အအေးမိသွားပြီ

2.7K 431 1
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၀၇ ။ အအေးမိသွားပြီ

လော့ယန်သည် သူ၏ ငယ်သူငယ်ချင်းကို အကကြမ်းပြင်ထက်သို့ဆွဲခေါ်လာပြီး ဝင်လာသည့်အခါတွင် ထောင်မုသည် ဆွဲဆောင်မှုရှိသော မိတ်ကပ်နှင့် ခပ်ဟော့ဟော့ဝတ်ထားသည့် မိန်းကလေးတစ်ယောက်နှင့်အတူ ကလျက်ရှိသည်။

ထိုမိန်းကလေး၏ပုံစံသည် လှိုင်းတွန့်ဆံပင်ကောက်ကြီးများ၊ သူမ၏တင်ပါးကို ပင့်တင်ထားသော ရွှေဝါရောရောင် မီနီ၀တ်စုံ၊ မှုန်နေအောင် ခြယ်မှုန်းထားသည့် မိတ်ကပ်နှင့် အနီရောင်နှုတ်ခမ်းမှာလည်း ရဲရဲတောက်လျက်ရှိသည်။ စင်ပေါ်မှ မီးအလင်းများ သူတို့ပေါ်ကျရောက်လာသည့်အခါ  ထိုမိန်းကလေးသည် သူမ၏လက်များမြှောက်ပြီး ထောင်မု ရှေ့တွင် တင်ပါးကို လှုပ်ရမ်း၍ ကပြခဲ့သည်။ ကနေစဉ်အတွင်း သူမ၏ ပျော့ပြောင်းသော ခန္ဓာကိုယ်သည် ထောင်မုကိုယ်ကို ပွတ်တိုက်သွားခဲ့သည်။ သူမခေါင်းကို အနည့်ငယ်စောင်းလိုက်သည့်အခါတွင် သူမ၏ကောက်နေသော ဆံပင်များသည် ထောင်မု မေးစေ့နှင့် ထိတွေ့ခဲ့သည်။ ထောင်မုသည် သေးသွယ်ပြီးပျော့ပြောင်းသော သူမ၏ခါးကို ပွေ့ဖက်၍ စည်းချက်ညီစွာဖြင့် လိုက်ပါကခုန်နေခဲ့သည်။

ကခုန်ရင်းပူလောင်လာကြသည့်အခါ ချောမောပြီး ပြေပြစ်သော ထောင်မု၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်လာခဲ့ပြီး ထိုအပြုံးသည် ချစ်ဖို့ကောင်းနေပေမယ့် အထီးကျန်ဆန်နေပုံရသည်။ မီးအလင်းသည် ထောင်မုဆီသို့ ကျရောက်လာချိန်တွင် ချောမောပြေပြစ်သော အသွင်ပြင်သည် ပို၍ထင်ရှားပြီ ဆွဲဆောင်မှုရှိစွာ ထွက်ပေါ်လာသည်။ သူ၏နှာတံဖျားနှင့် မျက်နှာပေါ်သို့ ချွေးစက်လေးများ ကျဆင်းလာသည်။ ‌စင်အောက်မှ ကောင်မလေးများ၏အော်ဟစ်သံများနှင့် သူတို့၏အချစ်ကို ဖော်ပြနေကြသည့်အချိန်တွင် သူ၏ ဆွဲဆောင်မှုရှိသောသော နှုတ်ခမ်းပါးထက်တွင် အပြုံးတစ်၀က်ကို  ဆင်မြန်းပြီး သူ၏နက်မှောင်သော မျက်လုံးများသည် လူအုပ်ကြီးကို ဝေ့ဝိုက်၍ကြည့်နေခဲ့သည်။ ရက်စက်ပြီး အထိန်းအကွပ်မဲ့သော သူ၏ပုံစံသည် ချက်ချင်းပင် မိန်းကလေးများ၏ အော်ဟစ်သံများ တိုးမြှင့်လာစေပြီး အကကြမ်းပြင်ထက်တွင်ရှိသည့် ကောင်လေးများ၏ လေချွန်သံများတောင် တိုးမပေါက်နိုင်တော့ပေ။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now