အပိုင်း ၀၆၈ ၊။ လီgong အွန်လိုင်းပြန်တက်လာပြီ

Start from the beginning
                                    

"မစ္စတာယောင်အနေနဲ့ ဒီလိုမပြတ်မသား အကြံပြုချက်လေးအနည်းငယ်နဲ့ Flynews, Night နဲ့ ယွီရှောင်းမီဒီယာတွေကို ကြားဝင်စေ့စပ်ပေးနိုင်မယ်လို့ ထင်နေတာတော့မဟုတ်ပါဘူးနော်?" ထောင်မု မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး ခပ်ရိုင်းရိုင်းသရော်ပြုံးပြုံးလာသည်: "ကျွန်တော် တစ်ခုလောက် သတိပေးမယ်နော်, ဒီနေရာကပေကျင်း, ပြီးတော် အခုက ၂၀၀၈ခုနှစ်ရောက်နေပြီဗျ။ စီးပွားရေးလာလုပ်တဲ့လူအကုန် ဥပေဒေကို လိုက်နာပြီးနေထိုင်ရမှာ။ ဆွေးနွေးတဲ့နေရာမှာ ဇာတ်လမ်းတွေပြောပြီး အတိတ်ကိုလွမ်းပြနေတာက ကောင်းတဲ့ အမူအကျင့်တော့ ဟုတ်မနေဘူးပဲ"

"အချိန်က တန်ဖိုးရှိလွန်းတယ်လေ။ ကျွန်တော်တို့ ဆွေးနွေးပွဲကို နှစ်​ဖက်ရှေ့နေတွေဆီပဲ လွှဲပေးလိုက်တာမကောင်းဘူးလားလို့ပါ"

ယောင်ရှန်အန်းရဲ့ မျက်နှာအမူအရာက နည်းနည်းမှုန်ကျသွားတယ်: "အသက်ငယ်ငယ်လေးနဲ့ လျှာစောင်းထက်လှချည်လားကွ"

"မစ္စတာယောင်လည်း ဖြတ်လတ်နေတုန်းပါပဲ။ ပြီးတော့ ခင်ဗျားလည်း အသက်ဖြင့်ကြီးနေပြီကို ဆူဆောင့်ပြီးပြောနေတာပဲမဟုတ်လားဗျ?" ထောင်မုကတော့ ပါးကိုက်နားကိုက် ပုံစံနဲ့ပဲ ပြန်ဖြေ​လိုက်သည်။ ယောင်ရှန်အန်းနဲ့ အရည်မရအဖတ်မရတွေ ဆက်မပြောချင်တော့တာကြောင့် ညှိနှိုင်းတဲ့ကိစ္စကို စိတ်အားထက်သန်နေတဲ့ သူ့ရဲ့ရှေ့နေကျိုးဆီပဲ တိုက်လိုက်လွှဲပေးလိုက်ပြီ။

"မင်္ဂလာပါ ဥက္ကဌယောင်" , ရှေ့နေကျိုးက သူ့ရဲ့ ဘောင်မခတ်ထားတဲ့မျက်မှန်ကို နှာတံပေါ်ပင့်တင်လိုက်ပြီး, ယဥ်ကျေးတဲ့ အမူအရာနဲ့ပဲ "ကျွန်တော်ကတော့ Nightရဲ့ ပိုင်ရှင် လျှို့ယောင်နဲ့ Flynewsရဲ့ သူ​ဌေးထောင်တို့ ခန့်အပ်ထားတဲ့ တရားရှေ့နေပါ။ ဆက်လက်ဆောင်ရွက်မယ့် ကိစ္စတွေမှာ ကျွန်တော့်အမှုသည်တွေအတွက် တရားမျှတမှုနဲ့ လိုအပ်တာတွေရနိုင်ဖို့ အခိုင်အမာလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ခင်ဗျားရဲ့မြေး ယောင်ဝမ်ရှောင်း, ယွီရှောင်းသတင်းဌာနရဲ့ တရားဝင် တာဝန်ရှိသူအဖြစ်ဆောင်ရွက်နေတဲ့သူက, အောက်တိုဘာ ၃ရက်, ၂၀၀၈ခုနှစ်မှာ XXအပတ်စဉ်လိုမျိုး မဂ္ဂဇင်းတိုက်, သတင်းစာတိုက် ဆယ်ခုမကကို တိတ်တဆိတ်ဆက်သွယ်ပြီး ကျွန်တော့် အမှုသည်တွေအပေါ် အသရေဖျက်ဖို့အတွက် သတင်းအမှားတွေထုတ်ပြန်ဖို့အတွက် လာဘ်ထိုးငွေတွေ ပေးအပ်ခဲ့တယ်။ အဲ့ကိစ္စကြောင့် ကျွန်တော့် အမှုသည်တွေဖြစ်တဲ့, Flynewsနဲ့ Night ကလပ်ရဲ့ ဂုဏ်သိက္ခာပိုင်းရော စီးပွားရေးကဏ္ဍမှာပါ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ယွီရှောင်းနဲ့ Flynews ကြားက စီးပွားရေးချဲ့ထွင်မှုက တူညီတာတွေအများကြီးရှိတာကြောင့် ယွီရှောင်းမီဒီယာက မမျှမတ ယှဉ်ပြိုင်နေတယ်လို့ သံသယဝင်စရာ အကြောင်းအရာတွေလဲ လုံလုံလောက်လောက် ရှိပါတယ်ခင်ဗျ။ ယွီရှောင်းသတင်းဌာန အပါအဝင် လာဘ်ငွေယူထားတဲ့ ​ဒါဇင်နဲ့ချီတဲ့ သတင်းဌာနတွေက မြို့သူမြို့သားတွေကို သတင်းအမှားတွေတင်ဆက်ခဲ့ပြီး, ရလာဒ်အဖြစ် အင်တာနက်ပေါ်ကနေ တိုက်ခိုက်မှုတွေကြုံခဲ့ရတာကြောင့် ကျွန်တော့် အမှုသည်တွေအပေါ် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ကျရောက်ခဲ့ပါတယ်။ ဒါကြောင့်, ကျွန်တော်တို့ဖက်ကနေ စီးပွားရေးနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအတွက် နစ်နာကြေးစုစုပေါင်း သန်း ၁၆၀ တောင်းဆိုချင်ပါတယ်..."

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now