အစီအစဉ်များ

1.2K 204 3
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၃၆ ။ အစီအစဉ်များ

ထောင်မုသည် Fly News ကို အွန်လိုင်းပေါ် တွင်စက်တင်ဘာလ ၉ရက်နေ့ ည ၁၂ နာရီတွင် ချပြရန် စီစဉ်ထားခဲ့သည်။

တကယ်တော့ အွန်လိုင်းပေါ် မတင်ခင်မှာပင်အခန်း 301 ၏ကြိုးစားအားထုတ်မှုများကြောင့် စီနီယာကျောင်းသားတချို့အပါအဝင် 2008 ပေကျင်းရုပ်ရှင်မှ ကျောင်းသားသစ်များအားလုံး ဤအကြောင်းကို သိခဲ့ကြပါသည်။

ထို့ကြောင့် ၂၀၀၈ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့ ညတွင် ကွန်ပျူတာတစ်လုံးပိုင်ဆိုင်သော ပေကျင်းရုပ်ရှင် ကျောင်းသားအများစုသည် ၎င်းတို့၏ကွန်ပြူတာရှေ့တွင် ဝက်ဘ်ဆိုကမဒ်သို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေခဲ့ကြသည်။

၎င်းသည် ဝက်ဘ်ဆိုက်ဒ်ကို စတင်ချပြသည့် ပထမဆုံးနေ့ဖြစ်ပြီး ဝက်ဘ်ဆိုက်ဒ်တွင် ပြုလုပ်သည့် တစ်ခုတည်းသော လုပ်ဆောင်ချက်မှာ ကျောင်းအလှလေး နှင့် ကျောင်းလူချောအတွက်မဲ‌ပေးရန်ဖြစ်သည်။ ထောင်မုသည် 2008 ခုနှစ် ကျောင်းသားသစ်များ၏ ဓာတ်ပုံများသာ ရရှိသောကြောင့် ယခုအချိန်တွင် ၎င်းကို အတန်းအလှလေးနှင့် အတန်းလူချောဟုခေါ်ရန်သာ ပိုသင့်လျော်ပုံရသည်။

တစ်ချိန်တည်းမှာပင် ကျောင်းသားများ ဝက်ဘ်ဆိုက်ဒ်တွင် စာရင်းသွင်းလာစေရန်အတွက် ထောင်မုသည် အကြီးတန်းများ၏ ဓာတ်ပုံများတင်ပြီး ပြိုင်ပွဲတွင်ပါ၀င်အောင် ပြုလုပ်ခဲ့သည်။

"အိုးမိုး အိုးမိုး ငါတို့ မုမုကို မဲပေးချင်တယ်၊ ငါတို့ မုမုရဲ့ ဓာတ်ပုံ ဘယ်မှာလဲ~~"

ပေကျင်းရုပ်ရှင် အခန်း 002 တွင် မိန်းကလေးတစ်ဦးသည် ၎င်း၏စားပွဲခုံတွင် ထိုင်ကာ အကောင့်တစ်ခုကို အမြန်ဆုံးစာရင်းသွင်းပြီး မဲပေးသည့်နေရာကို တိုက်ရိုက်ဝင်ရောက်ခဲ့သည်။သူမသည် ကျောင်းလူချောအတွက် သူမနှလုံးသား၏ရွေးချယ်မှုကို မဲပေးချင်ခဲ့သည်။ သို့သော် မဲပေးလို့မရဖူးဟုသာ ထွက်လာခဲ့သည်။ ယင်းအစား အသုံးပြုသူများသည် ၎င်းတို့၏ Mr. Perfect မရောက်မချင်း ဓာတ်ပုံနှစ်ပုံကို နှိုင်းယှဉ်ကာ ဖြည်းညှင်းစွာ ရွေးချယ်ရမည့်ပုံစံဖြစ်သည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးDonde viven las historias. Descúbrelo ahora