အပိုင်း ၀၆၄ ။ ရှန်းချန် ပေကျင်းသို့လာခြင်း

911 102 0
                                    

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး


အပိုင်း ၀၆၄ ။ ရှန်းချန်ပေကျင်းသို့လာခြင်း


လျှို့ယောင်က ပြောလိုက်ပြီးချင်း သီးသန့်ခန်းရှိ မသက်မသာဖြစ်နေကြသော ဧည့်သည်များကို ပြုံးပြပြီး သူ့မျက်ခုံးကိုပင့်ကာ မေးလာသည် "အားလုံး ကျွန်တော်ပြောလိုက်တာနဲ့ပတ်သက်ပြီး ပြဿနာမရှိကြဘူးမလား?"

"မရှိပါဘူး မရှိပါဘူး။ မစ္စတာလျှို့ရဲ့စကားလုံးတွေက တကယ့်ကိုမှန်ကန်လှပါတယ်။ မစ္စတာ ပြောတာမှန်ပါတယ်။ ကျွန်တော်တို့ ဒီကို ပြေပြေလည်လည်ညှိနှိုင်းဖို့လာတာပါ" စိုးရိမ်ဖွယ် ဆံပင်နည်းပါးနေသည့် ပြဿနာရှိသော အယ်ဒီတာများထဲမှတစ်ယောက်က ကပ်ဖားယပ်ဖားအပြုံးမျိုးနှင့် ပြန်ဖြေလာသည်။

လျှို့ယောင်က နှာမှုတ်ပြီး သူ့လက်ကိုဆန့်ထုတ်ကာ ထောင်မုကို သူ့ဘေးနားလာထိုင်ဖို့ ကြိုဆိုလိုက်သည်။ ရတနာတွေကို ကမ်းပေးနေသည့်အလား သူက သူ့အိတ်ကပ်ထဲမှ ကားသော့တစ်တွဲလိုက်ကို ထုတ်ပြီး ထောင်မု ရှေ့သို့ တွန်းပို့လိုက်သည် "မင်းကားမောင်းသင်နေတာမလား။ ငါ မင်းရဲ့ ရှောင်ချီပါးနဲ့ ဆွေးနွေးကြည့်ပြီးပြီ အဲ့တာ ငါမင်းကို ကားတစ်စီးပဲ ဝယ်ပေးလိုက်မလို့လေ။ တကယ်လို့ ငါလုပ်စရာတစ်ခုခုရှိနေတဲ့အချိန် မင်းကိုလာမကြိုနိုင်ဘူးဆိုရင် ကျောင်းနဲ့ ဟို့ဟိုင်ကို အသွားအပြန်လုပ်ရတဲ့ဒုက္ခ သက်သာစေတာပေါ့"

ထောင်မုသည် အကြည့်တစ်ချက်နှင့်ပင် ထိုသော့များက Porsche ကားအတွက်ဖြစ်သည်ဆိုသည်ကို သတိထားမိသွား၍ မျက်မှောင်ကြုံ့လိုက်မိသည်။ သူငြင်းမလို့ပြင်လိုက်စဉ်မှာပဲ....

မုံ့ချီက ပြောလာသည် "ဒါ ငါနဲ့ မင်းပါးပါးယောင် လိုချင်တာပဲ။ မင်းသာ ငါတို့ကို အဖေတွေအဖြစ် တကယ်သဘောထားတယ်ဆို ဒီတိုင်း လက်ခံလိုက်။ အဖေက သားကိုပေးတဲ့လက်ဆောင်ကို သားကငြင်းဆန်လို့ဘယ်ဖြစ်မလဲ?"

"ဟုတ်တယ် ဟုတ်တယ်။ အကြီးကပေးတဲ့လက်ဆောင်ကို မငြင်းဆန်သင့်ဘူးလို့ ရှေးလူကြီးတွေမပြောခဲ့ဘူးလား။ မင်းငါတို့ကို မင်းအဖေတွေလို့ တကယ်သတ်မှတ်ရင် မင်းမငြင်းရဘူး" လျှို့ယောင်က သူ့ဘေးရှိ မုံ့ချီ၏ စကားများကို သံယောင်လိုက်လိုက်သည်။ စိတ်စောစွာဖြင့် သူက ကားသော့တွေကို ထောင်မုလက်ထဲ တိုက်ရိုက် ထိုးထည့်ပေးလိုက်တော့သည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now