အပိုင်း(7)

1.5K 93 0
                                    

မိုရာ အခန်းထဲမှာသာ.နေပေမဲ့ အိပ်မပျော်​နိုင်သေးပါ။ မိုရာ တစ်ယောက်ထဲဆိုရင်အဆင်ပြေသလိုနေလို့ရပေမဲ့ ဘီဘီ့အတွက်ကလဲ ထည့်စဥ်းစားရသေးသည်။ ခါရူး ဆိုတဲ့လူကိုပဲ အကူအညီတောင်းရင်ကောင်းမလား လို့တွေးမိတာလဲ အခါခါပင်။.ခနခန အကူအညီပေးနေရတော့လဲ အားနာစရာကောင်းလှပြီဖြစ်သည်။ ဒါပေမဲ့ အကူအညီတောင်းဖို့ အသိ ဆိုတာကလဲ သူတစ်ယောက်သာရှိနေတော့ လဲ မိုရာ့အတွက်စဥ်းစားရကြပ်ပြန်သည်။ဘာပဲ ဖြစ်ဖြစ် အစေခံလိုပဲနေရပါစေ သူ့ရဲ့မျိုးနွယ်ကအိမ်မှာ လိုက်နေဖို့ ခွင့်တောင်းရမည်။ မိုရာ ထိုသို့ တွေးမိပြီး သူ့ကို တွေ့ဖို့ ချက်ချင်း အပြင်ကိုထွက်လာမိသည်။

ခါရူး ထွက်သာ လာရတာ မိုရာက အိပ်နေရင် ဘယ်လိုလုပ်မလဲဆိုတာတွေးနေမိတုန်း မိုရာကလဲ အခန်းထဲက ထွက်လာတာကို မြင်ရတဲ့အတွက် ခြေလှမ်းကို ပိုမြန်ပြီး အနားရောက်အောင်သွားလိုက်သည်။

"မိုရာ အိပ်လို့ မပျော်ဘူးလား ''

"ဟင်..''

မိုရာ အပြင်ကို လျှောက်လာပေမဲ့စိတ်ကတော့ ခါရူးလက်ခံပါ့မလားလို့တွေးနေမိတာနဲ့ ရှေ့က လာနေတဲ့လူကိုမမြင်မိပေ။ထိုလူက မိုရာ့ နာမည်ကိုခေါ်မှ ပဲ သတိပြန်ဝင်တော့သည်။

"ဘာတွေ တွေးနေလို့ ကို့ ကို မမြင်ရတာလဲ''

"ဘာမှ မတွေးပါဘူး ''

"အင်း  အခုကရော ဘယ်ကိုလဲ အိပ်မပျော်လို့လား''

"အိပ်မပျော်လို့ မဟုတ်ပါဘူး ဟို ခါရူး ဆီကိုလာတာ ''

"တိုက်ဆိုင်တာပဲ ကိုယ်လဲ မိုရာ့ဆီလာတာ''

"ဟင် မိုရာ့ဆီ...''

"ဟုတ်တယ်... မိုရာက ကိုယ့်ဆီလာတာဘာကိစ္စ ရှိလို့လဲ''

"မိုရာ.ပြောစရာရှိလို့''.

"တူနေပြန်ပြီ ကိုလဲ ပြောစရာရှိလို့''

"မိုရာ့ကိုလား...''

"ဟုတ်တယ်  ဒါပေမဲ့ မိုရာ အရင်ပြောပါ''

"အာ့တာဆို ဟိူနားက အပင်အောက်ကို သွားကြမယ် ဒီမှာက လူသွားလမ်းကြီးဖြစ်နေတော့ အဆင်မပြေလောက်ဘူး''

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'Where stories live. Discover now