ဆေးရုံသို့ သတင်းမေးခြင်းနှင့် အသနားပိုခြင်း

949 117 1
                                    

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း၀၄၉ ။ ဆေးရုံသို့ သတင်းမေးခြင်းနှင့် အသနားပိုခြင်း

"ထောင်မု၊ မင်း တကယ် ငါ့ကိုလာတွေ့တယ်ပေါ့!" လူနာဆောင်ထဲတွင် လော့ယန်က ကုတင်ပေါ်မှာ လှဲနေရင်း ငြီးငွေ့စရာအခြေအနေကို ဖြေဖျောက်ဖို့ ဂိမ်းဆော့နေလေသည်။ သူ့ခြေထောက်က သူ့လူအိုကြီးဆီမှ ချိုးခံထားရပြီး သူ့သူငယ်ချင်းများကလည်း သူ့အဖေ၏ ခက်ထန်တင်းမာမှုကို ကြောက်ရွံ့ကြသည့်အတွက် သူ့ကို လာမတွေ့ရဲကြပေ။ သည်တော့ လော့ယန်မှာ တစ်ချိန်လုံး စိတ်ပျက်ဖွယ် ပျင်းရိနေရတော့သည်။

"လုံလောက်ပြီ၊ သူငယ်ချင်းထဲမှာ မင်းတစ်ယောက်ပဲ ငါ့ကိုသစ္စာရှိတာ။ ငါ့ညီအစ်ကိုတွေအုပ်စုက ငါ့အဖေ သူတို့ကို ဒေါသပုံချမှာ ကြောက်နေတာနဲ့ ငါ့ကိုလာမကြည့်ရဲကြဘူးလေ" လော့ယန်က မကျေမနပ်ပြောနေပြီး သူနာပြုကို သူ့ကုတင် ကူညီမြှင့်ပေးဖို့ အချက်ပြလိုက်သည်။ သူက ထောင်မုအား စိတ်အားထက်သန်စွာ မေးသည် "မင်း အသီးစားချင်လား? ငါ သူနာပြုကို မင်းအတွက် ပန်းသီးခွာပေးဖို့ ပြောလိုက်မယ်"

"မလိုဘူး" ထောင်မုက နွေးထွေးစွာ ပြုံးလိုက်ရင်း တီဗီစင် ဗီရိုဆီ လျှောက်သွားကာ သစ်သီးခြင်းကိုမချခင်အထိ အဆောင်ထဲ လှည့်ပတ်ဝေ့ကြည့်သည်။ သူက ဖန်ပန်းအိုးတစ်လုံးကို ကောက်ယူကာ ဝယ်လာသည့် လီလီပန်းတွေကို ထိုးလိုက်သည်။ သည့်နောက် လော့ယန်ကို မေးသည် "ငါမင်းကို ဘယ်လိုပြောလို့ မသင်ပေးလိုက်ဘူးလား? ဘာလို့ ရိုက်ခံရသေးတာလဲ?"

"အိုင်း.. ပြောမနေပါနဲ့တော့" လော့ယန်က သူ့လိုက်သူဝေ့ယမ်းလိုက်ပြီး သူကံမကောင်းသည်သာဖြစ်ကြောင်း ဝန်ခံလာသည် "ငါတို့မိသားစုက အဘိုးကြီးက စစ်ပြန်ကြီးလေ။ ပြီးတော့ အရမ်းလေးနက်တည်ကြည်တဲ့သူမျိုး။ သူအမုန်းဆုံးကိစ္စက ဒီလိုကိစ္စမျိုးကွ။ ကံကောင်းလို့ ငါ မင်းသင်ပေးတဲ့အတိုင်းပြောခဲ့လို့ပဲ။ ငါသာ အခြားနည်းနဲ့ရှင်းပြရင် ငါ့အဘိုးကြီးက ခြေထောက်ပဲချိုးမှာမဟုတ်လောက်ဘူး"

"ပြီးတော့ အခုထိကို ငါနဲ့ ပျော်နေကျ ဘော်ဒါတွေအကုန်လုံးကို ဒေါသထွက်နေတာ။ ငါသာ သူတို့နဲ့ ထပ်အပြင်ထွက်ရဲရင် မုန့်ဖိုးဖြတ်ပြီး ငါ့ဟာငါရှင်သန်ဖို့ဆိုပြီး ဥရောပကို ကန်လွှတ်မှာ" လော့ယန်သည် ဝမ်းနည်းပူဆွေးသောအမူအရာနှင့် ခေါင်းယမ်းလိုက်သည် "မင်းပြောကြည့်၊ သူက ငါ့အဖေအရင်းရော ဟုတ်ရဲ့လား?"

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now