မဟာဗျူဟာ

850 151 1
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၄၄ ။ မဟာဗျူဟာ

ရှုန်းကျန်း၏ ပုံစံက အတော့်ကို ယုံကြည်ချက်ရှိနေသည်။ တကယ်လို့ ရှုန်းကျန်းက သည်ကိစ္စအတွက် တာဝန်ရှိသည့်သူတစ်ယောက်ဖြစ်သည်ဆိုလျှင်တောင် သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ရှိနေပုံကြောင့် သက်သေတွေကို သေချာရှင်းထုတ်ပြီးပြီဟု ယုံကြည်နေမှာဖြစ်သလို မည်သူ့ကိုမျှ သဲလွန်စတစွန်းတစရှာတွေ့ဖို့ ခွင့်ပြုမည်မဟုတ်ဟု ထောင်မု ခံစားမိသည်။

ရဲအရာရှိသည်လည်း ဤကဲ့သို့ အသေအချာတွေးမိသည်။ သည်အတွက် ရှုန်းကျန်းကို ခဏဖယ်ပြီး ယွီမိန်ကို စတင်မေးမြန်းလိုက်သည်။

ယွီမိန်က အလွန် စိတ်လှုပ်ရှားနေသည်။ သူ့ရဲ့ဝန်ခံချက်ကို အသံသွင်းနေစဉ်မှာ သူသည် တောက်လျှောက် ရှုန်းကျန်းအား ဒေါသတကြီးတိုက်ခိုက်နေသည်။ သူက "အရာရှိကြီး ၊ ရှင် ကျွန်မကို ယုံမှဖြစ်မယ်။ ကုန်းရီရှင်ရဲ့ မတော်တဆမှုက သူနဲ့တစ်ခုခု ပတ်ကို ပတ်သက်နေမှာ။ ကုန်းရီရှင် ဟောင်ကောင်ဒါရိုက်တာရဲ့ ဒုတိယဇာတ်လိုက်နေရာကို လူရွေးပွဲဝင်ဖြေမယ်လို့ သူ ကျွန်မပါးစပ်ကနေ ကြားပြီးကတည်းက ဒီကိစ္စကို အထူးတလည်ကို စိတ်ဝင်စားလာတာ။ အဲ့ဒီ့အကြောင်းလည်း တောက်လျှောက် မေးနေခဲ့တာ။
ဒီအကြောင်းကို လိုက်တောင်စုံစမ်းနေတယ်လို့ အခြားလူတွေပြောတာ ကျွန်မကြားခဲ့သေးတယ်။ နောက်ဆုံးကျ ကုန်းရီရှင်နဲ့ တစ်ဖွဲ့တည်းဖြစ်သွားတယ်လေ။ အဲ့ ကုန်းရီရှင် မတော်တဆမဖြစ်ခင်ညက သူ ကုန်းရီရှင်ကို သောက်ဖို့ခေါ်ခဲ့သေးတယ်။ ရလဒ်က နောက်နေ့ကျ ကုန်းရီရှင် ထိခိုက်မှုဖြစ်တော့တာပဲ။ သူ အကုန်လုံးစီစဉ်ထားပြီးသား ဖြစ်ရမယ်"

ယွီမိန်၏ ဖြောင့်ချက်ကို မှတ်တမ်းယူဖို့ တာဝန်ကျသည်က အရာရှိယောင် ဖြစ်သည်။ မတိုင်ခင်က MLM ပြန်ပေးမှုဖော်ထုတ်ပြီးသည်ကြောင့် အရာရှိယောင်သည် ကုန်းရီရှင်အပေါ် အမြင်ကောင်းရှိနေသည်။ ထို့အတွက် ဤအမှုနှင့်ဆက်စပ်ပြီးလည်း အတော်ကလေး စိုးရိမ်နေလေသည်။

"မင်းပြောတာက ရှုန်းကျန်းက ရည်ရွယ်ချက်ရှိရှိနဲ့ ကုန်းရီရှင် အက်စီးဒင့်ဖြစ်အောင် ဖန်တီးခဲ့တယ်လို့ပြောနေတာလား။ သက်သေတွေဘာတွေများ ရှိလား?"

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now