ဖုန်းခေါ်ဆိုမှု

940 153 1
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၄၂ ။ ဖုန်းခေါ်ဆိုမှု

ချင်းမြောင်ရူက ခေတ်နောက်ကျနေတဲ့ အဝတ်စတွေကို ဝတ်စားနေဆဲပင်ဖြစ်သည်။ သူမ ဂိုဏ်းက ညီနောင်တွေကလည်း အရင်လို ဂတုံးပြောင်ပြောင်, တက်တူးအပြည့်နဲ့ လည်ပင်းမှာ ရွှေချိန်းကြိုးတွေဝတ်ထားတုန်းပင်။ ရဲစခန်းထဲရောက်နေတဲ့ သူတို့ရဲ့အပြင်အဆင်တွေက ရာဇဝတ်မှုကိုသတင်းလာပေးတဲ့ပုံထက် အာဏာပိုင်တွေဆီ လာအဖမ်းခံသလိုဖြစ်နေလေသည်။

ဒါပေမယ့် Hမြို့ ရဲစခန်းတွေက ရဲတွေအကုန် တရားမဝင်ခိုးကူးမှု /လူကုန်ကူးမှုကို ဖမ်းဆီးခဲ့တုန်းက ချင်းမြောင်ရူနဲ့ သူမရဲ့ဂိုဏ်းက ရဲတွေကို အများကြီးကူညီခဲ့ကြောင်း မှတ်မိနေသေးတာကြောင့်, သူတို့က စိတ်ထားကောင်းပေမယ့် ခေတ်နောက်ကျနေတဲ့ ဖက်ရှင်အမြင်ရှိနေတဲ့သူတွေဆိုတာ သိကြသည်။

ချင်းမြောင်ရူက ထောင်မုနဲ့ အရာရှိယောင်ဆီ အမြန်ပြေးလာခဲ့ကာ သူမအဖွဲ့က ညီနောင်တွေလည်း တန်းစီပြီးပါလာသည်။ သူမက ရှာတွေထားတဲ့ သဲလွန်စတွေကို ချက်ချင်းမပြောသေးဘဲ ထောင်မုဘက်ကိုကြည့်ပြီး ထူးထူးဆန်းဆန်း မေးလာခဲ့တယ်: "နင်ဘာလို့ ဖုန်းပိတ်ထားတာလဲ?"

"ဟမ်?" ထောင်မုသူ့ဖုန်းကို ထုတ်ကြည့်လိုက်တော့ ဘက်ထရီကုန်နေတာတွေ့လိုက်ရသည်။

သူ တလော့ဆီက အဆက်အသွယ်ရပြီးတာနဲ့, သူ ဒါရိုက်တာယွင်ဆီ ဆက်သွယ်လိုက်တယ်, ကျောင်းကနေ ခွင့်ယူလိုက်တယ်, Hမြို့ကို လေယာဉ်နဲ့လာတယ်, ဆေးရုံတန်းသွားပြီး ကုန်းကောနဲ့ သွားတွေ့တယ်, နောက်ဆုံး ရဲစခန်းကို အခြေအနေမေးမြန်းဖို့ရောက်လာခဲ့တာ။ တောက်လျှောက် မရပ်မနား သွားလာနေတာ ဆယ်နာရီကျော်လောက်ရှိမယ်။ နဂိုထဲက စမတ်ဖုန်းတွေရဲ့ ဘက်ထရီသိုလှောင်မှုက တခြားဖုန်းတွေထက် ပိုဆိုးနေတာကို။ ကံကောင်းစွာပဲ ထောင်မုက သူနဲ့အတူ ဖုန်းအားသွင်းကြိုးယူလာခဲ့သည်။

"ငါသွင်းပေးမယ်လေ" အရာရှိ ယောင်က ဖုန်းကို လှမ်းယူရင်း ထောင်မုအားသွင်းဖို့ ကူညီလိုက်သည်။ ဖုန်းပြန်ပွင့်သွားတာနဲ့, "တင် တင် တောင် တောင်" အသံတွေထွက်ပေါ်လာပြီး မကိုင်လိုက်ရတဲ့ ဖုန်းခေါ်ဆိုမှုတွေ ပေါ်လာခဲ့သည်။ အများဆုံးက ချင်းမြောင်ရူခေါ်ဆိုထားတာတွေပဲ, တမောက်၊ ရှောင်ဖန်းနဲ့ အစ်ကိုရှောင်ချီတို့လဲ ခေါ်ထားသေးသည်။ နောက်ဆုံးခေါ်ဆိုမှုကတော့ လီရှောင်းဟန်ဆီကဖြစ်သည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now