    

ဝမ်းနည်းနေတဲ့ကိုယ်ဝန်သည်လေးကိုခါရူးပွေ့ဖက်ရင်းနှစ်သိမ့်နေရသည်။ဘယ်လောက်ထိဝမ်းနည်းနေလို့လဲမသိ တဟင့်ဟင့်နဲ့ရှိုက်နေတာခုထိရှိုက်တုန်းကြာလာတော့သူတစ်ခုခုဖြစ်မှာစိူးတာကြောင့်ချော့မော့ပြီးရင်ခွင်ထဲကထုတ်ကာ မျက်ရည်လေးတွေသုတ်ပေးလိုက်သည်။ငိုထားလို့မျက်နှာလေးကမို့အစ်နေရုံမက နီနီရဲရဲလေးပါဖြစ်နေတာမို့ပန်းသီးနီနီလေးနဲ့တောင်တူသည်။ခါရူးအသည်းယားလာတာမို့ ပါးနီနီဖောင်းဖောင်းလေးကိုနှာခေါင်းနစ်ဝင်အောင်နမ်းလိူက်သည်။ကိုယ်ဝန်လရင့်လာလေ မိုရာ့ရဲ့အသားအရေလေးတွေက နုဖက်လာလေဖြစ်သည်။ဆေးဆရာကတော့ ကိုယ်ဝန်ကြောင့် သွေးသားပြောင်းလဲတာလိူ့ပြောသည်။ခါရူးက မိုရာကခူလိုနုဖက်လာလေ မထိရက်မကိုင်ရက်ဖြစ်လာလေဖြစ်သည်။



''ကလေးလေး...ငိုတာတော်တော့နော် ဗိုက်ဆာနေပြီမလားနေ့လည်စာပြင်ခိုင်းထားတယ်သွားစားကြမယ်နော်''

ခါရူးကအာ့လိုပြောမှ မျက်နှာသေးသေးလေးကခါရူးကိုမော့ကြည့်ပြီးခေါင်းငြိမ့်ပြလာတာမို့ ဗိုက်ကလေးကိုတွဲ ပြီး အစေခံမလေးတွေပြင်ထားတဲ့စားပွဲကိုလျှောက်လာပြီး မိုရာ့ကိုအရင်ထိုင်စေကာခါရူးကတော့ဘေးမှာသာဝင်ထိုင်လိုက်သည်။ထိူ့နောက်မိုရာ့ထမင်းပန်းကန်ထဲကိုဟင်းတွေခပ်ထည့်ပေးလိုက်သည်။


ထည့်ပေးသမျှကိုပါးလေးဖောင်းတဲ့အထိတမြုံ့မြုံ့နဲ့ဝါးစားနေတဲ့မိုရာ့ကိုကြည့်ပြီးခါရူးဝမ်းနည်းသွားရသည်။ဘယ်လောက်တောင်ဆာနေလို့ ခေါင်းတောင်မဖော်နိုင်အောင်စားနေရလဲဆိုတာပြောမပြတတ်အောင်ပင်။ခါရူးလဲဘာမှမပြောပဲ.သူ့အတွက်ဟင်းတွေသာထည့်ပေးလိုက်ပြီးနင်နေမှာစိုးတာကြောင့်ရေခွက်လေးကိုလဲအနားမှာချပေးလိုက်ပြီး



''ကလေးလေး...ရေလေးလဲသောက်လိုက်ဦးနော်ဖြည်းဖြည်းလဲစားဦးနင်နေမှာစိုးလို့''


''အွင့်းးအွင်းးး''

ပလုတ်ပလောင်းနဲ့ပြန်ဖြေပြီးရေကိုယူသောက်နေမို့တော်ကြာရေသီးမှာစိုးတာကြောင့်ခါရူးကိုယ်တိူင်ပဲယူတိုက်လိုက်ရသည်။


ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Where stories live. Discover now