ပေကျင်းသို့ ရှန်းယွီ ရောက်လာခြင်း

769 106 0
                                    

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း၀၅၁ ။ ပေကျင်းသို့ ရှန်းယွီ ရောက်လာခြင်း

"ထောင်မု၊ မင်း နောက်ဆုံးတော့ ငါ့ကိုရှာဖို့ သတိရပြီပေါ့!" တန်ဖိုးကြီးဇိမ်ခံပစ္စည်းတို့နှင့် တန်ဆာဆင်ထားသည့် သီးသန့်ခန်းတွင် လုံထျန်းအောက်က ထောင်မုအား ညှိုးငယ်စွာ ကြည့်လိုက်သည် "မင်းငါ့ကို မေ့သွားပြီထင်နေတာ"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ထောင်မုက ပြုံးရင်း လုံထျန်းအောက်အတွက် ဘီယာတစ်ခွက်ထည့်ပေးလိုက်သည် "မင်း ငါ့ကို အများကြီးကူညီပေးခဲ့တာပဲကို။ ငါ့မှာ ကောင်းတာတစ်ခုခုရှိရင် သေချာပေါက် မင်းကိုဘယ်လက်လွှတ်စေပါ့မလဲ"

ထောင်မုသည် လုံထျန်းအောက်အား FlyNews ၏ ကျောင်းအလှလေးနှင့်ကျောင်းလူချော ရွေးချယ်ပွဲအကြောင်း ပြောလိုက်သည် ".....အခု ငါတို့ mentor နှစ်ယောက်လိုတယ်။ ရှကျီးရှင်းအင်တာတိန်းမန့်ဘက်က စိတ်ဝင်စားလားတော့မသိဘူး?"

လုံထျန်းအောက်သည် ကိစ္စတွေက သိပ်မရိုးရှင်းကြောင်း သတိပြုမိပြီး မျက်မှောင်ကြုံ့သွားသည် "ဒါထက် ပိုတယ်ထင်တယ်နော်။ မင်းက ဒီလို အရွေ့ကြီးကြီးတစ်ခုလုပ်ထားတာ။ ပြိုင်ပွဲပုံစံတင် သုံးထားတာမဟုတ်ဘဲနဲ့ အေဂျင်စီတွေနဲ့ လက်မှတ်ထိုးပြီး debut ဖို့ထိတောင်လေ။ တီဗီရုပ်သံလိုင်းတွေနဲ့လည်း မပူးပေါင်းထားဘူး။ ဒါပေမဲ့ အင်တာနက်အသုံးပြုသူ တွေကိုလည်း မဲပေးစေချင်သေးတယ်။ ပြီးတော့ ငါ မင်း ဗီဒီယိုဆိုက်တွေနဲ့ ချိတ်ထားတယ်လို့လည်း မကြား..."

ပြောနေရင်းမှ လုံထျန်းအောက်သည် ထောင်မုကို လေးလေးနက်နက်ကြည့်လိုက်သည် "ဖြစ်နိုင်တာ FlyNews က ဒီအခွင့်အရေးကိုအရယူပြီး ကိုယ်ပိုင် ဗီဒီယိုဝက်ဆိုက်ထောင်ချင်တာများလား? Maoku.com နဲ့ Tomato.com လိုမျိုးလေ?"

ထောင်မုသည် လုံထျန်းအောက်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သည်အကြောင်းကို သူ့အတန်းဖော် ၃ယောက်နှင့်ပြောတုန်းကပင် တစ်ယောက်မှသဘောမပေါက်ခဲ့ကြပေ။ သို့ပေမဲ့ သူ အခုလေးတင် လုံထျန်းအောက်ကို ဝေဝါးဝါးသာ ထည့်ပြောလိုက်ပေမဲ့ တစ်ဖက်သူက မြန်မြန်ဆန်ဆန်ကောက်ချက်ချလာနိုင်သည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now