အပိုင်း ၀၆၈ ၊။ လီgong အွန်လိုင်းပြန်တက်လာပြီ

475 81 3
                                    

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး

အပိုင်း ၀၆၈ ၊။ လီgong အွန်လိုင်းပြန်တက်လာပြီ

ထောင်မု အဲ့လောက်ထိသိနေလိမ့်မယ်လို့ ယောင်ရှန်အန်းမမျှော်လင့်မိခဲ့ပေ။ သူထင်ထားတာက စုန့်တောက်ကျန့်ရဲ့ စရိုက်နဲ့ဆို သက်ဆိုင်မှုမရှိတဲ့ ဂျူနီယာတစ်ယောက်ဆီ အတိတ်က ရန်ပွဲတွေအကြောင်းမပြောပြလောက်ဘူးလို့။ ဒါပေမယ့် ထောင်မု သိနေတယ်ဆိုရင်တောင်, ဘာမှပြောင်းလဲလို့ မရဘူးလေ: "အရင်က ဖြစ်ခဲ့တဲ့ကိစ္စတွေက အချိန်ရဲ့ နောင်တတွေနဲ့ပဲ ကျန်နေခဲ့ပြီ။ စုန့်မိသားစုမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်တော့ ငါလည်းတကယ်ဝမ်းနည်းမိပါတယ်၊ ဒါပေမယ့်, လူငယ်တွေဆိုတာ အနာဂတ်ကို မျှော်ကြည့်ဖို့လိုသေးတာဆိုတော့ အတိတ်ကို အတိတ်မှာပဲထားခဲ့ဖို့လိုတယ်။ အကယ်လို့ တောက်ကျန့်သာ မင်းကို တကယ့်​မြေးအရင်းတစ်ယောက်လို ချစ်တယ်ဆိုရင် မင်းကိုယ်မင်း ဘဝင်လေဟပ်ပြီး မဖြစ်နိုင်တဲ့အရာအပေါ် ကြိုးပမ်းနေအောင် မမြှောက်ပေးသင့်ဘူး။ လက်ရှိ မင်းရဲ့ အရည်အချင်းအရဆို, ရှန်အန်းအုပ်စုနဲ့ ထိပ်တိုက်တွေ့တာက ကျောက်ဆောင်ကို ကြက်ဥနဲ့ ပေါက်နေသလိုပဲဖြစ်နေမှာ။ လူငယ်လေး, မင်းက တကယ်အရည်အချင်းရှိတယ် ငါလည်း မင်းအပေါ်မှာ ကောင်းတဲ့စိတ်ပဲရှိတာ။ ငါအကြံပေးချင်တာက မဖြစ်နိုင်တဲ့အရာတွေကို ကြိုးစားလုပ်နေဖို့ပဲ။"

ထောင်မု ခပ်လှောင်လှောင်ပြုံးလိုက်သည်။ စုန့်တောက်ကျန့်က ရှန်အန်းအုပ်စုနဲ့ ရင်ဆိုင်ဖို့ သူ့ကိုမြှောက်မပေးသလို အတိတ်က ကိစ္စတွေလည်း ပြောမပြခဲ့ဘူးဆိုတာကိုတော့ ယောင်ရှန်အန်းကို ရှင်းပြမနေတော့။ ယောင်ရှန်အန်းလို့ ကိုယ့်တစ်ဖို့ပဲ ကြည့်တတ်တဲ့လူတစ်ယောက်က, လူအိုကြီးစုန့်မှာ ဘယ်လိုဖြောင့်မတ်တဲ့ အကျင့်စရိုက်ရှိလဲဆိုတာ ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူးလေ။

ထောင်မုက ယောင်ရှန်အန်းရှေ့မှာ သူ့အဖိုးရဲနာမည်ကို ထည့်ပြောဖို့တောင် ပျင်းနေခဲ့သည်။ စကားပုံတွေမှာ ပြောထားသလိုပဲ, ကိုယ်နဲ့ လမ်းကြောင်းချင်းမတူတဲ့လူတွေနဲ့ အလုပ်တွဲလုပ်ဖို့ မကြိုးစားနဲ့တဲ့။ ယောင်ရှန်အန်းရှေ့မှာ သူ့လူအိုကြီးရဲ့ နာမည်ကိုထည့်ပြောနေတာကတင် လူအိုကြီးအပေါ်အပြစ်လုပ်မိသလို ခံစားရသည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now