" ဝေါ့..''
"ရရဲ့လား ရာရာ အဆင်ပြေလား ဟင်''
မနက်မိုးလင်းအိပ်ရာ နိုးထဲက လေတွေအန်နေတဲ့ မိုရာ့ အနားမှာ ခါရူး က ကျောလေးပွတ်ပေးနေတာဖြစ်သည်။ အရင်နေ့တွေက ဘာမှ မဖြစ်ပဲခု ကျမှ အန်နေတော့ ခါရူးစိုးရိမ်နေရသည်။.မိုရာ က အန်ပြီးတော့ မောသွားတယ်ထင်ပါရဲ့ ခါရူးရဲ့ရင်ခွင်ထဲကို မှီပြီး မှိန်းနေသည်။
"ကလေးလေး..သက်သာလား ကိုယ်ချီခေါ်သွားမယ်နော်''
မိုရာက စကားတောင် ပြန်မပြောနိုင်ပဲခေါင်းလေးသာ.ငြိမ့်ပြသည်။ ခါရူးလဲအိပ်ရာ ပေါ်ကိုချပေးပြီး စောင်လေး ခြုံပေးလိုက်သည်။ မိုရာ့ရဲ့ မျက်နှာလေးက ဖြူဖျော့ပြီးနွမ်းလျနေသည်။
"ဆေးဆရာ ခေါ်ထားတယ် ခနပဲစောင့်နော် ''
ပြာယာခတ်နေတဲ့ခါရူးကိုကြည့်ပြီး မိုရာတစ်ယောက် ဘာပြောလို့ ပြောရမှန်းကို.မသိတော့ပေ။မိုရာ အန်တယ်ဆိုတာကလဲ ကိုယ်ဝန်ကြောင့်ဖြစ်သည်။.တခြားကိုယ်ဝန်ဆောင်တွေလဲ ဒီလိုပဲ အန်ကြတာကို ခါရူးက အရမ်းတွေစိုးရိမ်နေသည်။.ဒါပေမဲ့ မိုရာက တခြားသူနဲ့မတူတာကတော့ ကိုယ်ဝန် ၃လ ကျော်မှ အန်တာ ဖြစ်သည်။.မနက်ကလဲ အိပ်ရာ နိူးနိုးချင်း ရင်ထဲမှာလှိုက်တက်ပြီး အန်ချင်လာတာ ဖြစ်သည်။
"သခင်...အရမ်းကြီး မစိုးရိမ်ပါနဲ့''
"မစိုးရိမ်လို့ ရမလား မင်းက ကိုယ်ဝန်နဲ့လေ ပြီးတော့ ခုလဲ ရုတ်တရက်ကြီး ထအန်နေတာမလား တော်ကြာ တစ်ခုခုဖြစ်နေမှာ ဆိုးလို့....အာ့ဆေးဆရာကလဲ ကြာလိုက်တာ ချန်ကလဲ မြန်မြန် ခေါ်ခဲ့ပါဆိုတာကို ခုထိ မလာသေးဘူး''
မိုရာ့ကို ပြောပြီး သူ့ဘာသာ ပြောနေလေသည်။ သခင်က ခုလို သူ့အပေါ်မှာ စိုးရိမ်ပေးတာ မြင်ရတော့ သိပ်ကို ဝမ်းသာရသလိုကြည်လဲ ကြည်နူးမိသည်။
"သခင်...မိုရာ့ အနားကို လာပါဦး''
အိပ်ရာဘေးမှာ မထိုင်ပဲနဲ့ ဟိုဖက် ဒီဖက်ကို ခေါက်တုံ့ခေါက်ပြန် လျှောက်နေတဲ့သခင့်ကို ကြည့်ပြီး မိုရာ့အနားမှာ လာထိုင်ဖို့ပြောလိုက်တော့ အနားကို ရောက်လာသည်။
YOU ARE READING
ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'
Historical Fictionရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.